1 Chronicles 13:2 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထိုနောက်စုရုံးလျက်ရှိသောဣသရေလပြည် သားတို့အား``သင်တို့သဘောတူညီ၍ငါတို့ ဘုရားသခင်ထာဝရဘုရားကလည်းအလို တော်ရှိမည်ဆိုပါက ကျန်ရှိနေသောအခြား ငါတို့အမျိုးသားအပေါင်းနှင့်မြို့ရွာများ ရှိယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင် များအား ဤအရပ်သို့အရောက်စုဝေးကြ ရန်စေတမန်များလွှတ်၍ခေါ်ဖိတ်ကြ ကုန်အံ့။-
Burmese 1835 Version Judson
ဣသရေလအမျိုး ပရိသတ်အပေါင်းတို့အား၊ သင်တို့သည် အလိုရှိ၍ ငါတို့၏ဘုရားသခင်ထာဝရဘုရား အခွင့်ပေးတော်မူလျှင်၊ ဣသရေလနိုင်ငံအရပ်ရပ်၌ ကျန်ကြွင်းသေးသော ငါတို့ညီအစ်ကိုများ၊ မြို့နှင့်မြို့နယ်၌ နေသော ယဇ်ပုရောဟိတ်၊ လေဝိသားများတို့သည် ငါတို့ နှင့်အတူ စည်းဝေးစေခြင်းငှါ အနှံ့အပြားစေလွှတ်ကြ ကုန်အံ့။
Burmese 1928
ဣ သ ရေ လ လူ ပ ရိ သတ် အား မိန့် ဆို သည် မှာ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ခွင့် ပြု တော် မူ၍ သင် တို့ သ ဘော တူ ကြ လျှင် ဣ သ ရေ လ ပြည် လုံး နှံ့ ကြွင်း ကျန် သော ငါ တို့ ဆွေ မျိုး သား ချင်း တို့ နှင့် အ တူ ဝ တ္ထု ကံ မြေ ရှိ မြို့ များ၌ နေ ထိုင် သူ ပ ရော ဟိတ် နှင့် လေ ဝိ ဂိုဏ်း သား တို့ ကို ရှော လု မင်း လက် ထက် ငါ တို့ မ ရှာ သော ထာ ဝ ရ ဘုရား ၏ သေ တ္တာ တော် ကို ပင့် ဆောင် ရန် စု ဝေး စေ ကြ ကုန် အံ့ ဟု မိန့် ဆို သည် အ တိုင်း၊
Burmese 2021
ဣသရေလ အမျိုးပရိသတ်အပေါင်းတို့အား၊ သင်တို့သည် အလိုရှိ၍ ငါတို့၏ဘုရားသခင် ထာဝရဘုရားအခွင့်ပေးတော်မူလျှင်၊ ဣသရေလ နိုင်ငံအရပ်ရပ်၌ ကျန်ကြွင်းသေးသော ငါတို့ညီအစ်ကိုများ၊ မြို့နှင့် မြို့နယ်၌နေသော ယဇ်ပုရောဟိတ်၊ လေဝိသားများတို့သည် ငါတို့နှင့်အတူ စည်းဝေးစေခြင်းငှာ အနှံ့အပြားစေလွှတ်ကြကုန်အံ့။
Burmese JBZV
ဣသေရလ အမ်ိဳးပရိသတ္အေပါင္းတို႔အား၊ သင္တို႔သည္ အလိုရွိ၍ ငါတို႔၏ဘုရားသခင္ ထာဝရဘုရားအခြင့္ေပးေတာ္မူလၽွင္၊ ဣသေရလ နိုင္ငံအရပ္ရပ္၌ က်န္ႂကြင္းေသးေသာ ငါတို႔ညီအစ္ကိုမ်ား၊ ၿမိဳ႕ႏွင့္ ၿမိဳ႕နယ္၌ေနေသာ ယဇ္ပုေရာဟိတ္၊ ေလဝိသားမ်ားတို႔သည္ ငါတို႔ႏွင့္အတူ စည္းေဝးေစျခင္းငွာ အႏွံ့အျပားေစလႊတ္ၾကကုန္အံ့။
Burmese MCLZV
ထိုေနာက္စု႐ုံးလ်က္ရွိေသာဣသေရလျပည္ သားတို႔အား``သင္တို႔သေဘာတူညီ၍ငါတို႔ ဘုရားသခင္ထာဝရဘုရားကလည္းအလို ေတာ္ရွိမည္ဆိုပါက က်န္ရွိေနေသာအျခား ငါတို႔အမ်ိဳးသားအေပါင္းႏွင့္ၿမိဳ႕ရြာမ်ား ရွိယဇ္ပုေရာဟိတ္မ်ား၊ ေလဝိအႏြယ္ဝင္ မ်ားအား ဤအရပ္သို႔အေရာက္စုေဝးၾက ရန္ေစတမန္မ်ားလႊတ္၍ေခၚဖိတ္ၾက ကုန္အံ့။-
Burmese MSBU
အစ္စရေးလူထုတစ်ရပ်လုံးအား “သင်တို့သဘောတူမည်၊ ငါတို့၏ဘုရားသခင်ထာဝရဘုရားလည်း အခွင့်ပေးမည်ဆိုလျှင် အစ္စရေးပြည်တစ်ပြည်လုံးမှ ကျန်နေသောညီအစ်ကိုတို့မှစ၍ မြို့များနှင့်ဝန်းကျင်ရှိစားကျက်မြေတို့တွင်နေထိုင်ကြသော ယဇ်ပုရောဟိတ်များ၊ လေဝိလူများရှိရာနေရာအနှံ့အပြားသို့ လူကိုစေလွှတ်၍ အကျွန်ုပ်တို့နှင့် လာရောက်ပူးပေါင်းစေမည်။
Burmese MSBZ
အစၥေရးလူထုတစ္ရပ္လုံးအား “သင္တို႔သေဘာတူမည္၊ ငါတို႔၏ဘုရားသခင္ထာဝရဘုရားလည္း အခြင့္ေပးမည္ဆိုလွ်င္ အစၥေရးျပည္တစ္ျပည္လုံးမွ က်န္ေနေသာညီအစ္ကိုတို႔မွစ၍ ၿမိဳ႕မ်ားႏွင့္ဝန္းက်င္ရွိစားက်က္ေျမတို႔တြင္ေနထိုင္ၾကေသာ ယဇ္ပုေရာဟိတ္မ်ား၊ ေလဝိလူမ်ားရွိရာေနရာအႏွံ႔အျပားသို႔ လူကိုေစလႊတ္၍ အကြၽႏ္ုပ္တို႔ႏွင့္ လာေရာက္ပူးေပါင္းေစမည္။