1 Kings 1:5 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ဟ္ဂိတ်​နှင့်​ဒါ​ဝိဒ်​ရ​သော​သား​အ​ဒေါ​နိ​ယ​သည် အ​လွန်​အ​ဆင်း​လှ​၏။ အ​ဗ​ရှ​လုံ​သေ​ဆုံး​သ​ဖြင့် သူ​သည်​ဒါ​ဝိဒ်​၏​လက်​ရှိ​သား​တို့​တွင်​အ​ကြီး ဆုံး​ဖြစ်​၏။ ဒါ​ဝိဒ်​သည်​သူ့​အား​အ​ဘယ်​အ​မှု တွင်​မျှ​ပြော​ဆို​ဆုံး​မ​ဖူး​သည်​ဟူ​၍​မ​ရှိ။ သူ သည်​ထီး​နန်း​ကို​မျှော်​မှန်း​သူ​ဖြစ်​၍ မိ​မိ​ကိုယ် ပိုင်​ရ​ထား​များ၊ မြင်း​များ​နှင့်​ရှေ့​တော်​ပြေး လူ​ငါး​ဆယ်​ကို​ရ​ရှိ​လေ​သည်။-
Burmese 1835 Version Judson
ထိုနောက် ဟဂ္ဂိတ်သားအဒေါနိယသည် ရှင် ဘုရင်လုပ်မည်ဟု အကြံရှိလျက်၊ ကိုယ်ကိုချီးမြှောက်၍ ရထားများနှင့် မြင်းများကို၎င်း၊ မိမိရှေ့၌ပြေးရသော လူငါးဆယ်ကို၎င်း၊ ပြင်ဆင်လေ၏။
Burmese 1928
ထို ကာ လ အ ဗ ရှ လုံ့ နောက် ဟ ဂ္ဂိတ် တွင် ရ သော အ လွန် အ ဆင်း လှ သူ၊ သား တော် အ ဒေါ နိ ယ သည် ဤ အ မှု ကို အ သို့ ကြောင့် ပြု သ နည်း ဟု တစ် ကြိမ် တစ် ခါ မျှ စိတ် နာ အောင်၊ ခ မည်း တော် မ ဆို ဘူး ဘဲ လျက် ရ ထား နှင့် မြင်း စီး သူ ရဲ တို့ ကို လည်း ကောင်း၊ ရှေ့ တော် ပြေး ငါး ဆယ် ကိုလည်း ကောင်း စီ မံ၍ ဘု ရင် လုပ် မည့် အ ကြံ နှင့် ကိုယ် ကို ဂုဏ် တင် ပြီး လျှင်
Burmese 2021
ထို​နောက် ဟ​ဂ္ဂိတ်​သား အ​ဒေါ​နိ​ယ​သည် ရှင်​ဘု​ရင်​လုပ်​မည်​ဟု အ​ကြံ​ရှိ​လျက်၊ ကိုယ်​ကို​ချီး​မြှောက်၍ ရ​ထား​များ​နှင့် မြင်း​များ​ကို​လည်း​ကောင်း၊ မိ​မိ​ရှေ့၌​ပြေး​ရ​သော လူ​ငါး​ဆယ်​ကို​လည်း​ကောင်း၊ ပြင်​ဆင်​လေ၏။
Burmese JBZV
Burmese MCLZV
Burmese MSBU
တစ်နေ့တွင် ဟဂ္ဂိတ်​၏​သား​အဒေါနိယ​က “ငါ​ရှင်ဘုရင်​လုပ်​မည်​”​ဟု ဆို​လျက် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်​၏​။ မိမိ​အဖို့ မြင်းရထား​၊ မြင်းစီးသူရဲ​များ​နှင့် ရှေ့​တော်​ပြေး​အယောက်​ငါးဆယ်​ကို ပြင်ဆင်​ထား​၏​။
Burmese MSBZ