1 Kings 18:34 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ဧလိယက``တစ်ဖန်လောင်းဦးလော့'' ဟုဆို၏။ လူတို့သည်နောက်တစ်ကြိမ်လောင်းပြီးသောအခါ ဧလိယက``ထပ်မံ၍လောင်းဦးလော့'' ဟုဆို ပြန်၏။ လူတို့သည်လည်းထပ်မံ၍လောင်းကြ သဖြင့်၊-
Burmese 1835 Version Judson
အိုးလေးလုံးကိုရေနှင့် အပြည့်ထည့်၍၊ မီးရှို့စရာ ယဇ်နှင့်ထင်းပေါ်မှာလောင်းကြလော့ဟု ဆိုသည်အတိုင်း သူတို့သည် လောင်းပြီးမှ၊ တဖန်လောင်းကြဦးလော့ဟု ဆိုသည်အတိုင်း သူတို့သည်လောင်းပြီးမှ၊ သုံးကြိမ် တိုင်အောင် လောင်းကြလော့ဟုဆိုသည်အတိုင်း၊ သူတို့သည် သုံးကြိမ်တိုင်အောင် လောင်းကြ၏။
Burmese 1928
တစ် ဖန် လောင်း ဦး လော့ ဟူ၍ လည်း ကောင်း၊ ဆို သည့် အ တိုင်း လောင်း ကြ ရာ ထပ်၍ လောင်း ဦး လော့ ဟု မိန့် ဆို သည့် လျောက်
Burmese 2021
အိုးလေးလုံးကို ရေနှင့်အပြည့်ထည့်၍၊ မီးရှို့စရာယဇ်နှင့် ထင်းပေါ်မှာလောင်းကြလော့ဟု ဆိုသည်အတိုင်း သူတို့သည်လောင်းပြီးမှ၊ တစ်ဖန် လောင်းကြဦးလော့ဟု ဆိုသည်အတိုင်း သူတို့သည်လောင်းပြီးမှ၊ သုံးကြိမ်တိုင်အောင် လောင်းကြလော့ဟု ဆိုသည်အတိုင်း၊ သူတို့သည် သုံးကြိမ်တိုင်အောင် လောင်းကြ၏။
Burmese JBZV
အိုးေလးလုံးကို ေရႏွင့္အျပည့္ထည့္၍၊ မီးရွို႔စရာယဇ္ႏွင့္ ထင္းေပၚမွာေလာင္းၾကေလာ့ဟု ဆိုသည္အတိုင္း သူတို႔သည္ေလာင္းၿပီးမွ၊ တစ္ဖန္ ေလာင္းၾကဦးေလာ့ဟု ဆိုသည္အတိုင္း သူတို႔သည္ေလာင္းၿပီးမွ၊ သုံးႀကိမ္တိုင္ေအာင္ ေလာင္းၾကေလာ့ဟု ဆိုသည္အတိုင္း၊ သူတို႔သည္ သုံးႀကိမ္တိုင္ေအာင္ ေလာင္းၾက၏။
Burmese MCLZV
ဧလိယက``တစ္ဖန္ေလာင္းဦးေလာ့'' ဟုဆို၏။ လူတို႔သည္ေနာက္တစ္ႀကိမ္ေလာင္းၿပီးေသာအခါ ဧလိယက``ထပ္မံ၍ေလာင္းဦးေလာ့'' ဟုဆို ျပန္၏။ လူတို႔သည္လည္းထပ္မံ၍ေလာင္းၾက သျဖင့္၊-
Burmese MSBU
ထို့နောက် “အိုးလေးလုံးကို ရေဖြည့်ပြီး မီးရှို့ရာယဇ်ကောင်နှင့် ထင်းများပေါ် လောင်းချပါ”ဟု ဆို၏။ “ဒုတိယအကြိမ် လောင်းပါ”ဟု ဆိုသဖြင့် လူတို့သည် ဒုတိယအကြိမ်ထပ်လောင်းကြ၏။ “တတိယအကြိမ် လောင်းပါ”ဟု ဆိုပြန်သဖြင့် လူတို့သည် တတိယအကြိမ်ထပ်လောင်းကြ၏။
Burmese MSBZ
ထို႔ေနာက္ “အိုးေလးလုံးကို ေရျဖည့္ၿပီး မီးရႈိ႕ရာယဇ္ေကာင္ႏွင့္ ထင္းမ်ားေပၚ ေလာင္းခ်ပါ”ဟု ဆို၏။ “ဒုတိယအႀကိမ္ ေလာင္းပါ”ဟု ဆိုသျဖင့္ လူတို႔သည္ ဒုတိယအႀကိမ္ထပ္ေလာင္းၾက၏။ “တတိယအႀကိမ္ ေလာင္းပါ”ဟု ဆိုျပန္သျဖင့္ လူတို႔သည္ တတိယအႀကိမ္ထပ္ေလာင္းၾက၏။