1 Kings 3:6 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ရှောလမုန်က``ကိုယ်တော်ရှင်သည်ကိုယ်တော်၏ အစေခံ အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်အား မဟာမေတ္တာတော်ကိုအစဉ်အမြဲပြတော်မူ ပါ၏။ သူသည်ကိုယ်တော်ရှင်၏ရှေ့တော်တွင် ကောင်း မွန်ရိုးဖြောင့်စွာသစ္စာနှင့်ကျင့်ကြံပြုမူခဲ့ပါ၏။ သို့ဖြစ်၍ကိုယ်တော်ရှင်သည်သူ့အားသားတော် တစ်ပါးကိုပေးသနားတော်ခြင်းအားဖြင့် ကရုဏာတော်ကိုဆက်လက်၍ပြတော်မူ ပါ၏။ ယနေ့ထိုသားတော်သည် မိမိခမည်း တော်၏ရာဇပလ္လင်ပေါ်တွင်ထိုင်လျက်ရှိ ပါ၏။-
Burmese 1835 Version Judson
ရှောလမုန်ကလည်း၊ ကိုယ်တော်၏ ကျွန် အကျွန်ုပ်၏အဘဒါဝိဒ်သည် ရှေ့တော်၌ သဘောဖြောင့် ၍ သမ္မာတရား၊ ဖြောင့်မတ်ခြင်းတရားအတိုင်း ကျင့် သည်နှင့်အညီ၊ သူ၌များစွာသော ကျေးဇူးကို ပြုတော်မူ ပြီ။ ယနေ့တွင်ရှိသည်အတိုင်း၊ သူ၏ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော သားကိုသူ့အား ပေးသနားတော်မူသဖြင့်၊ သူ့အဘို့ကျေးဇူးတရားကို စောင့်ရှောက်တော်မူပြီ။
Burmese 1928
ရှော လ မုန် မင်း က ကိုယ် တော့် ကျွန်၊ အ ကျွန်ုပ်၏ ခ မည်း တော် ဒါ ဝိဒ် မင်း သည် သ ဘော ဖြောင့် လျက် သ စ္စာ စောင့် လျက် တ ရား အ တိုင်း မျက် မှောက် တော် တွင် ကျင့် ကြံ ပြု မူ သည် နှင့် အ ညီ ကျေး ဇူး အ ထူး ကို ပြု တော် မူ ခဲ့ ပါ ပြီ။ ၎င်း ပြင် သား ကို ခ မည်း တော့် ရာ ဇ ပ လ္လင် ထက် ဝယ် ထိုင် ခွင့် ပေး တော် မူ လျက် ယ ခု ပြု သော ကျေး ဇူး အ ထူး ကို ရံ ထား တော် မူ ပါ ၏။
Burmese 2021
ရှောလမုန်ကလည်း၊ ကိုယ်တော်၏ကျွန် အကျွန်ုပ်၏အဘဒါဝိဒ်သည် ရှေ့တော်၌ သဘောဖြောင့်၍ သမ္မာတရား၊ ဖြောင့်မတ်ခြင်းတရားအတိုင်း ကျင့်သည်နှင့်အညီ၊ သူ၌များစွာသောကျေးဇူးကို ပြုတော်မူပြီ။ ယနေ့တွင်ရှိသည်အတိုင်း၊ သူ၏ရာဇပလ္လင်ပေါ်မှာ ထိုင်ရသောသားကို သူ့အား ပေးသနားတော်မူသဖြင့်၊ သူ့အဖို့ ကျေးဇူးတရားကို စောင့်ရှောက်တော်မူပြီ။
