1 Kings 16:7 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထာဝရဘုရားအားဗာရှာပြစ်မှားသည့်အပြစ် များအတွက်ကြောင့် ပရောဖက်ယေဟုသည်ဗာရှာ နှင့်အိမ်ထောင်စုအားထိုဗျာဒိတ်တော်ကိုဆင့် ဆို၏။ ဗာရှာသည်မိမိ၏အလျင်အုပ်စိုးခဲ့သည့် ယေရောဗောင်မင်းကဲ့သို့အပြစ်ကူးသည်သာ မက ယေရောဗောင်နှင့်အိမ်ထောင်စုသားအပေါင်း ကိုလည်းသတ်ဖြတ်သဖြင့် ထာဝရဘုရားသည် သူ့အားအမျက်ထွက်တော်မူ၏။
Burmese 1835 Version Judson
ဗာရှာသည် ယေရောဗောင်အမျိုးနှင့်တူ၍ ထိုအမျိုးကို လုပ်ကြံသောအပြစ်၊ မိမိပြုမူသောအားဖြင့်၊ ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်၍၊ ရှေ့တော်၌ ပြစ်မှားသမျှသော အပြစ်ကြောင့် ထာဝရဘုရား၏ နှုတ် ကပတ်တော်သည် ဗာရှာကိုအကြောင်းပြု၍၊ ဟာနန်၏ သားယေဟုအားဖြင့် ရောက်လာသည်နှင့်အညီ၊
Burmese 1928
ထို သို့ ပင် ယေ ရော ဗောင် မင်း မျိုး ကဲ့ သို့ အ မျက် တော် တိုက် သော ကာ ယ ကံ မှု ဖြင့် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဗာ ရှာ မင်း ပြု သ မျှ သော ဆိုး သွမ်း မှု ကြောင့်လည်း ကောင်း၊ လုပ် ကြံ မှု ကြောင့်လည်း ကောင်း၊ ထာ ဝ ရ ဘုရား ၏ ဗျာ ဒိတ် တော် သည် ဟာ နန့် သား ပ ရော ဖက် ယေ ဟု အား ဖြင့် ဗာ ရှာ မင်း နှင့် အ မျိုး အ နွယ် ပါ ရည် ၍ ရောက် လာ သ တည်း။
Burmese 2021
ဗာရှာသည် ယေရောဗောင်အမျိုးနှင့်တူ၍ ထိုအမျိုးကို လုပ်ကြံသောအပြစ်၊ မိမိပြုမူသောအားဖြင့်၊ ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်၍၊ ရှေ့တော်၌ ပြစ်မှားသမျှသောအပြစ်ကြောင့် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဗာရှာကိုအကြောင်းပြု၍၊ ဟာနန်၏သားယေဟုအားဖြင့် ရောက်လာသည်နှင့်အညီ၊
Burmese JBZV
Burmese MCLZV
Burmese MSBU
ဗာရှာမင်းကြီးသည် ယေရောဗောင်အမျိုးအနွယ်ကဲ့သို့ပင် မိမိလက်ဖြင့်ပြုလုပ်သောအရာအားဖြင့် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုအလုံးစုံတို့ကိုပြု၍ အမျက်တော်ကိုနှိုးဆော်ပြီး ယေရောဗောင်အမျိုးအနွယ်ကိုလည်း ဖျက်ဆီးပစ်သောကြောင့် ဟာနနိ၏သား ပရောဖက်ယေဟုအားဖြင့် ဗာရှာမင်းကြီးနှင့် သူ၏အမျိုးအနွယ်ကိုဆန့်ကျင်ဆင့်ဆိုသော ထာဝရဘုရား၏နှုတ်ကပတ်တော် ရောက်လာ၏။
Burmese MSBZ