1 Chronicles 4:10 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ယာ​ဗက်​သည်``အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး အား​ကောင်း​ချီး​ပေး​တော်​မူ​၍ မြေ​ယာ​အ​မြောက် အ​မြား​ကို​ပေး​သ​နား​တော်​မူ​ပါ။ ကျွန်​တော် မျိုး​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး အား​ဒုက္ခ​ဝေ​ဒ​နာ​ဖြစ်​စေ​မည့်​မ​ကောင်း​မှု မှန်​သ​မျှ​မှ​ကင်း​လွတ်​စေ​တော်​မူ​ပါ'' ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား ထံ​တော်​တွင်​ဆု​တောင်း​ပတ္ထ​နာ​ပြု​လေ​သော ကြောင့် ဘု​ရား​သ​ခင်​သည်​ယာ​ဗက်​တောင်း လျှောက်​သည့်​ဆု​များ​ကို​ပေး​သ​နား​တော် မူ​သ​တည်း။
Burmese 1835 Version Judson
ယာဗက်ကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို အစဉ်ကောင်းကြီးပေး၍၊ အကျွန်ုပ်နေရာကို ကျယ်ဝန်း စေတော်မူပါ။ အကျွန်ုပ်သည် ဘေးဥပဒ်အနှောင့် အရှက်နှင့်ကင်းလွတ်ပါမည်အကြောင်း၊ လက်တော်သည် အကျွန်ုပ်ဘက်၌နေ၍ ကွယ်ကာစောင့်မတော်မူပါဟု ဣသရေလအမျိုး၏ ဘုရားသခင်အား ဆုတောင်းတတ်၍၊ တောင်းသောဆုကို ဘုရားသခင်ပေးသနားတော်မူ၏။
Burmese 1928
အ သို့ ဆို သော်၊ ယာ ဗက် က၊ ကောင်း ကြီး မင်္ဂ လာ ပေး လျက်၊ မြေ ပိုင် ကို ကျယ် ဝန်း စေ လျက်၊ လက် ရုံး တော် ကို တင် လျက်၊ အ ကျွန်ုပ်၌ ဒု က္ခ ဝေ ဒ နာ ဘေး ကို ကွယ် ကာ တော် မူ ပါ ဟု ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် အား ပ ဌ နာ ပြု၍ တောင်း လျှောက် သည် နှင့် အ ညီ ပေး သ နား တော် မူ သော ကြောင့် တည်း။
Burmese 2021
ယာ​ဗက်​က​လည်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို အ​စဉ်​ကောင်း​ချီး​ပေး၍၊ အ​ကျွန်ုပ်​နေ​ရာ​ကို ကျယ်​ဝန်း​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ဘေး​ဥ​ပဒ်​အ​နှောင့်​အ​ယှက်​နှင့် ကင်း​လွတ်​ပါ​မည်​အ​ကြောင်း၊ လက်​တော်​သည် အ​ကျွန်ုပ်​ဘက်၌​နေ၍ ကွယ်​ကာ​စောင့်​မ​တော်​မူ​ပါ​ဟု ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​အား​ဆု​တောင်း​တတ်၍၊ တောင်း​သော​ဆု​ကို ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ၏။
Burmese JBZV
ယာ​ဗက္​က​လည္း၊ ကိုယ္​ေတာ္​သည္ အ​ကၽြန္ုပ္​ကို အ​စဥ္​ေကာင္း​ခ်ီး​ေပး၍၊ အ​ကၽြန္ုပ္​ေန​ရာ​ကို က်ယ္​ဝန္း​ေစ​ေတာ္​မူ​ပါ။ အ​ကၽြန္ုပ္​သည္ ေဘး​ဥ​ပဒ္​အ​ေႏွာင့္​အ​ယွက္​ႏွင့္ ကင္း​လြတ္​ပါ​မည္​အ​ေၾကာင္း၊ လက္​ေတာ္​သည္ အ​ကၽြန္ုပ္​ဘက္၌​ေန၍ ကြယ္​ကာ​ေစာင့္​မ​ေတာ္​မူ​ပါ​ဟု ဣ​သ​ေရ​လ​အ​မ်ိဳး၏ ဘု​ရား​သ​ခင္​အား​ဆု​ေတာင္း​တတ္၍၊ ေတာင္း​ေသာ​ဆု​ကို ဘု​ရား​သ​ခင္​ေပး​သ​နား​ေတာ္​မူ၏။
Burmese MCLZV
ယာ​ဗက္​သည္``အို ဘု​ရား​သ​ခင္၊ ကၽြန္​ေတာ္​မ်ိဳး အား​ေကာင္း​ခ်ီး​ေပး​ေတာ္​မူ​၍ ေျမ​ယာ​အ​ေျမာက္ အ​ျမား​ကို​ေပး​သ​နား​ေတာ္​မူ​ပါ။ ကၽြန္​ေတာ္ မ်ိဳး​ႏွင့္​အ​တူ​ရွိ​ေတာ္​မူ​ပါ။ ကၽြန္​ေတာ္​မ်ိဳး အား​ဒုကၡ​ေဝ​ဒ​နာ​ျဖစ္​ေစ​မည့္​မ​ေကာင္း​မွု မွန္​သ​မၽွ​မွ​ကင္း​လြတ္​ေစ​ေတာ္​မူ​ပါ'' ဟု ဣ​သ​ေရ​လ​အ​မ်ိဳး​သား​တို႔​၏​ဘု​ရား ထံ​ေတာ္​တြင္​ဆု​ေတာင္း​ပတၳ​နာ​ျပဳ​ေလ​ေသာ ေၾကာင့္ ဘု​ရား​သ​ခင္​သည္​ယာ​ဗက္​ေတာင္း ေလၽွာက္​သည့္​ဆု​မ်ား​ကို​ေပး​သ​နား​ေတာ္ မူ​သ​တည္း။
Burmese MSBU
ယာဗက်​က အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထံ “​အကျွန်ုပ်​ကို ကောင်းချီးပေး​တော်မူ​ပါ​။ အကျွန်ုပ်​နယ်မြေ​ကို ကျယ်ဝန်း​စေ​တော်မူ​ပါ​။ အကျွန်ုပ်​နှင့်အတူ ပါရှိ​တော်မူ​ပြီး ထိခိုက်ဒဏ်ရာ​ရ​မည့်​ဘေးအန္တရာယ်​မှ ကွယ်ကာ​တော်မူ​ပါ​”​ဟု အော်ဟစ်​ဆုတောင်း​သောအခါ သူ​ဆုတောင်း​သည့်​အတိုင်း ဘုရားသခင်​ပေးသနား​တော်မူ​၏​။
Burmese MSBZ
ယာဗက္​က အစၥေရး​လူမ်ိဳး​၏​ဘုရားသခင္​ထံ “​အကြၽႏ္ုပ္​ကို ေကာင္းခ်ီးေပး​ေတာ္မူ​ပါ​။ အကြၽႏ္ုပ္​နယ္ေျမ​ကို က်ယ္ဝန္း​ေစ​ေတာ္မူ​ပါ​။ အကြၽႏ္ုပ္​ႏွင့္အတူ ပါရွိ​ေတာ္မူ​ၿပီး ထိခိုက္ဒဏ္ရာ​ရ​မည့္​ေဘးအႏၲရာယ္​မွ ကြယ္ကာ​ေတာ္မူ​ပါ​”​ဟု ေအာ္ဟစ္​ဆုေတာင္း​ေသာအခါ သူ​ဆုေတာင္း​သည့္​အတိုင္း ဘုရားသခင္​ေပးသနား​ေတာ္မူ​၏​။