1 Kings 10:29 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
အီဂျစ်ပြည်မှရထားများတင်သွင်းမှုကိုမင်း ကြီး၏အဝယ်တော်များကချုပ်ကိုင်ထားကြ၏။ သူတို့သည်ဟိတ္တိနှင့်ရှုရိဘုရင်တို့အားမြင်း တစ်ကောင်လျှင် ငွေသားခြောက်ရာနှုန်းဖြင့်လည်း ကောင်း၊ ရထားတစ်စီးလျှင်ငွေသားတစ်ရာ့ငါး ဆယ်နှုန်းဖြင့်လည်းကောင်းရောင်းချကြလေ သည်။
Burmese 1835 Version Judson
အဲဂုတ္တုပြည်မှ ရထားတခုကို ငွေခြောက်ပိဿာ နှင့်၎င်း၊ မြင်းတစီးကို တပိဿာငါးဆယ်နှင့်၎င်း ရောင်းမြဲ ရှိ၏။ ထိုသို့ဟိတ္တိမင်းကြီးနှင့် ရှုရိမင်းကြီးအပေါင်းတို့သည် အဲဂုတ္တုရထားနှင့် မြင်းတို့ကို ရတတ်ကြ၏။
Burmese 1928
ရ ထား တစ် စီး လျှင် ငွေ ခြောက် ရာ၊ မြင်း တစ် စီး လျှင် ငွေ တစ် ရာ့ ငါး ဆယ်၊ ရောင်း ဝယ် လေ့ ရှိ ၏။ ဟိ တ္တိ မင်း၊ ရှု ရိ မင်း တို့ လည်း အ ဝယ် တော် တို့ လက် မှ ဝယ် ရ ကြ ၏။
Burmese 2021
အဲဂုတ္တုပြည်မှ ရထားတစ်ခုကို ငွေခြောက်ပိဿာနှင့်လည်းကောင်း၊ မြင်းတစ်စီးကို တစ်ပိဿာငါးဆယ်နှင့်လည်းကောင်း ရောင်းမြဲရှိ၏။ ထိုသို့ ဟိတ္တိမင်းကြီးနှင့် ရှုရိမင်းကြီးအပေါင်းတို့သည် အဲဂုတ္တုရထားနှင့် မြင်းတို့ကိုရတတ်ကြ၏။
Burmese JBZV
အဲဂုတၱဳျပည္မွ ရထားတစ္ခုကို ေငြေျခာက္ပိႆာႏွင့္လည္းေကာင္း၊ ျမင္းတစ္စီးကို တစ္ပိႆာငါးဆယ္ႏွင့္လည္းေကာင္း ေရာင္းျမဲရွိ၏။ ထိုသို႔ ဟိတၱိမင္းႀကီးႏွင့္ ရွုရိမင္းႀကီးအေပါင္းတို႔သည္ အဲဂုတၱဳရထားႏွင့္ ျမင္းတို႔ကိုရတတ္ၾက၏။
Burmese MCLZV
အီဂ်စ္ျပည္မွရထားမ်ားတင္သြင္းမွုကိုမင္း ႀကီး၏အဝယ္ေတာ္မ်ားကခ်ဳပ္ကိုင္ထားၾက၏။ သူတို႔သည္ဟိတၱိႏွင့္ရွုရိဘုရင္တို႔အားျမင္း တစ္ေကာင္လၽွင္ ေငြသားေျခာက္ရာႏွုန္းျဖင့္လည္း ေကာင္း၊ ရထားတစ္စီးလၽွင္ေငြသားတစ္ရာ့ငါး ဆယ္ႏွုန္းျဖင့္လည္းေကာင္းေရာင္းခ်ၾကေလ သည္။
Burmese MSBU
အီဂျစ်ပြည်မှ ရထားတစ်စီးလျှင် ငွေခြောက်ရာရှယ်ကယ်၊ မြင်းတစ်ကောင်လျှင် ငွေတစ်ရာ့ငါးဆယ်ရှယ်ကယ်ဖြင့် ဝယ်ယူတင်သွင်းပြီး ဟိတ္တိဘုရင်၊ ဆီးရီးယားဘုရင်အပေါင်းတို့ထံသို့ တစ်ဆင့်ပြန်လည်ရောင်းချကြ၏။
Burmese MSBZ
အီဂ်စ္ျပည္မွ ရထားတစ္စီးလွ်င္ ေငြေျခာက္ရာရွယ္ကယ္၊ ျမင္းတစ္ေကာင္လွ်င္ ေငြတစ္ရာ့ငါးဆယ္ရွယ္ကယ္ျဖင့္ ဝယ္ယူတင္သြင္းၿပီး ဟိတၱိဘုရင္၊ ဆီးရီးယားဘုရင္အေပါင္းတို႔ထံသို႔ တစ္ဆင့္ျပန္လည္ေရာင္းခ်ၾက၏။