1 Chronicles 15:16 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ဒါဝိဒ်မင်းသည်စောင်းများ၊ လင်းကွင်းများဖြင့် ပျော်ရွှင်ဖွယ်ကောင်းသောသီချင်းများသီဆို တီးမှုတ်ရန် လေဝိအနွယ်ဝင်အသီးသီးတို့ ကိုတာဝန်ပေးအပ်မည့်အကြောင်း ထိုသူတို့ ၏ခေါင်းဆောင်များအားအမိန့်ပေးတော်မူ၏။-
Burmese 1835 Version Judson
လေဝိသားအကြီးအကဲတို့သည် စောင်း၊ တယော၊ ခွက်ကွင်းအစရှိသော တုရိယာမျိုးနှင့် သီချင်းဆိုတတ် သော ညီအစ်ကိုတို့ကို ဝမ်းမြောက်စွာ အသံပြိုင် ဆိုစေခြင်းငှါ ခန့်ထားရမည်အကြောင်း အမိန့်တော်ရှိ သည်အတိုင်း၊
Burmese 1928
လေ ဝိ ဂိုဏ်း သား အ ကြီး အ ကဲ တို့ လည်း တ ယော၊ စောင်း၊ ခွက် ကွင်း စ သော တု ရိ ယာ မျိုး နှင့် သီ ဆို တတ် သူ ဆွေ မျိုး သား ချင်း တို့ ကို ခြိမ့် ခြိမ့် မွမ်း အောင် ရွှင် လန်း စွာ တီး ဆို အံ့ သော ငှါ ခန့် ထား ကြ ရ မည့် အ ကြောင်း၊ ဒါ ဝိဒ် မင်း ထုတ် ဆင့် သည့် အ တိုင်း
Burmese 2021
လေဝိသား အကြီးအကဲတို့သည် စောင်း၊ တယော၊ ခွက်ကွင်းအစရှိသော တူရိယာမျိုးနှင့် သီချင်းဆိုတတ်သော ညီအစ်ကိုတို့ကို ဝမ်းမြောက်စွာ အသံပြိုင်ဆိုစေခြင်းငှာ ခန့်ထားရမည်အကြောင်း အမိန့်တော်ရှိသည်အတိုင်း၊
Burmese JBZV
ေလဝိသား အႀကီးအကဲတို႔သည္ ေစာင္း၊ တေယာ၊ ခြက္ကြင္းအစရွိေသာ တူရိယာမ်ိဳးႏွင့္ သီခ်င္းဆိုတတ္ေသာ ညီအစ္ကိုတို႔ကို ဝမ္းေျမာက္စြာ အသံၿပိဳင္ဆိုေစျခင္းငွာ ခန္႔ထားရမည္အေၾကာင္း အမိန္႔ေတာ္ရွိသည္အတိုင္း၊
Burmese MCLZV
ဒါဝိဒ္မင္းသည္ေစာင္းမ်ား၊ လင္းကြင္းမ်ားျဖင့္ ေပ်ာ္ရႊင္ဖြယ္ေကာင္းေသာသီခ်င္းမ်ားသီဆို တီးမွုတ္ရန္ ေလဝိအႏြယ္ဝင္အသီးသီးတို႔ ကိုတာဝန္ေပးအပ္မည့္အေၾကာင္း ထိုသူတို႔ ၏ေခါင္းေဆာင္မ်ားအားအမိန႔္ေပးေတာ္မူ၏။-
Burmese MSBU
ဒါဝိဒ်မင်းကြီးက လေဝိအမျိုးအကြီးအကဲတို့အား စောင်းပြား၊ စောင်းကောက်၊ လင်းကွင်းစသောတူရိယာတို့ဖြင့် အားရဝမ်းမြောက်စွာသီဆိုနိုင်သော သူတို့၏ဆွေမျိုးသားချင်းတို့ကို သီချင်းသည်အဖြစ် ခွဲခန့်ထားရန် အမိန့်ပေးထား၏။
Burmese MSBZ
ဒါဝိဒ္မင္းႀကီးက ေလဝိအမ်ိဳးအႀကီးအကဲတို႔အား ေစာင္းျပား၊ ေစာင္းေကာက္၊ လင္းကြင္းစေသာတူရိယာတို႔ျဖင့္ အားရဝမ္းေျမာက္စြာသီဆိုႏိုင္ေသာ သူတို႔၏ေဆြမ်ိဳးသားခ်င္းတို႔ကို သီခ်င္းသည္အျဖစ္ ခြဲခန႔္ထားရန္ အမိန႔္ေပးထား၏။