1 Chronicles 20:3 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထိုမြို့မှလူတို့ကိုခေါ်ဆောင်ပြီးလျှင် လွှ၊ ပေါက်တူး၊ ပုဆိန်တို့ဖြင့်လုပ်ရသောအလုပ် ကြမ်းများကိုလုပ်စေလေသည်။ ဒါဝိဒ်သည် အမ္မုန်ပြည်ရှိအခြားမြို့များမှလူတို့ ကိုလည်းဤနည်းအတိုင်းပင်ပြုတော်မူ ပြီးလျှင် မိမိ၏တပ်မတော်သားများနှင့် အတူယေရုရှလင်မြို့သို့ပြန်သွား တော်မူ၏။
Burmese 1835 Version Judson
မြို့သားတို့ကိုလည်း ထုတ်၍လွှတိုက်မှု၊သံထွန်၊ သံပုဆိန်နှင့် လုပ်မှုကိုလုပ်စေ၏။ထိုသို့ ဒါဝိဒ်သည် အမ္မုန် မြို့သူရွာသားအပေါင်းတို့၌ ပြုပြီးမှ၊ လူအပေါင်းတို့နှင့် အတူ ယေရုရှလင်မြို့သို့ ပြန်လေ၏။
Burmese 1928
မြို့ သား တို့ ကို ခေါ် ထုတ်၍ လွှ၊ သံ ထွန်၊ ပု ဆိန် များ ဖြင့် ကွပ် မျက် လေ၏။ အ မ္မုန် အ မျိုး သား တို့ မြို့ ရွာ ရှိ သ မျှ ၌ ထို သို့ စီ ရင် ပြီး မှ ဒါ ဝိဒ် မင်း သည် ဗိုလ် ထု အ လုံး အ ရင်း နှင့် တ ကွ ယေ ရု ရှ လင် မြို့ သို့ ပြန် ချီ လေ ၏။
Burmese 2021
မြို့သားတို့ကိုလည်း ထုတ်၍ လွှတိုက်မှု၊ သံထွန်၊ သံပုဆိန်နှင့် လုပ်မှုကိုလုပ်စေ၏။ ထိုသို့ ဒါဝိဒ်သည် အမ္မုန်မြို့သူ ရွာသားအပေါင်းတို့၌ ပြုပြီးမှ၊ လူအပေါင်းတို့နှင့်အတူ ယေရုရှလင်မြို့သို့ ပြန်လေ၏။
Burmese JBZV
ၿမိဳ႕သားတို႔ကိုလည္း ထုတ္၍ လႊတိုက္မွု၊ သံထြန္၊ သံပုဆိန္ႏွင့္ လုပ္မွုကိုလုပ္ေစ၏။ ထိုသို႔ ဒါဝိဒ္သည္ အမၼဳန္ၿမိဳ႕သူ ရြာသားအေပါင္းတို႔၌ ျပဳၿပီးမွ၊ လူအေပါင္းတို႔ႏွင့္အတူ ေယ႐ုရွလင္ၿမိဳ႕သို႔ ျပန္ေလ၏။
Burmese MCLZV
ထိုၿမိဳ႕မွလူတို႔ကိုေခၚေဆာင္ၿပီးလၽွင္ လႊ၊ ေပါက္တူး၊ ပုဆိန္တို႔ျဖင့္လုပ္ရေသာအလုပ္ ၾကမ္းမ်ားကိုလုပ္ေစေလသည္။ ဒါဝိဒ္သည္ အမၼဳန္ျပည္ရွိအျခားၿမိဳ႕မ်ားမွလူတို႔ ကိုလည္းဤနည္းအတိုင္းပင္ျပဳေတာ္မူ ၿပီးလၽွင္ မိမိ၏တပ္မေတာ္သားမ်ားႏွင့္ အတူေယ႐ုရွလင္ၿမိဳ႕သို႔ျပန္သြား ေတာ္မူ၏။
Burmese MSBU
မြို့သားတို့ကိုလည်းခေါ်ဆောင်သွားပြီး လွှတိုက်၊ သံထွန်၊ ပုဆိန်ပေါက်အလုပ်တို့ကို လုပ်စေ၏။ ဒါဝိဒ်မင်းကြီးသည် အမ္မုန်အမျိုးသားတို့၏မြို့ရွာတိုင်း၌ ထိုသို့ပြုလေ၏။ ထို့နောက် ဒါဝိဒ်မင်းကြီးနှင့်စစ်သည်အပေါင်းတို့သည် ဂျေရုဆလင်မြို့သို့ ပြန်လာကြ၏။
Burmese MSBZ
ၿမိဳ႕သားတို႔ကိုလည္းေခၚေဆာင္သြားၿပီး လႊတိုက္၊ သံထြန္၊ ပုဆိန္ေပါက္အလုပ္တို႔ကို လုပ္ေစ၏။ ဒါဝိဒ္မင္းႀကီးသည္ အမၼဳန္အမ်ိဳးသားတို႔၏ၿမိဳ႕႐ြာတိုင္း၌ ထိုသို႔ျပဳေလ၏။ ထို႔ေနာက္ ဒါဝိဒ္မင္းႀကီးႏွင့္စစ္သည္အေပါင္းတို႔သည္ ေဂ်႐ုဆလင္ၿမိဳ႕သို႔ ျပန္လာၾက၏။