1 Corinthians 4:5 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သို့ဖြစ်၍နောက်ဆုံးတရားစီရင်တော်မူရန် သခင်ဘုရားကြွလာတော်မူချိန်တိုင်အောင် မည်သူ့ကိုမျှစီရင်မှုမပြုနှင့်။ ကိုယ်တော်သည် လျှို့ဝှက်ချက်မှန်သမျှကိုလည်းကောင်း၊ လူတို့ ၏စိတ်နှလုံးတွင်ကွယ်ဝှက်နေသည့်အကြံအစည် များကိုလည်းကောင်းထုတ်ဖော်တော်မူလိမ့်မည်။ ထိုအခါလူတိုင်းပင်ဘုရားသခင်၏ထံခံ ထိုက်သည့်အချီးအမွမ်းကိုခံကြရလတ္တံ့။
Burmese 1835 Version Judson
ထိုသို့ဖြစ်လျှင်မှောင်မိုက်၌ ဝှက်ထားသော အရာတို့ကို ပွင့်လင်း စေ၍ စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေလတံ့သော သခင်ဘုရား ကြွလာတော်မမူမှီ တိုင်အောင် အဘယ်အမှုကိုမျှ အဆုံးအဖြတ် မစီရင် ကြနှင့်။ ကြွလာတော်မူသောအခါ၊ အသီးသီးတို့သည် ဘုရားသခင်ချီးမွမ်းတော်မူခြင်းကျေးဇူးကို ခံရကြလတံ့။
Burmese 1928
သို့ ဖြစ်၍ မှောင် မိုက်၌ ဝှက် ထား သော အ ရာ များ ကို ထုတ် ဖော် လျက် စိတ် အ ကြံ အ စည် များ ကို ထင် ရှား စေ တော် မူ သော အ ရှင် ဘု ရား ကြွ လာ တော် မူ သော အ ချိန်၊ ချိန်း ချက် သော အ ချိန် မ တိုင် မီ စီ ရင် ခြင်း မ ပြု ကြ လင့်။ ထို အ ခါ မှ လူ အ သီး အ သီး သည် ဘု ရား သ ခင့် ထံ ခံ ထိုက် သော အ ချီး အ မွမ်း တော် ကို ခံ ရ လိမ့် မည်။
Burmese 2021
ထိုသို့ဖြစ်လျှင် မှောင်မိုက်၌ ဝှက်ထားသောအရာတို့ကို ပွင့်လင်းစေ၍ စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေလတ္တံ့သော သခင်ဘုရား ကြွလာတော်မမူမီ တိုင်အောင် အဘယ်အမှုကိုမျှ အဆုံးအဖြတ် မစီရင်ကြနှင့်။ ကြွလာတော်မူသောအခါ၊ အသီးအသီးတို့သည် ဘုရားသခင် ချီးမွမ်းတော်မူခြင်းကျေးဇူးကို ခံရကြလတ္တံ့။
Burmese JBZV
ထိုသို႔ျဖစ္လၽွင္ ေမွာင္မိုက္၌ ဝွက္ထားေသာအရာတို႔ကို ပြင့္လင္းေစ၍ စိတ္ႏွလုံးအႀကံအစည္မ်ားကို ထင္ရွားေစလတၱံ့ေသာ သခင္ဘုရား ႂကြလာေတာ္မမူမီ တိုင္ေအာင္ အဘယ္အမွုကိုမၽွ အဆုံးအျဖတ္ မစီရင္ၾကႏွင့္။ ႂကြလာေတာ္မူေသာအခါ၊ အသီးအသီးတို႔သည္ ဘုရားသခင္ ခ်ီးမြမ္းေတာ္မူျခင္းေက်းဇူးကို ခံရၾကလတၱံ့။
Burmese MCLZV
သို႔ျဖစ္၍ေနာက္ဆုံးတရားစီရင္ေတာ္မူရန္ သခင္ဘုရားႂကြလာေတာ္မူခ်ိန္တိုင္ေအာင္ မည္သူ႔ကိုမၽွစီရင္မွုမျပဳႏွင့္။ ကိုယ္ေတာ္သည္ လၽွို႔ဝွက္ခ်က္မွန္သမၽွကိုလည္းေကာင္း၊ လူတို႔ ၏စိတ္ႏွလုံးတြင္ကြယ္ဝွက္ေနသည့္အႀကံအစည္ မ်ားကိုလည္းေကာင္းထုတ္ေဖာ္ေတာ္မူလိမ့္မည္။ ထိုအခါလူတိုင္းပင္ဘုရားသခင္၏ထံခံ ထိုက္သည့္အခ်ီးအမြမ္းကိုခံၾကရလတၱံ့။
Burmese MSBU
သို့ဖြစ်၍ သခင်ဘုရားကြွလာတော်မမူမီ မည်သည့်အရာကိုမျှ အချိန်မတန်ဘဲ မစီရင်ကြနှင့်။ ထိုသခင်သည် အမှောင်ထဲ၌ ကွယ်ဝှက်ထားသောအရာများကို အလင်းသို့ယူဆောင်လာပြီး စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေတော်မူလိမ့်မည်။ ထိုအခါ လူအသီးသီးတို့သည် ဘုရားသခင်ထံတော်မှ ချီးမွမ်းခြင်းကိုခံရကြလိမ့်မည်။
Burmese MSBZ
သို႔ျဖစ္၍ သခင္ဘုရားႂကြလာေတာ္မမူမီ မည္သည့္အရာကိုမွ် အခ်ိန္မတန္ဘဲ မစီရင္ၾကႏွင့္။ ထိုသခင္သည္ အေမွာင္ထဲ၌ ကြယ္ဝွက္ထားေသာအရာမ်ားကို အလင္းသို႔ယူေဆာင္လာၿပီး စိတ္ႏွလုံးအႀကံအစည္မ်ားကို ထင္ရွားေစေတာ္မူလိမ့္မည္။ ထိုအခါ လူအသီးသီးတို႔သည္ ဘုရားသခင္ထံေတာ္မွ ခ်ီးမြမ္းျခင္းကိုခံရၾကလိမ့္မည္။