1 Chronicles 29:25 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထာဝရဘုရားသည်ဣသရေလအမျိုး သားအပေါင်း၏ရှေ့တွင်ရှောလမုန်အား လွန်စွာချီးမြှောက်တော်မူ၍ အခြားအဘယ် ဣသရေလဘုရင်မျှမရရှိဘူးသည့် ဘုန်းအသရေဖြင့်ပြည့်ဝစေတော်မူ၏။
Burmese 1835 Version Judson
ထာဝရဘုရားသည် ဣသရေလအမျိုးသား အပေါင်းတို့ရှေ့မှာ ရှောလမုန်ကိုအလွန်ချီးမြှောက်၍ ဣသရေလရှင်ဘုရင်တယောက်မျှ မခံစဖူးသော ဘုန်း အာနုဘော်တော်ကို ပေးသနားတော်မူ၏။
Burmese 1928
ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ တစ် မျိုး လုံး ရှေ့၊ ရှော လ မုန် မင်း ကို အ ထူး ချီး မြှောက် တော် မူ၍ ဣ သ ရေ လ ဘု ရင် တစ် ပါး မျှ မ ရ သော အာ ဏာ တန် ခိုး ကို ပေး သ နား တော် မူ ၏။
Burmese 2021
ထာဝရဘုရားသည် ဣသရေလအမျိုးသား အပေါင်းတို့ရှေ့မှာ ရှောလမုန်ကို အလွန်ချီးမြှောက်၍ ဣသရေလရှင်ဘုရင်တစ်ယောက်မျှ မခံစဖူးသော ဘုန်းအာနုဘော်တော်ကို ပေးသနားတော်မူ၏။
Burmese JBZV
ထာဝရဘုရားသည္ ဣသေရလအမ်ိဳးသား အေပါင္းတို႔ေရွ႕မွာ ေရွာလမုန္ကို အလြန္ခ်ီးေျမႇာက္၍ ဣသေရလရွင္ဘုရင္တစ္ေယာက္မၽွ မခံစဖူးေသာ ဘုန္းအာႏုေဘာ္ေတာ္ကို ေပးသနားေတာ္မူ၏။
Burmese MCLZV
ထာဝရဘုရားသည္ဣသေရလအမ်ိဳး သားအေပါင္း၏ေရွ႕တြင္ေရွာလမုန္အား လြန္စြာခ်ီးေျမႇာက္ေတာ္မူ၍ အျခားအဘယ္ ဣသေရလဘုရင္မၽွမရရွိဘူးသည့္ ဘုန္းအသေရျဖင့္ျပည့္ဝေစေတာ္မူ၏။
Burmese MSBU
ထာဝရဘုရားကလည်း ရှောလမုန်မင်းကြီးအား အစ္စရေးလူမျိုးတစ်မျိုးနွယ်လုံးရှေ့တွင် အထူးချီးမြှောက်တော်မူပြီး ယခင်က အစ္စရေးလူမျိုးကို အုပ်စိုးခဲ့သောဘုရင်တို့တွင် မည်သူ၌မျှမရှိခဲ့ဖူးသောနိုင်ငံတော်ဘုန်းကျက်သရေကို ပေးတော်မူ၏။
Burmese MSBZ
ထာဝရဘုရားကလည္း ေရွာလမုန္မင္းႀကီးအား အစၥေရးလူမ်ိဳးတစ္မ်ိဳးႏြယ္လုံးေရွ႕တြင္ အထူးခ်ီးေျမႇာက္ေတာ္မူၿပီး ယခင္က အစၥေရးလူမ်ိဳးကို အုပ္စိုးခဲ့ေသာဘုရင္တို႔တြင္ မည္သူ၌မွ်မရွိခဲ့ဖူးေသာႏိုင္ငံေတာ္ဘုန္းက်က္သေရကို ေပးေတာ္မူ၏။