1 Kings 1:25 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ယ​နေ့​ပင်​လျှင်​သူ​သည်​ယဇ်​ပလ္လင်​သို့​သွား​၍ နွား၊ သိုး​နှင့်​ဆူ​ဖြိုး​သော​နွား​ငယ်​များ​ကို​ယဇ် ပူ​ဇော်​ပါ​၏။ သူ​သည်​အ​ရှင့်​သား​တော်​အ​ပေါင်း နှင့်​တပ်​မ​တော်​ဗိုလ်​ချုပ်​ယွာ​ဘ​နှင့်​ယဇ်​ပု​ရော ဟိတ်​အ​ဗျာ​သာ​တို့​ကို​ခေါ်​ဖိတ်​သ​ဖြင့် ယ​ခု အ​ချိန်​၌​သူ​တို့​သည်​အ​ဒေါ​နိ​ယ​နှင့်​အ​တူ စား​သောက်​ကာ`အ​ဒေါ​နိ​ယ​မင်း​သက်​တော် ရှည်​ပါ​စေ​သော်' ဟု​ကြွေး​ကြော်​လျက်​နေ ကြ​ပါ​၏။-
Burmese 1835 Version Judson
သူသည် ယနေ့ဆင်းသွား၍၊ ဆူဖြိုးသော သိုးနွား များတို့ကို သတ်ပြီးလျှင် မင်းကြီး၏သားတော်အပေါင်း တို့ကို၎င်း၊ ဗိုလ်များနှင့် ယဇ်ပုရောဟိတ်အဗျာသာကို၎င်း ခေါ်ဘိတ်ပါပြီ။ သူတို့သည် အဒေါနိယရှေ့မှာ စား သောက်လျက်၊ အဒေါနိယမင်းကြီးသည် အသက်ရှင်စေ သတည်းဟု ကြွေးကြော်လျက်ယခုရှိကြပါ၏။
Burmese 1928
ထို သူ သည် ယ နေ့ ပင် ထွက်၍ ဆူ ဖြိုး သော သိုး နွား များ စွာ ကို စီ ရင် လျက် ဘု ရင် မင်း မြတ်၏ သား တော် တို့ မှ စ၍ ဗိုလ် များ နှင့် ပ ရော ဟိတ် အ ဗျာ သာ ကို ခေါ် ဖိတ် သည့် အ တိုင်း အ ဒေါ နိ ယ မင်း သက် တော် ရှည် ပါ စေ သော ဟု သူ တို့ ကြွေး ကြော် လျက် အ တူ စား သောက် ကြ ပါ ပြီ တ ကား။
Burmese 2021
သူ​သည် ယ​နေ့​ဆင်း​သွား၍၊ ဆူ​ဖြိုး​သော သိုး​နွား​များ​တို့​ကို​သတ်​ပြီး​လျှင် မင်း​ကြီး၏​သား​တော်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ဗိုလ်​များ​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ဗျာ​သာ​ကို​လည်း​ကောင်း ခေါ်​ဖိတ်​ပါ​ပြီ။ သူ​တို့​သည် အ​ဒေါ​နိ​ယ​ရှေ့​မှာ စား​သောက်​လျက်၊ အ​ဒေါ​နိ​ယ​မင်း​ကြီး​သည် အ​သက်​ရှင်​စေ​သ​တည်း​ဟု ကြွေး​ကြော်​လျက် ယ​ခု​ရှိ​ကြ​ပါ၏။
Burmese JBZV
Burmese MCLZV
Burmese MSBU
ယနေ့ သူ​သည် သိုး​၊ နွား​မှစ၍ ဆူဖြိုး​သော​အကောင်​အမြောက်အမြား​ကို သွား​၍​ယဇ်ပူဇော်​ပါ​ပြီ​။ ဘုရင့်​သား​တော်​အပေါင်း​တို့​အပါအဝင် စစ်မှုထမ်း​အကြီးအကဲ​များ​နှင့် ယဇ်ပုရောဟိတ်​အဗျာသာ​တို့​ကို ဖိတ်ခေါ်​ပြီး စား​သောက်​ကြ​လျက် ‘​အဒေါနိယ​မင်းကြီး သက်တော်ရှည်​ပါစေ​’​ဟု ကြွေးကြော်​ကြ​ပါ​ပြီ​။
Burmese MSBZ