1 Chronicles 28:1 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ဒါဝိဒ်သည်ဣသရေလအမျိုးသားအရာရှိ အပေါင်းတို့ကို ယေရုရှလင်မြို့တွင်စုရုံးစေ တော်မူ၏။ လူမျိုးနွယ်တို့ကိုအုပ်ချုပ်ရသူ အရာရှိအပေါင်းနှင့် နိုင်ငံအုပ်ချုပ်မှုတာဝန် ကိုထမ်းဆောင်ရသူအရာရှိအပေါင်းသည် လည်းကောင်း၊ သားချင်းစုခေါင်းဆောင်များ၊ ဘုရင်နှင့်သားတော်များ၏ဥစ္စာပစ္စည်း၊ မြည်း၊ နွားအစရှိသောတိရစ္ဆာန်များကိုကြီးကြပ် ထိန်းသိမ်းရကြသူတို့သည်လည်းကောင်း စုရုံးကြ၏။ တစ်နည်းအားဖြင့်နန်းတော် အရာရှိများ၊ ထင်ရှားသောစစ်သူရဲကြီး များနှင့်အရေးပါအရာရောက်သူရှိ သမျှတို့သည်ယေရုရှလင်မြို့တွင်စုရုံး ကြကုန်၏။
Burmese 1835 Version Judson
တဖန်ဒါဝိဒ်မင်းသည် ဣသရေလမင်းများတည်း ဟူသော အမျိုးအသီးအသီးကို အုပ်သောမင်း၊ အလှည့် လှည့်အမှုတော်ကို စောင့်သော တပ်မှူးဗိုလ်မင်း၊ လူ တထောင်အုပ်၊ တရာအုပ်၊ ရှင်ဘုရင်၏ဘဏ္ဍာစိုး၊ သား တော်၏ဘဏ္ဍာစိုး၊ ခွန်အားရှိသောသူရဲ အကြီးအကဲ အရာရှိ အပေါင်းတို့ကို ယေရုရှလင်မြို့မှာ စုဝေးစေတော် မူ၏။
Burmese 1928
တစ် ဖန် ဒါ ဝိဒ် မင်း သည် ဣ သ ရေ လ အ မျိုး အ နွယ် တို့ ဦး စီး ဦး ကိုင် အ လှည့် ကျ အ မှု တော် ထမ်း ဗိုလ် မှူး၊ ထောင် တပ် မှူး၊ ရာ တပ် မှူး၊ ဘု ရင် မင်း နှင့် သား တော် တို့ ပိုင် သက် ရှိ သက် မဲ့ ဘ ဏ္ဍာ တော် ဝန် တည်း ဟူ သော မှူး တော် မတ် တော် တို့ မှ စ၍ မိန်း မ စိုး များ နှင့် စစ် ခေါင်း မာ သူ အ ပေါင်း တို့ ကို ယေ ရု ရှ လင် မြို့ တွင် စု ဝေး စေ ပြီး လျှင်၊
Burmese 2021
တစ်ဖန် ဒါဝိဒ်မင်းသည် ဣသရေလမင်းများတည်းဟူသော အမျိုးအသီးအသီးကို အုပ်သောမင်း၊ အလှည့်လှည့် အမှုတော်ကိုစောင့်သော တပ်မှူးဗိုလ်မင်း၊ လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ရှင်ဘုရင်၏ဘဏ္ဍာစိုး၊ သားတော်၏ဘဏ္ဍာစိုး၊ ခွန်အားရှိသော သူရဲအကြီးအကဲ အရာရှိအပေါင်းတို့ကို ယေရုရှလင်မြို့မှာ စုဝေးစေတော်မူ၏။
