1 Chronicles 28:4 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထာဝရဘုရားတည်းဟူသောဣသရေလ အမျိုးသားတို့၏ဘုရားသခင်သည် ငါနှင့် ငါ၏သားမြေးတို့အားဣသရေလနိုင်ငံ တော်ကိုထာဝစဉ်အုပ်စိုးရန်ရွေးချယ်တော် မူ၏။ ကိုယ်တော်သည်ခေါင်းဆောင်မှုပေးရန် အတွက်ယုဒအနွယ်ကိုရွေးချယ်တော် မူ၏။ ယုဒပြည်မှငါ့အဖ၏အိမ်ထောင်စု ကိုရွေးချယ်တော်မူပေသည်။ ထိုအိမ်ထောင်စု မှငါ့အားထုတ်ယူ၍ဣသရေလနိုင်ငံ တစ်နိုင်ငံလုံးကိုအုပ်စိုးခွင့်ပေးတော်မူ၏။-
Burmese 1835 Version Judson
ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား သည် ငါ့အဆွေအမျိုးများထဲက ငါ့ကိုရွေးကောက်၍ ဣသရေလရှင်ဘုရင်အရာ၌ အမြဲချီးမြှောက်တော်မူ၏။ ယုဒအမျိုးကို ရွေးကောက်၍ အခြားသော အမျိုး တို့ကို အုပ်စိုးရသောအခွင့်ကို ပေးတော်မူ၏။ ယုဒအမျိုးတွင် ငါ့အဘ၏ အိမ်ထောင်ကို၎င်း၊ ငါ့အဘ၏သားတို့တွင် ငါ့ကို၎င်း၊ နှစ်သက်၍ဣသရေ လနိုင်ငံလုံးကို စိုးစံရသော အခွင့်ကို ပေးတော်မူ၏။
Burmese 1928
သို့ ရာ တွင် ယု ဒ ကို လည်း ကောင်း၊ ယု ဒ အ နွယ် တွင် ငါ့ အ ဘ အိမ် ထောင် ကို လည်း ကောင်း၊ မင်း အ ဖြစ် ရွေး ကောက် တော် မူ သည် နှင့် အ ညီ ဆွေ မျိုး သား ချင်း ညီ အစ် ကို များ အ နက် ငါ့ ကို မြတ် နိုး၍ အ စဉ် ဣ သ ရေ လ တစ် မျိုး လုံး တွင် ဘု ရင် ဖြစ် စေ ရန် ရွေး ကောက် တော် မူ သော ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊
Burmese 2021
ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် ငါ့အဆွေအမျိုးများထဲက ငါ့ကိုရွေးကောက်၍ ဣသရေလရှင်ဘုရင်အရာ၌ အမြဲချီးမြှောက်တော်မူ၏။ ယုဒအမျိုးကိုရွေးကောက်၍ အခြားသော အမျိုးတို့ကို အုပ်စိုးရသောအခွင့်ကို ပေးတော်မူ၏။ ယုဒအမျိုးတွင် ငါ့အဘ၏အိမ်ထောင်ကိုလည်းကောင်း၊ ငါ့အဘ၏သားတို့တွင် ငါ့ကိုလည်းကောင်းနှစ်သက်၍ ဣသရေလနိုင်ငံလုံးကို စိုးစံရသောအခွင့်ကို ပေးတော်မူ၏။
Burmese JBZV
ဣသေရလအမ်ိဳး၏ ဘုရားသခင္ထာဝရဘုရားသည္ ငါ့အေဆြအမ်ိဳးမ်ားထဲက ငါ့ကိုေရြးေကာက္၍ ဣသေရလရွင္ဘုရင္အရာ၌ အျမဲခ်ီးေျမႇာက္ေတာ္မူ၏။ ယုဒအမ်ိဳးကိုေရြးေကာက္၍ အျခားေသာ အမ်ိဳးတို႔ကို အုပ္စိုးရေသာအခြင့္ကို ေပးေတာ္မူ၏။ ယုဒအမ်ိဳးတြင္ ငါ့အဘ၏အိမ္ေထာင္ကိုလည္းေကာင္း၊ ငါ့အဘ၏သားတို႔တြင္ ငါ့ကိုလည္းေကာင္းႏွစ္သက္၍ ဣသေရလနိုင္ငံလုံးကို စိုးစံရေသာအခြင့္ကို ေပးေတာ္မူ၏။
Burmese MCLZV
ထာဝရဘုရားတည္းဟူေသာဣသေရလ အမ်ိဳးသားတို႔၏ဘုရားသခင္သည္ ငါႏွင့္ ငါ၏သားေျမးတို႔အားဣသေရလနိုင္ငံ ေတာ္ကိုထာဝစဥ္အုပ္စိုးရန္ေရြးခ်ယ္ေတာ္ မူ၏။ ကိုယ္ေတာ္သည္ေခါင္းေဆာင္မွုေပးရန္ အတြက္ယုဒအႏြယ္ကိုေရြးခ်ယ္ေတာ္ မူ၏။ ယုဒျပည္မွငါ့အဖ၏အိမ္ေထာင္စု ကိုေရြးခ်ယ္ေတာ္မူေပသည္။ ထိုအိမ္ေထာင္စု မွငါ့အားထုတ္ယူ၍ဣသေရလနိုင္ငံ တစ္နိုင္ငံလုံးကိုအုပ္စိုးခြင့္ေပးေတာ္မူ၏။-
Burmese MSBU
အစ္စရေးလူမျိုးတို့ကိုအစဉ်အမြဲအုပ်ချုပ်ရန်အတွက် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် ငါ့ဖခင်၏မိသားစုဝင်တစ်စုလုံးတွင် ငါ့ကို ရွေးချယ်တော်မူ၏။ ယုဒအမျိုးကို ခေါင်းဆောင်အဖြစ် ရွေးချယ်တော်မူ၏။ ယုဒအမျိုးအနွယ်ထဲမှ ငါ့ဖခင်၏မိသားစုကို ရွေးချယ်တော်မူ၏။ ငါ့ဖခင်၏သားများထဲမှ ငါ့ကို ရွေးချယ်တော်မူ၍ အစ္စရေးလူမျိုးတစ်မျိုးလုံးကို အုပ်ချုပ်သောဘုရင် ဖြစ်စေတော်မူ၏။
Burmese MSBZ
အစၥေရးလူမ်ိဳးတို႔ကိုအစဥ္အၿမဲအုပ္ခ်ဳပ္ရန္အတြက္ အစၥေရးလူမ်ိဳး၏ဘုရားသခင္ထာဝရဘုရားသည္ ငါ့ခမည္းေတာ္၏မိသားစုဝင္တစ္စုလုံးတြင္ ငါ့ကို ေ႐ြးခ်ယ္ေတာ္မူ၏။ ယုဒအမ်ိဳးကို ေခါင္းေဆာင္အျဖစ္ ေ႐ြးခ်ယ္ေတာ္မူ၏။ ယုဒအမ်ိဳးအႏြယ္ထဲမွ ငါ့ခမည္းေတာ္၏မိသားစုကို ေ႐ြးခ်ယ္ေတာ္မူ၏။ ငါ့ခမည္းေတာ္၏သားမ်ားထဲမွ ငါ့ကို ေ႐ြးခ်ယ္ေတာ္မူ၍ အစၥေရးလူမ်ိဳးတစ္မ်ိဳးလုံးကို အုပ္ခ်ဳပ္ေသာဘုရင္ ျဖစ္ေစေတာ္မူ၏။