1 Kings 19:21 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထိုအခါဧလိရှဲသည် မိမိ၏နွားနှစ်ကောင်ကို သတ်ပြီးလျှင် နွားထမ်းပိုးကိုထင်းလုပ်၍ချက်၏။ ထိုနောက်အမဲသားဟင်းကိုလူတို့အားကျွေး မွေးပြီးလျှင် ဧလိယ၏နောက်သို့တပည့် အဖြစ်လိုက်သွားလေသည်။
Burmese 1835 Version Judson
ဧလိရှဲသည်ပြန်သွား၍ နွားယှဉ်းကိုသတ်ပြီးမှ၊ နွားသားကို လယ်ထွန်သော တန်ဆာနှင့် ပြုတ်၍ လူများ တို့အား ကျွေးလေ၏။ သို့ပြီးမှထ၍ ဧလိယနောက်သို့ လိုက်လျက် လက်ထောက်ဖြစ်လေ၏။
Burmese 1928
ဧ လိ ရှဲ ပြန် သွား၍ ကိုယ့် နွား တစ် ရှဉ်း ကို စီ ရင် လျက် ထယ် ကိ ရိ ယာ များ နှင့် ချက်၍ လုပ် သား တို့ အား ကျွေး ပြီး မှ ဧ လိ ယ နောက် သို့ လိုက် လျက် တ ပည့် ဖြစ် လေ ၏။
Burmese 2021
ဧလိရှဲသည်ပြန်သွား၍ နွားတစ်ရှဉ်းကိုသတ်ပြီးမှ၊ နွားသားကို လယ်ထွန်သောတန်ဆာနှင့်ပြုတ်၍ လူများတို့အားကျွေးလေ၏။ သို့ပြီးမှ ထ၍ ဧလိယနောက်သို့လိုက်လျက် လက်ထောက်ဖြစ်လေ၏။
Burmese JBZV
ဧလိရွဲသည္ျပန္သြား၍ ႏြားတစ္ရွဥ္းကိုသတ္ၿပီးမွ၊ ႏြားသားကို လယ္ထြန္ေသာတန္ဆာႏွင့္ျပဳတ္၍ လူမ်ားတို႔အားေကၽြးေလ၏။ သို႔ၿပီးမွ ထ၍ ဧလိယေနာက္သို႔လိုက္လ်က္ လက္ေထာက္ျဖစ္ေလ၏။
Burmese MCLZV
ထိုအခါဧလိရွဲသည္ မိမိ၏ႏြားႏွစ္ေကာင္ကို သတ္ၿပီးလၽွင္ ႏြားထမ္းပိုးကိုထင္းလုပ္၍ခ်က္၏။ ထိုေနာက္အမဲသားဟင္းကိုလူတို႔အားေကၽြး ေမြးၿပီးလၽွင္ ဧလိယ၏ေနာက္သို႔တပည့္ အျဖစ္လိုက္သြားေလသည္။
Burmese MSBU
ထိုအခါ ဧလိရှဲသည် ဧလိယနောက်လိုက်သွားရာမှပြန်လာ၍ နွားတစ်ရှဉ်းကိုယူပြီး သတ်၏။ နွားထမ်းပိုးကိုထင်းလုပ်၍ ဟင်းချက်ပြီးလျှင် လူတို့အားကျွေးမွေးသဖြင့် လူတို့လည်း စားကြ၏။ ထို့နောက် သူသည် ဧလိယနောက်သို့လိုက်၍ တပည့်ခံလေ၏။
Burmese MSBZ
ထိုအခါ ဧလိရွဲသည္ ဧလိယေနာက္လိုက္သြားရာမွျပန္လာ၍ ႏြားတစ္ရွဥ္းကိုယူၿပီး သတ္၏။ ႏြားထမ္းပိုးကိုထင္းလုပ္၍ ဟင္းခ်က္ၿပီးလွ်င္ လူတို႔အားေကြၽးေမြးသျဖင့္ လူတို႔လည္း စားၾက၏။ ထို႔ေနာက္ သူသည္ ဧလိယေနာက္သို႔လိုက္၍ တပည့္ခံေလ၏။