1 Kings 12:7 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
မှူးမတ်တို့က``အရှင်သည်ထိုသူတို့အားအကျိုး ပြုလိုတော်မူပါလျှင် သူတို့၏ပန်ကြားချက်ကို လိုက်လျောတော်မူပါ။ သူတို့သည်အရှင်၏အမှု တော်ကို အစဉ်အမြဲသစ္စာနှင့်ထမ်းဆောင်ကြ ပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။
Burmese 1835 Version Judson
သူတို့က၊ ကိုယ်တော်သည် ယနေ့ဤသူတို့၏ ကျွန်ခံလျက်၊ သူတို့အမှုကို စောင့်၍ ကောင်းသော စကား နှင့်ပြန်ပြောတော်မူလျှင်၊ သူတို့သည် အစဉ်ကိုယ်တော်၏ ကျွန်ခံကြပါလိမ့်မည်ဟု လျှောက်ထားကြ၏။
Burmese 1928
လူ ကြီး တို့ က ဘု ရင် မင်း သည် ယ နေ့ ဤ ပ ရိ သတ် အောက် ကျွန် သ ဖွယ် သူ တို့ အ လို အ တိုင်း ဆောင် ရွက် လျက်၊ ကောင်း သော စ ကား ဖြင့် ပြန် ဆို တော် မူ လျှင် ဘု ရင် မင်း အောက်၊ အ စဉ် ကျွန် ခံ ပါ လိမ့် မည် ဟု တင် လျှောက် ကြ သော် လည်း
Burmese 2021
သူတို့က၊ ကိုယ်တော်သည် ယနေ့ဤသူတို့၏ကျွန်ခံလျက်၊ သူတို့အမှုကိုစောင့်၍ ကောင်းသောစကားနှင့် ပြန်ပြောတော်မူလျှင်၊ သူတို့သည် အစဉ် ကိုယ်တော်၏ကျွန်ခံကြပါလိမ့်မည်ဟု လျှောက်ထားကြ၏။
Burmese JBZV
Burmese MCLZV
Burmese MSBU
သူတို့က “ယနေ့ မင်းကြီးသည် ဤလူတို့၏အမှုကိုထမ်းဆောင်၍ သူတို့၏အစေကိုခံလျက် သူတို့ကို ကောင်းမွန်စွာပြောဆိုဆက်ဆံမည်ဆိုလျှင် သူတို့သည် မင်းကြီးထံအစဉ်အမြဲအစေခံကြပါလိမ့်မည်”ဟု ပြန်လျှောက်ကြ၏။
Burmese MSBZ