1 Kings 5:6 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သို့ဖြစ်၍ကျွန်ုပ်အတွက်သစ်ကတိုးပင် များကိုခုတ်လှဲပေးရန် လေဗနုန်တောသို့ အဆွေတော်၏လူတို့ကိုစေလွှတ်ပေးစေ လိုပါသည်။ ကျွန်ုပ်အစေခံများသည်လည်း ကူညီစေပါမည်။ အဆွေတော်ဆုံးဖြတ် သည့်အခကြေးငွေကိုကျွန်ုပ်ပေးပါမည်။ အဆွေတော်သိသည့်အတိုင်း ကျွန်ုပ်၏လူ တို့သည်အဆွေတော်၏လူတို့ကဲ့သို့သစ် ခုတ်မှုတွင်မကျွမ်းကျင်ကြပါ'' ဟုမှာ ကြားလိုက်၏။
Burmese 1835 Version Judson
မင်းကြီး၏ ကျွန်တို့သည် ငါ့အဘို့ လေဗနုန် တောင်ပေါ်မှာ အာရဇ်ပင်တို့ကို ခုတ်လှဲစေခြင်းငှါ စီရင် ပါ။ ငါ့ကျွန်တို့သည် မင်းကြီးကျွန်တို့နှင့်ဝိုင်း၍ လုပ်ကိုင် ကြလိမ့်မည်။ မင်းကြီးစီရင်သည်အတိုင်း၊ မင်းကြီး၏ ကျွန်တို့အား အခကိုပေးပါမည်။ ဇိဒုန်အမျိုးသားတို့သည် သစ်ခုတ်တတ်သကဲ့သို့ ငါ့တို့တွင် အဘယ်သူမျှ ခုတ်တတ် သည်ကို မင်းကြီးသိသည်ဟု မှာလိုက်လေ၏။
Burmese 1928
လေ ဗ နုန် တော ရှိ သစ် က တိုး သစ် များ ကို ကျွန်ုပ် အ ဖို့ ခုတ် လုပ် ရန် အ မှု ထမ်း တို့ အား အ မိန့် ပေး ပါ လော့။ အ ကြည် တော် ဆုံး ဖြတ် ရာ အ ခ ကို ပေး မည့် ပြင် ကျွန်ုပ် အ မှု ထမ်း တို့ လည်း ကူ ညီ စေ ပါ မည်။ ဇိ ဒုန် လူ မျိုး တို့ အ ခုတ် အ လုပ် ကျွမ်း ကျင် သည့် နည်း တူ ကျွန်ုပ် တွင် ကျွမ်း ကျင် သူ မ ရှိ ကြောင်း အ ကြည် တော် သိ ပါ သည် ဟု အ မှာ တော် သ လိုက် လေ ၏။
Burmese 2021
မင်းကြီး၏ကျွန်တို့သည် ငါ့အဖို့ လေဗနုန်တောင်ပေါ်မှာ အာရဇ်ပင်တို့ကို ခုတ်လှဲစေခြင်းငှာ စီရင်ပါ။ ငါ့ကျွန်တို့သည် မင်းကြီးကျွန်တို့နှင့်ဝိုင်း၍ လုပ်ကိုင်ကြလိမ့်မည်။ မင်းကြီးစီရင်သည်အတိုင်း၊ မင်းကြီး၏ ကျွန်တို့အား အခကိုပေးပါမည်။ ဇိဒုန်အမျိုးသားတို့သည် သစ်ခုတ်တတ်သကဲ့သို့ ငါတို့တွင် အဘယ်သူမျှ မခုတ်တတ်သည်ကို မင်းကြီးသိသည်ဟု မှာလိုက်လေ၏။