Burmese JBZV
တစ္ဖန္ ဒါဝိဒ္မင္းသည္ ဣသေရလမင္းမ်ားတည္းဟူေသာ အမ်ိဳးအသီးအသီးကို အုပ္ေသာမင္း၊ အလွည့္လွည့္ အမွုေတာ္ကိုေစာင့္ေသာ တပ္မွူးဗိုလ္မင္း၊ လူတစ္ေထာင္အုပ္၊ တစ္ရာအုပ္၊ ရွင္ဘုရင္၏ဘ႑ာစိုး၊ သားေတာ္၏ဘ႑ာစိုး၊ ခြန္အားရွိေသာ သူရဲအႀကီးအကဲ အရာရွိအေပါင္းတို႔ကို ေယ႐ုရွလင္ၿမိဳ႕မွာ စုေဝးေစေတာ္မူ၏။
Burmese MCLZV
ဒါဝိဒ္သည္ဣသေရလအမ်ိဳးသားအရာရွိ အေပါင္းတို႔ကို ေယ႐ုရွလင္ၿမိဳ႕တြင္စု႐ုံးေစ ေတာ္မူ၏။ လူမ်ိဳးႏြယ္တို႔ကိုအုပ္ခ်ဳပ္ရသူ အရာရွိအေပါင္းႏွင့္ နိုင္ငံအုပ္ခ်ဳပ္မွုတာဝန္ ကိုထမ္းေဆာင္ရသူအရာရွိအေပါင္းသည္ လည္းေကာင္း၊ သားခ်င္းစုေခါင္းေဆာင္မ်ား၊ ဘုရင္ႏွင့္သားေတာ္မ်ား၏ဥစၥာပစၥည္း၊ ျမည္း၊ ႏြားအစရွိေသာတိရစၧာန္မ်ားကိုႀကီးၾကပ္ ထိန္းသိမ္းရၾကသူတို႔သည္လည္းေကာင္း စု႐ုံးၾက၏။ တစ္နည္းအားျဖင့္နန္းေတာ္ အရာရွိမ်ား၊ ထင္ရွားေသာစစ္သူရဲႀကီး မ်ားႏွင့္အေရးပါအရာေရာက္သူရွိ သမၽွတို႔သည္ေယ႐ုရွလင္ၿမိဳ႕တြင္စု႐ုံး ၾကကုန္၏။
Burmese MSBU
ဒါဝိဒ်မင်းကြီးသည် အစ္စရေးအကြီးအကဲများ၊ မျိုးနွယ်စုအကြီးအကဲများ၊ မင်းမှုထမ်းတပ်ဖွဲ့အကြီးအကဲများ၊ လူတစ်ထောင်အုပ်များနှင့် လူတစ်ရာအုပ်များအားလုံး၊ ရှင်ဘုရင်နှင့်သားတော်တို့၏ဥစ္စာပစ္စည်းများ၊ တိရစ္ဆာန်များကိုကြီးကြပ်ပေးရသူများအားလုံး၊ နန်းတွင်းအကြီးအကဲများ၊ စစ်သူရဲများနှင့် ရဲစွမ်းသတ္တိရှိသူအားလုံးတို့ကို ဂျေရုဆလင်မြို့တွင် စုဝေးစေ၏။
Burmese MSBZ
ဒါဝိဒ္မင္းႀကီးသည္ အစၥေရးအႀကီးအကဲမ်ား၊ မ်ိဳးႏြယ္စုအႀကီးအကဲမ်ား၊ မင္းမႈထမ္းတပ္ဖြဲ႕အႀကီးအကဲမ်ား၊ လူတစ္ေထာင္အုပ္မ်ားႏွင့္ လူတစ္ရာအုပ္မ်ားအားလုံး၊ ရွင္ဘုရင္ႏွင့္သားေတာ္တို႔၏ဥစၥာပစၥည္းမ်ား၊ တိရစာၦန္မ်ားကိုႀကီးၾကပ္ေပးရသူမ်ားအားလုံး၊ နန္းတြင္းအႀကီးအကဲမ်ား၊ စစ္သူရဲမ်ားႏွင့္ ရဲစြမ္းသတၱိရွိသူအားလုံးတို႔ကို ေဂ်႐ုဆလင္ၿမိဳ႕တြင္ စုေဝးေစ၏။