1 Chronicles 27:1 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ဘု​ရင်​၏​အ​မှု​တော်​ကို​ထမ်း​ရွက်​ရ​သူ ဣ​သ​ရေ​လ အ​မျိုး​သား​အိမ်​ထောင်​ဦး​စီး​များ၊ သား​ချင်း​စု ခေါင်း​ဆောင်​များ​နှင့်​နိုင်​ငံ​တော်​အုပ်​ချုပ်​ရေး အ​ရာ​ရှိ​များ​စာ​ရင်း​မှာ​အောက်​ပါ​အ​တိုင်း ဖြစ်​၏။ သူ​တို့​သည်​လူ​ပေါင်း​နှစ်​သောင်း​လေး ထောင်​စီ​ရှိ​သည့်​အ​ဖွဲ့​များ​ဖွဲ့​၍​တစ်​လ​လျှင် တစ်​ဖွဲ့​တာ​ဝန်​ယူ​ရ​ကြ​၏။ ထို​အ​ဖွဲ့​တိုင်း​ကို သက်​ဆိုင်​ရာ​တပ်​မ​ဟာ​မှူး​တစ်​ယောက်​က ကွပ်​ကဲ​အုပ်​ချုပ်​လေ​သည်။
Burmese 1835 Version Judson
ရှင်ဘုရင်အမှုတော်ကို စောင့်သောဣသရေလ အမျိုးသားတို့သည် အဆွေအမျိုးသူကြီး၊ လူတထောင် အုပ်၊ တရာအုပ်၊ အရာရှိတို့နှင့်တကွ၊ တနှစ်တွင်တဆယ် နှစ်လအစဉ်အတိုင်း တပ်ဖွဲ့၍၊ တလစီတလစီအလှည့် လှည့်စောင့်ရသော တပ်သားအမှုထမ်းနှစ်သောင်း လေးထောင်စီရှိကြ၏။
Burmese 1928
တစ် နှစ် အ တွင်း လ စဉ် အ မှု တော် ကို ထမ်း ဆောင် ရန် ဘု ရင် မင်း ထံ အ လှည့် ကျ ဝင် ထွက် ရ သူ ဣ သ ရေ လ လူ မျိုး အိမ် ထောင် အ အုပ် အ ချုပ် များ၊ ထောင် တပ် မှူး၊ ရာ တပ် မှူး များ နှင့် ဗိုလ် မှူး တို့ စာ ရင်း ကား တစ် လှည့် တွင် နှစ် သောင်း လေး ထောင် ဖြစ် သ တည်း။
Burmese 2021
ရှင်​ဘု​ရင်​အ​မှု​တော်​ကို စောင့်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​သူ​ကြီး၊ လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ အ​ရာ​ရှိ​တို့​နှင့်​တ​ကွ၊ တစ်​နှစ်​တွင် တစ်​ဆယ်​နှစ်​လ အ​စဉ်​အ​တိုင်း တပ်​ဖွဲ့၍၊ တစ်​လ​စီ​တစ်​လ​စီ အ​လှည့်​လှည့်​စောင့်​ရ​သော တပ်​သား​အ​မှု​ထမ်း နှစ်​သောင်း​လေး​ထောင်​စီ ရှိ​ကြ၏။
Burmese JBZV
ရွင္​ဘု​ရင္​အ​မွု​ေတာ္​ကို ေစာင့္​ေသာ ဣ​သ​ေရ​လ​အ​မ်ိဳး​သား​တို႔​သည္ အ​ေဆြ​အ​မ်ိဳး​သူ​ႀကီး၊ လူ​တစ္​ေထာင္​အုပ္၊ တစ္​ရာ​အုပ္၊ အ​ရာ​ရွိ​တို႔​ႏွင့္​တ​ကြ၊ တစ္​ႏွစ္​တြင္ တစ္​ဆယ္​ႏွစ္​လ အ​စဥ္​အ​တိုင္း တပ္​ဖြဲ႕၍၊ တစ္​လ​စီ​တစ္​လ​စီ အ​လွည့္​လွည့္​ေစာင့္​ရ​ေသာ တပ္​သား​အ​မွု​ထမ္း ႏွစ္​ေသာင္း​ေလး​ေထာင္​စီ ရွိ​ၾက၏။
Burmese MCLZV
ဘု​ရင္​၏​အ​မွု​ေတာ္​ကို​ထမ္း​ရြက္​ရ​သူ ဣ​သ​ေရ​လ အ​မ်ိဳး​သား​အိမ္​ေထာင္​ဦး​စီး​မ်ား၊ သား​ခ်င္း​စု ေခါင္း​ေဆာင္​မ်ား​ႏွင့္​နိုင္​ငံ​ေတာ္​အုပ္​ခ်ဳပ္​ေရး အ​ရာ​ရွိ​မ်ား​စာ​ရင္း​မွာ​ေအာက္​ပါ​အ​တိုင္း ျဖစ္​၏။ သူ​တို႔​သည္​လူ​ေပါင္း​ႏွစ္​ေသာင္း​ေလး ေထာင္​စီ​ရွိ​သည့္​အ​ဖြဲ႕​မ်ား​ဖြဲ႕​၍​တစ္​လ​လၽွင္ တစ္​ဖြဲ႕​တာ​ဝန္​ယူ​ရ​ၾက​၏။ ထို​အ​ဖြဲ႕​တိုင္း​ကို သက္​ဆိုင္​ရာ​တပ္​မ​ဟာ​မွူး​တစ္​ေယာက္​က ကြပ္​ကဲ​အုပ္​ခ်ဳပ္​ေလ​သည္။
Burmese MSBU
နှစ်​တစ်​နှစ်​တွင် တပ်ဖွဲ့​အလိုက် ရှင်ဘုရင်​၏​အမှုကိစ္စ​အလုံးစုံ​ကို တစ်လစီ​အလှည့်ကျ​ထမ်းဆောင်​သော အစ္စရေး​အမျိုးသား​တို့​၏​စာရင်း​မှာ တပ်ဖွဲ့​တစ်ဖွဲ့​တွင် ဘိုးဘေး​အိမ်ထောင်စု​တို့​၏​အကြီးအမှူး​များ​၊ တပ်မှူး​များ​၊ လူ​တစ်ထောင်​အုပ်​၊ လူ​တစ်ရာ​အုပ်​နှင့် သူ​တို့​ကို ကြီးကြပ်အုပ်ချုပ်​သော​သူ​များ ပါဝင်​၍ လူ​ပေါင်း​နှစ်​သောင်း​လေး​ထောင်​ပါ​၏​။
Burmese MSBZ
ႏွစ္​တစ္​ႏွစ္​တြင္ တပ္ဖြဲ႕​အလိုက္ ရွင္ဘုရင္​၏​အမႈကိစၥ​အလုံးစုံ​ကို တစ္လစီ​အလွည့္က်​ထမ္းေဆာင္​ေသာ အစၥေရး​အမ်ိဳးသား​တို႔​၏​စာရင္း​မွာ တပ္ဖြဲ႕​တစ္ဖြဲ႕​တြင္ ဘိုးေဘး​အိမ္ေထာင္စု​တို႔​၏​အႀကီးအမႉး​မ်ား​၊ တပ္မႉး​မ်ား​၊ လူ​တစ္ေထာင္အုပ္​၊ လူ​တစ္ရာ​အုပ္​ႏွင့္ သူ​တို႔​ကို ႀကီးၾကပ္အုပ္ခ်ဳပ္​ေသာ​သူ​မ်ား ပါဝင္​၍ လူ​ေပါင္း​ႏွစ္ေသာင္းေလးေထာင္​ပါ​၏​။