Burmese JBZV
မင္းႀကီး၏ကၽြန္တို႔သည္ ငါ့အဖို႔ ေလဗႏုန္ေတာင္ေပၚမွာ အာရဇ္ပင္တို႔ကို ခုတ္လွဲေစျခင္းငွာ စီရင္ပါ။ ငါ့ကၽြန္တို႔သည္ မင္းႀကီးကၽြန္တို႔ႏွင့္ဝိုင္း၍ လုပ္ကိုင္ၾကလိမ့္မည္။ မင္းႀကီးစီရင္သည္အတိုင္း၊ မင္းႀကီး၏ ကၽြန္တို႔အား အခကိုေပးပါမည္။ ဇိဒုန္အမ်ိဳးသားတို႔သည္ သစ္ခုတ္တတ္သကဲ့သို႔ ငါတို႔တြင္ အဘယ္သူမၽွ မခုတ္တတ္သည္ကို မင္းႀကီးသိသည္ဟု မွာလိုက္ေလ၏။
Burmese MCLZV
သို႔ျဖစ္၍ကၽြန္ုပ္အတြက္သစ္ကတိုးပင္ မ်ားကိုခုတ္လွဲေပးရန္ ေလဗႏုန္ေတာသို႔ အေဆြေတာ္၏လူတို႔ကိုေစလႊတ္ေပးေစ လိုပါသည္။ ကၽြန္ုပ္အေစခံမ်ားသည္လည္း ကူညီေစပါမည္။ အေဆြေတာ္ဆုံးျဖတ္ သည့္အခေၾကးေငြကိုကၽြန္ုပ္ေပးပါမည္။ အေဆြေတာ္သိသည့္အတိုင္း ကၽြန္ုပ္၏လူ တို႔သည္အေဆြေတာ္၏လူတို႔ကဲ့သို႔သစ္ ခုတ္မွုတြင္မကၽြမ္းက်င္ၾကပါ'' ဟုမွာ ၾကားလိုက္၏။
Burmese MSBU
ထို့ကြောင့် အကျွန်ုပ်အဖို့ လက်ဘနွန်တောင်မှ သစ်ကတိုးပင်များကို ခုတ်ပေးကြရန် အမိန့်ထုတ်ပြန်ပါ။ အကျွန်ုပ်၏အမှုထမ်းတို့သည် မင်းကြီး၏အမှုထမ်းတို့နှင့်အတူ အလုပ်လုပ်ကြပါလိမ့်မည်။ မင်းကြီး၏အမှုထမ်းတို့အတွက် လုပ်အားခကိုလည်း မင်းကြီးဆိုသည့်အတိုင်း ပေးပါမည်။ မင်းကြီးသိတော်မူသည့်အတိုင်း အကျွန်ုပ်တွင် ဆီဒုန်လူမျိုးတို့ကဲ့သို့ သစ်ခုတ်ကျွမ်းကျင်သူ မရှိပါ”ဟု မှာကြားလိုက်လေ၏။
Burmese MSBZ
ထို႔ေၾကာင့္ အကြၽႏ္ုပ္အဖို႔ လက္ဘႏြန္ေတာင္မွ သစ္ကတိုးပင္မ်ားကို ခုတ္ေပးၾကရန္ အမိန႔္ထုတ္ျပန္ပါ။ အကြၽႏ္ုပ္၏အမႈထမ္းတို႔သည္ မင္းႀကီး၏အမႈထမ္းတို႔ႏွင့္အတူ အလုပ္လုပ္ၾကပါလိမ့္မည္။ မင္းႀကီး၏အမႈထမ္းတို႔အတြက္ လုပ္အားခကိုလည္း မင္းႀကီးဆိုသည့္အတိုင္း ေပးပါမည္။ မင္းႀကီးသိေတာ္မူသည့္အတိုင္း အကြၽႏ္ုပ္တြင္ ဆီဒုန္လူမ်ိဳးတို႔ကဲ့သို႔ သစ္ခုတ္ကြၽမ္းက်င္သူ မရွိပါ”ဟု မွာၾကားလိုက္ေလ၏။