1 Chronicles 29:2 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ငါသည်ဗိမာန်တော်တည်ဆောက်ရန်ပစ္စည်း များဖြစ်သည့်ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ သစ်၊ ကျောက်မျက်ရတနာ၊ ကျောက်စီပန်းဖော် ကျောက်များနှင့် မြောက်မြားစွာသောကျောက် ဖြူတို့ကိုစုဆောင်းပြင်ဆင်ထားရန်အစွမ်း ကုန်ကြိုးစားအားထုတ်ခဲ့၏။-
Burmese 1835 Version Judson
ငါ၏ဘုရားသခင်အိမ်တော်အဘို့ရွှေတန်ဆာ လုပ်စရာဘို့ ရွှေကို၎င်း၊ ငွေတန်ဆာလုပ်စရာဘို့ ငွေကို ၎င်း၊ ကြေးဝါတန်ဆာလုပ်စရာဘို့ ကြေးဝါကို၎င်း၊ သံတန်ဆာလုပ် စရာဘို့ သံကို၎င်း၊ သစ်သားတန်ဆာလုပ်စရာဘို့ သစ်သားကို၎င်း၊ ရှဟံကျောက်နှင့်အရောင် မျိုးထွက်၍ စီစရာဘို့ ကောင်းသောကျောက်၊ အဘိုးထိုက် သော ကျောက်မျိုး၊ များစွာသော ကျောက်ဖြူတို့ကို၎င်း၊ တတ်နိုင်သမျှ အတိုင်းငါပြင်ဆင်ပြီ။
Burmese 1928
ငါ သည် ငါ့ ဘု ရား သ ခင့် ဗိ မာန် တော် တည် ဆောက် ရန် ရွှေ ထည် အ ဖို့ ရွှေ၊ ငွေ ထည် အ ဖို့ ငွေ၊ ကြေး ထည် အ ဖို့ ကြေး၊ သံ ထည် အ ဖို့ သံ၊ သစ် သား ထည် အ ဖို့ သစ် သား များ မှ စ၍ ခြယ် စီ ရန် မ ဟူ ရာ ကျောက်၊ ခ နောက် စိမ်း ကျောက်၊ ရောင် စုံ ကျောက်၊ ကျောက် မျက် အ မျိုး မျိုး နှင့် ကျောက် ဖြူ ပြား များ စွာ ပြင် ဆင် ခဲ့ ပြီ။
Burmese 2021
ငါ၏ဘုရားသခင် အိမ်တော်အဖို့ ရွှေတန်ဆာလုပ်စရာဖို့ ရွှေကိုလည်းကောင်း၊ ငွေတန်ဆာလုပ်စရာဖို့ ငွေကိုလည်းကောင်း၊ ကြေးဝါတန်ဆာလုပ်စရာဖို့ ကြေးဝါကိုလည်းကောင်း၊ သံတန်ဆာလုပ်စရာဖို့ သံကိုလည်းကောင်း၊ သစ်သားတန်ဆာလုပ်စရာဖို့ သစ်သားကိုလည်းကောင်း၊ ရှဟံကျောက်နှင့် အရောင်မျိုးထွက်၍ စီစရာဖို့ ကောင်းသောကျောက်၊ အဖိုးထိုက်သောကျောက်မျိုး၊ များစွာသော ကျောက်ဖြူတို့ကိုလည်းကောင်း၊ တတ်နိုင်သမျှအတိုင်း ငါပြင်ဆင်ပြီ။
Burmese JBZV
ငါ၏ဘုရားသခင္ အိမ္ေတာ္အဖို႔ ေရႊတန္ဆာလုပ္စရာဖို႔ ေရႊကိုလည္းေကာင္း၊ ေငြတန္ဆာလုပ္စရာဖို႔ ေငြကိုလည္းေကာင္း၊ ေၾကးဝါတန္ဆာလုပ္စရာဖို႔ ေၾကးဝါကိုလည္းေကာင္း၊ သံတန္ဆာလုပ္စရာဖို႔ သံကိုလည္းေကာင္း၊ သစ္သားတန္ဆာလုပ္စရာဖို႔ သစ္သားကိုလည္းေကာင္း၊ ရွဟံေက်ာက္ႏွင့္ အေရာင္မ်ိဳးထြက္၍ စီစရာဖို႔ ေကာင္းေသာေက်ာက္၊ အဖိုးထိုက္ေသာေက်ာက္မ်ိဳး၊ မ်ားစြာေသာ ေက်ာက္ျဖဴတို႔ကိုလည္းေကာင္း၊ တတ္နိုင္သမၽွအတိုင္း ငါျပင္ဆင္ၿပီ။
Burmese MCLZV
ငါသည္ဗိမာန္ေတာ္တည္ေဆာက္ရန္ပစၥည္း မ်ားျဖစ္သည့္ေရႊ၊ ေငြ၊ ေၾကးဝါ၊ သံ၊ သစ္၊ ေက်ာက္မ်က္ရတနာ၊ ေက်ာက္စီပန္းေဖာ္ ေက်ာက္မ်ားႏွင့္ ေျမာက္ျမားစြာေသာေက်ာက္ ျဖဴတို႔ကိုစုေဆာင္းျပင္ဆင္ထားရန္အစြမ္း ကုန္ႀကိဳးစားအားထုတ္ခဲ့၏။-
Burmese MSBU
ထို့ကြောင့် ငါ၏ဘုရားသခင့်အိမ်တော်အဖို့ ရွှေထည်အတွက် ရွှေ၊ ငွေထည်အတွက် ငွေ၊ ကြေးထည်အတွက် ကြေး၊ သံထည်အတွက် သံ၊ ပျဉ်ပြားများအတွက် သစ်သား၊ မဟူရာကြောင်ဝင်ကျောက်များ၊ စီချယ်စရာကျောက်များ၊ စိမ်းပြာရောင်ကျောက်များ၊ ရောင်စုံကျောက်များ၊ အဖိုးတန်ကျောက်အမျိုးမျိုးနှင့် ကျောက်ဖြူအမြောက်အမြားတို့ကို ငါတတ်စွမ်းနိုင်သမျှ ပြင်ဆင်ထားပေးခဲ့ပြီ။
Burmese MSBZ
ထို႔ေၾကာင့္ ငါ၏ဘုရားသခင့္အိမ္ေတာ္အဖို႔ ေ႐ႊထည္အတြက္ ေ႐ႊ၊ ေငြထည္အတြက္ ေငြ၊ ေၾကးထည္အတြက္ ေၾကး၊ သံထည္အတြက္ သံ၊ ပ်ဥ္ျပားမ်ားအတြက္ သစ္သား၊ မဟူရာေၾကာင္ဝင္ေက်ာက္မ်ား၊ စီခ်ယ္စရာေက်ာက္မ်ား၊ စိမ္းျပာေရာင္ေက်ာက္မ်ား၊ ေရာင္စုံေက်ာက္မ်ား၊ အဖိုးတန္ေက်ာက္အမ်ိဳးမ်ိဳးႏွင့္ ေက်ာက္ျဖဴအေျမာက္အျမားတို႔ကို ငါတတ္စြမ္းႏိုင္သမွ် ျပင္ဆင္ထားေပးခဲ့ၿပီ။