1 Chronicles 12:38 — Compare Translations

7 translations compared side by side

Burmese (BCL) (Common Language Bible)
တိုက်​ပွဲ​ဝင်​ရန်​အ​သင့်​ရှိ​သော​ဤ​စစ်​သူ​ရဲ အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်​အား​ဣ​သ​ရေ​လ​နိုင်​ငံ တစ်​ဝှမ်း​လုံး​ကို​အ​စိုး​ရ​သော​ဘု​ရင်​အ​ဖြစ်​ဖြင့် ချီး​မြှောက်​ကြ​ရန်​သန္နိ​ဋ္ဌာန်​ပြု​လျက်​ဟေ​ဗြုန်​မြို့ သို့​သွား​ကြ​၏။ ကျန်​ဣ​သ​ရေ​လ​ပြည်​သား အ​ပေါင်း​တို့​သည်​လည်း ထို​ရည်​ရွယ်​ချက် ဖြင့်​တစ်​စိတ်​တစ်​သ​ဘော​တည်း​ရှိ​ကြ​၏။-
Burmese 1835 Version Judson
စစ်အခင်းအကျင်းမပျက်၊ တိုက်တတ်သောသူ၊ အထက်ဆိုခဲ့ပြီး သောသူအပေါင်းတို့သည် ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ ကြည်ညိုသော စိတ်အားကြီး၍ ဟေဗြုန်မြို့သို့ လာကြ၏။ ကျန်ကြွင်း သော ဣသရေလအမျိုးသားအပေါင်းတို့သည်၊ ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ချင်သော စိတ်သဘော တညီ တညွတ်တည်း ရှိကြ၏။
Burmese 1928
ထို သူ အ ပေါင်း တို့ သည် စစ် ခင်း ကျင်း ခြင်း ကျွမ်း ကျင် သော သူ များ ဖြစ် လျက် ဣ သ ရေ လ တစ် မျိုး လုံး အ ပေါ် တွင် ဒါ ဝိဒ် ကို မင်း မြှောက် ခြင်း ငှာ စိတ် ပါ ကိုယ် ရောက် ဟေ ဗြုန် မြို့ သို့ ရောက် လာ၍ ကြွင်း ကျန် သော ဣ သ ရေ လ လူ မျိုး တို့ လည်း ဒါ ဝိဒ် ကို မင်း မြှောက် ရန် သ ဘော တူ ညီ ကြ ၏။
Burmese 2021
စစ်​အ​ခင်း​အ​ကျင်း​မ​ပျက်၊ တိုက်​တတ်​သော​သူ၊ အ​ထက်​ဆို​ခဲ့​ပြီး သော​သူ​အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ခြင်း​ငှာ ကြည်​ညို​သော​စိတ်​အား​ကြီး၍ ဟေ​ဗြုန်​မြို့​သို့ လာ​ကြ၏။ ကျန်​ကြွင်း​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ ဒါ​ဝိဒ်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ချင်​သော စိတ်​သ​ဘော တ​ညီ​တ​ညွတ်​တည်း ရှိ​ကြ၏။
Burmese JBZV
စစ္​အ​ခင္း​အ​က်င္း​မ​ပ်က္၊ တိုက္​တတ္​ေသာ​သူ၊ အ​ထက္​ဆို​ခဲ့​ၿပီး ေသာ​သူ​အ​ေပါင္း​တို႔​သည္ ဒါ​ဝိဒ္​ကို ရွင္​ဘု​ရင္​အ​ရာ၌ ခ်ီး​ေျမႇာက္​ျခင္း​ငွာ ၾကည္​ညိဳ​ေသာ​စိတ္​အား​ႀကီး၍ ေဟ​ျဗဳန္​ၿမိဳ႕​သို႔ လာ​ၾက၏။ က်န္​ႂကြင္း​ေသာ ဣ​သ​ေရ​လ​အ​မ်ိဳး​သား​အ​ေပါင္း​တို႔​သည္၊ ဒါ​ဝိဒ္​ကို ရွင္​ဘု​ရင္​အ​ရာ၌ ခ်ီး​ေျမႇာက္​ခ်င္​ေသာ စိတ္​သ​ေဘာ တ​ညီ​တ​ညြတ္​တည္း ရွိ​ၾက၏။
Burmese MSBU
ဤ​စစ်သူရဲ​အားလုံး​တို့​သည် စစ်မြေပြင်​တွင် အမိန့်​ကို စိတ်နှလုံး​အကြွင်းမဲ့​နာခံ​တတ်​သူ​များ ဖြစ်​၏​။ ဒါဝိဒ်​ကို အစ္စရေး​တစ်မျိုးနွယ်လုံး​၏​ဘုရင်​အဖြစ် တင်မြှောက်​ရန် ဟေဗြုန်​မြို့​သို့ ရောက်လာ​ကြ​သူ​များ​လည်း ဖြစ်​၏​။ ကျန်​အစ္စရေး​လူမျိုး​အပေါင်း​တို့​သည်​လည်း ဒါဝိဒ်​ကို မင်းမြှောက်​ရန် တစ်စိတ်တစ်သဘောတည်း​ရှိ​ကြ​၏​။
Burmese MSBZ
ဤ​စစ္သူရဲ​အားလုံး​တို႔​သည္ စစ္ေျမျပင္​တြင္ အမိန႔္​ကို စိတ္ႏွလုံး​အႂကြင္းမဲ့​နာခံ​တတ္​သူ​မ်ား ျဖစ္​၏​။ ဒါဝိဒ္​ကို အစၥေရး​တစ္မ်ိဳးႏြယ္လုံး​၏​ဘုရင္​အျဖစ္ တင္ေျမႇာက္​ရန္ ေဟျဗဳန္​ၿမိဳ႕​သို႔ ေရာက္လာ​ၾက​သူ​မ်ား​လည္း ျဖစ္​၏​။ က်န္​အစၥေရး​လူမ်ိဳး​အေပါင္း​တို႔​သည္​လည္း ဒါဝိဒ္​ကို မင္းေျမႇာက္​ရန္ တစ္စိတ္တစ္သေဘာတည္း​ရွိ​ၾက​၏​။