1 Chronicles 11:3 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ယင်းသို့ဣသရေလအမျိုးသားခေါင်းဆောင် အပေါင်းတို့သည် ဟေဗြုန်မြို့ရှိဒါဝိဒ်မင်းထံ တော်သို့လာရောက်ကြသောအခါ မင်းကြီးသည် ထာဝရဘုရား၏ရှေ့တော်၌ထိုသူတို့နှင့်သစ္စာ မိတ်ဖွဲ့တော်မူ၏။ သူတို့သည်လည်းရှမွေလအား ဖြင့်ထာဝရဘုရားကတိပေးတော်မူခဲ့သည့် အတိုင်း ဒါဝိဒ်အားဘိသိက်ပေး၍ဣသရေလ ဘုရင်အဖြစ်ဖြင့်ချီးမြှောက်ကြ၏။
Burmese 1835 Version Judson
ထိုသို့ ဣသရေလအမျိုးအသက်ကြီးသူအပေါင်း တို့သည် ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ ရောက်လာလျှင်၊ ဒါဝိဒ်သည် ဟေဗြုန်မြို့၊ ထာဝရဘုရားရှေ့တော်မှာ သူတို့ နှင့် မိဿဟာယဖွဲ့၍၊ ရှမွေလအားဖြင့် ထာဝရဘုရား ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊ သူတို့သည် ဒါဝိဒ်ကို ဘိသိတ်ပေး၍ ဣသရေလရှင်ဘုရင်အရာ၌ ချီးမြှောက် ကြ၏။
Burmese 1928
ထို သို့ ဣ သ ရေ လ လူ ကြီး အ ပေါင်း တို့ သည် ဟေ ဗြုန် မြို့၌ စံ နေ သော ဘု ရင် မင်း ထံ တိုး ဝင် ပြီး လျှင် ၎င်း မြို့ တွင် ထာ ဝ ရ ဘု ရား ရှေ့ ဒါ ဝိဒ် မင်း နှင့် သ စ္စာ မိတ် ဖွဲ့ လျက် ရှ မွေ လ ဆင့် ဆို ခဲ့ သော ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် အ တိုင်း ဣ သ ရေ လ လူ မျိုး အ ပေါ် တွင် ရာ ဇ ဘိ သိက် ဖြင့် ချီး မြှင့် ကြ လေ ၏။
Burmese 2021
ထိုသို့ ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့သည် ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ရောက်လာလျှင်၊ ဒါဝိဒ်သည် ဟေဗြုန်မြို့၊ ထာဝရဘုရားရှေ့တော်မှာ သူတို့နှင့် မိတ်သဟာယဖွဲ့၍၊ ရှမွေလအားဖြင့် ထာဝရဘုရားဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊ သူတို့သည် ဒါဝိဒ်ကိုဘိသိက်ပေး၍ ဣသရေလရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။
Burmese JBZV
ထိုသို႔ ဣသေရလအမ်ိဳး အသက္ႀကီးသူအေပါင္းတို႔သည္ ရွင္ဘုရင္ရွိရာ ေဟျဗဳန္ၿမိဳ႕သို႔ေရာက္လာလၽွင္၊ ဒါဝိဒ္သည္ ေဟျဗဳန္ၿမိဳ႕၊ ထာဝရဘုရားေရွ႕ေတာ္မွာ သူတို႔ႏွင့္ မိတ္သဟာယဖြဲ႕၍၊ ရွေမြလအားျဖင့္ ထာဝရဘုရားဗ်ာဒိတ္ထားေတာ္မူသည္ႏွင့္အညီ၊ သူတို႔သည္ ဒါဝိဒ္ကိုဘိသိက္ေပး၍ ဣသေရလရွင္ဘုရင္အရာ၌ ခ်ီးေျမႇာက္ၾက၏။
Burmese MCLZV
ယင္းသို႔ဣသေရလအမ်ိဳးသားေခါင္းေဆာင္ အေပါင္းတို႔သည္ ေဟျဗဳန္ၿမိဳ႕ရွိဒါဝိဒ္မင္းထံ ေတာ္သို႔လာေရာက္ၾကေသာအခါ မင္းႀကီးသည္ ထာဝရဘုရား၏ေရွ႕ေတာ္၌ထိုသူတို႔ႏွင့္သစၥာ မိတ္ဖြဲ႕ေတာ္မူ၏။ သူတို႔သည္လည္းရွေမြလအား ျဖင့္ထာဝရဘုရားကတိေပးေတာ္မူခဲ့သည့္ အတိုင္း ဒါဝိဒ္အားဘိသိက္ေပး၍ဣသေရလ ဘုရင္အျဖစ္ျဖင့္ခ်ီးေျမႇာက္ၾက၏။
Burmese MSBU
အစ္စရေးသက်ကြီးဝါကြီးအပေါင်းတို့သည်လည်း ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ရောက်လာကြ၏။ ဟေဗြုန်မြို့တွင် ဒါဝိဒ်သည် ထာဝရဘုရားရှေ့တော်၌ သူတို့နှင့် ကတိသစ္စာပြုပြီးလျှင် ရှမွေလမှတစ်ဆင့် ထာဝရဘုရားမိန့်မှာထားတော်မူခဲ့သည့်အတိုင်း သူတို့သည် ဒါဝိဒ်ကို အစ္စရေးလူမျိုး၏ဘုရင်အဖြစ် ဘိသိက်ပေးကြ၏။
Burmese MSBZ
အစၥေရးသက္ႀကီးဝါႀကီးအေပါင္းတို႔သည္လည္း ရွင္ဘုရင္ရွိရာ ေဟျဗဳန္ၿမိဳ႕သို႔ေရာက္လာၾက၏။ ေဟျဗဳန္ၿမိဳ႕တြင္ ဒါဝိဒ္သည္ ထာဝရဘုရားေရွ႕ေတာ္၌ သူတို႔ႏွင့္ ကတိသစၥာျပဳၿပီးလွ်င္ ရွေမြလမွတစ္ဆင့္ ထာဝရဘုရားမိန႔္မွာထားေတာ္မူခဲ့သည့္အတိုင္း သူတို႔သည္ ဒါဝိဒ္ကို အစၥေရးလူမ်ိဳး၏ဘုရင္အျဖစ္ ဘိသိက္ေပးၾက၏။