1 Corinthians 9:15 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သို့ရာတွင်ငါသည်ထိုအခွင့်အရေးတစ်စုံ တစ်ရာကိုမျှမယူခဲ့။ ထိုကဲ့သို့သောအခွင့် ရေးများကိုတောင်းဆိုလိုသောကြောင့် ဤစာ ကိုရေးလိုက်ခြင်းလည်းမဟုတ်။ ဤသို့တောင်း ဆိုရခြင်းထက်သေရခြင်းကပို၍ကောင်း၏။-
Burmese 1835 Version Judson
သို့သော်လည်းထိုအခွင့်ကို ငါသည် အလျှင်းမသုံး။ သင်တို့သည် ငါ့အား ထိုသို့ပြုစေခြင်းငှါ ဤစကား ကို ငါရေးသည်မဟုတ်။ အကြောင်းမူကား၊ ငါဝါကြွားခြင်းအခွင့်ကိုသူတပါးဖျက်ဆီးသည်ထက် ငါသေသော် သာ၍ ကောင်း၏။
Burmese 1928
သို့ ရာ တွင် ငါ သည် ထို သို့ သော အ ခွင့် ကို မ သုံး၊ သုံး လို ၍ လည်း ဤ သို့ ရေး လိုက် သည် မ ဟုတ်။ ငါ ဂုဏ် ရောက် ခွင့် ကို တစ် ယောက် ယောက် ပယ် ဖျက် သည် ထက် ငါ သေ သော် ကောင်း လိမ့် မည်။
Burmese 2021
သို့သော်လည်း ထိုအခွင့်ကို ငါသည် အလျှင်းမသုံး။ သင်တို့သည် ငါ့အား ထိုသို့ပြုစေခြင်းငှာ ဤစကားကို ငါရေးသည်မဟုတ်။ အကြောင်းမူကား၊ ငါဝါကြွားခြင်းအခွင့်ကို သူတစ်ပါးဖျက်ဆီးသည်ထက် ငါသေသော် သာ၍ကောင်း၏။-
Burmese JBZV
သို႔ေသာ္လည္း ထိုအခြင့္ကို ငါသည္ အလၽွင္းမသုံး။ သင္တို႔သည္ ငါ့အား ထိုသို႔ျပဳေစျခင္းငွာ ဤစကားကို ငါေရးသည္မဟုတ္။ အေၾကာင္းမူကား၊ ငါဝါႂကြားျခင္းအခြင့္ကို သူတစ္ပါးဖ်က္ဆီးသည္ထက္ ငါေသေသာ္ သာ၍ေကာင္း၏။-
Burmese MCLZV
သို႔ရာတြင္ငါသည္ထိုအခြင့္အေရးတစ္စုံ တစ္ရာကိုမၽွမယူခဲ့။ ထိုကဲ့သို႔ေသာအခြင့္ ေရးမ်ားကိုေတာင္းဆိုလိုေသာေၾကာင့္ ဤစာ ကိုေရးလိုက္ျခင္းလည္းမဟုတ္။ ဤသို႔ေတာင္း ဆိုရျခင္းထက္ေသရျခင္းကပို၍ေကာင္း၏။-
Burmese MSBU
သို့သော် ငါသည် ဤအခွင့်တစ်စုံတစ်ခုကိုမျှ မသုံးခဲ့ချေ။ ငါ့အား ထိုသို့ပြုစေလို၍ ဤအရာများကို ငါရေးသည်မဟုတ်။ အကြောင်းမူကား ငါ၏ဂုဏ်ယူဝါကြွားစရာအကြောင်းကို သူတစ်ပါးက အချည်းနှီးဖြစ်စေသည်ထက် ငါသေသော် သာ၍ကောင်း၏။
Burmese MSBZ
သို႔ေသာ္ ငါသည္ ဤအခြင့္တစ္စုံတစ္ခုကိုမွ် မသုံးခဲ့ေခ်။ ငါ့အား ထိုသို႔ျပဳေစလို၍ ဤအရာမ်ားကို ငါေရးသည္မဟုတ္။ အေၾကာင္းမူကား ငါ၏ဂုဏ္ယူဝါႂကြားစရာအေၾကာင္းကို သူတစ္ပါးက အခ်ည္းႏွီးျဖစ္ေစသည္ထက္ ငါေသေသာ္ သာ၍ေကာင္း၏။