Burmese JBZV
ေရွာလမုန္ကလည္း၊ ကိုယ္ေတာ္၏ကၽြန္ အကၽြန္ုပ္၏အဘဒါဝိဒ္သည္ ေရွ႕ေတာ္၌ သေဘာေျဖာင့္၍ သမၼာတရား၊ ေျဖာင့္မတ္ျခင္းတရားအတိုင္း က်င့္သည္ႏွင့္အညီ၊ သူ၌မ်ားစြာေသာေက်းဇူးကို ျပဳေတာ္မူၿပီ။ ယေန႔တြင္ရွိသည္အတိုင္း၊ သူ၏ရာဇပလႅင္ေပၚမွာ ထိုင္ရေသာသားကို သူ႔အား ေပးသနားေတာ္မူသျဖင့္၊ သူ႔အဖို႔ ေက်းဇူးတရားကို ေစာင့္ေရွာက္ေတာ္မူၿပီ။
Burmese MCLZV
ေရွာလမုန္က``ကိုယ္ေတာ္ရွင္သည္ကိုယ္ေတာ္၏ အေစခံ အကၽြန္ုပ္၏ခမည္းေတာ္ဒါဝိဒ္အား မဟာေမတၱာေတာ္ကိုအစဥ္အျမဲျပေတာ္မူ ပါ၏။ သူသည္ကိုယ္ေတာ္ရွင္၏ေရွ႕ေတာ္တြင္ ေကာင္း မြန္ရိုးေျဖာင့္စြာသစၥာႏွင့္က်င့္ႀကံျပဳမူခဲ့ပါ၏။ သို႔ျဖစ္၍ကိုယ္ေတာ္ရွင္သည္သူ႔အားသားေတာ္ တစ္ပါးကိုေပးသနားေတာ္ျခင္းအားျဖင့္ က႐ုဏာေတာ္ကိုဆက္လက္၍ျပေတာ္မူ ပါ၏။ ယေန႔ထိုသားေတာ္သည္ မိမိခမည္း ေတာ္၏ရာဇပလႅင္ေပၚတြင္ထိုင္လ်က္ရွိ ပါ၏။-
Burmese MSBU
ရှောလမုန်မင်းကြီးကလည်း “အရှင့်အစေအပါး အကျွန်ုပ်၏ခမည်းတော် ဒါဝိဒ်မင်းကြီးသည် ကိုယ်တော်၏ရှေ့တော်တွင် သစ္စာစောင့်လျက်၊ ဖြောင့်မတ်လျက်၊ စိတ်နှလုံးမှန်ကန်စွာ အသက်ရှင်လျှောက်လှမ်းခဲ့သဖြင့် ကိုယ်တော်သည် သူ့အား ကြီးမားသောမေတ္တာကရုဏာကို ပြတော်မူခဲ့ပြီ။ ဤကြီးမားသောမေတ္တာကရုဏာတော်ကို ဆက်လက်ပြသလျက် သူ့သားကို သူ၏ရာဇပလ္လင်ပေါ်တွင် ယနေ့ စံမြန်းစေတော်မူလေပြီ။
Burmese MSBZ
ေရွာလမုန္မင္းႀကီးကလည္း “အရွင့္အေစအပါး အကြၽႏ္ုပ္၏ခမည္းေတာ္ ဒါဝိဒ္မင္းႀကီးသည္ ကိုယ္ေတာ္၏ေရွ႕ေတာ္တြင္ သစၥာေစာင့္လ်က္၊ ေျဖာင့္မတ္လ်က္၊ စိတ္ႏွလုံးမွန္ကန္စြာ အသက္ရွင္ေလွ်ာက္လွမ္းခဲ့သျဖင့္ ကိုယ္ေတာ္သည္ သူ႔အား ႀကီးမားေသာေမတၱာက႐ုဏာကို ျပေတာ္မူခဲ့ၿပီ။ ဤႀကီးမားေသာေမတၱာက႐ုဏာေတာ္ကို ဆက္လက္ျပသလ်က္ သူ႔သားကို သူ၏ရာဇပလႅင္ေပၚတြင္ ယေန႔ စံျမန္းေစေတာ္မူေလၿပီ။