1 Kings 8:23 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ မိုး​ကောင်း​ကင်​၌​သော်​လည်း​ကောင်း၊ ကမ္ဘာ​မြေ​ကြီး​ပေါ်​၌​သော်​လည်း​ကောင်း​ကိုယ်​တော် နှင့်​တူ​သော​ဘု​ရား​မ​ရှိ​ပါ။ ကိုယ်​တော်​၏​လူ​မျိုး တော်​သည် ကိုယ်​တော့်​စ​ကား​တော်​ကို​စိတ်​နှ​လုံး အ​ကြွင်း​မဲ့​လိုက်​နာ​ကျင့်​သုံး​ကြ​သော​အ​ခါ ကိုယ်​တော်​သည်​သူ​တို့​နှင့်​ထား​ရှိ​သည့်​ပ​ဋိ​ညာဉ် တော်​ကို​စောင့်​ထိန်း​တော်​မူ​လျက် သူ​တို့​အား မေတ္တာ​က​ရု​ဏာ​တော်​ကို​ပြ​တော်​မူ​ပါ​၏။-
Burmese 1835 Version Judson
အို ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရ ဘုရား၊ အထက်ကောင်းကင်ဘုံနှင့်အောက်အရပ်မြေကြီး ပေါ်မှာ ကိုယ်တော်နှင့်တူသော ဘုရားတဆူမျှမရှိပါ။ ရှေ့တော်၌ စိတ်နှလုံးအကြွင်းမဲ့ကျင့်သော ကိုယ်တော်၏ ကျွန်တို့အဘို့ ပဋိညာဉ်တရားနှင့် ကရုဏာတရားကို စောင့်ရှောက်တော်မူပြီ။
Burmese 1928
အို ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင်၊ ထာ ဝ ရ ဘု ရား၊ မျက် မှောက် တော် တွင် စိတ် နှလုံး အ ကြွင်း မဲ့ ကျင့် ကြံ ပြု မူ သော ကိုယ် တော်၏ ကျွန် များ အား ပ ဋိ ညာဉ် နှင့် က ရု ဏာ တော် ကို စောင့် ခြင်း၊ ကျွန် တော် ရင်း ခ မည်း တော် ဒါ ဝိဒ် မင်း အား ထား ခဲ့ သော သ စ္စာ တော် ကို ထိန်း ခြင်း၊ ဗျာ ဒိတ် တော် ပေး ၍ ယ နေ့ ဖြစ် လာ သည့် အ တိုင်း လက် ရုံး တော် ဖြင့် အ တည် ပြု ခြင်း များ ကို စီ ရင် တော် မူ သော ကိုယ် တော် နှင့် တူ သော ဘု ရား၊ အ ထက် ကောင်း ကင် ၌ သော် လည်း ကောင်း၊ အောက် မြေ ကြီး ၌ သော် လည်း ကောင်း မ ရှိ ပါ။
Burmese 2021
အို ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ထက်​ကောင်း​ကင်​ဘုံ​နှင့် အောက်​အ​ရပ်​မြေ​ကြီး​ပေါ်​မှာ ကိုယ်​တော်​နှင့်​တူ​သော​ဘု​ရား တစ်​ဆူ​မျှ​မ​ရှိ​ပါ။ ရှေ့​တော်၌ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ကျင့်​သော ကိုယ်​တော်၏​ကျွန်​တို့​အ​ဖို့ ပ​ဋိ​ညာဉ်​တ​ရား​နှင့် က​ရု​ဏာ​တ​ရား​ကို စောင့်​ရှောက်​တော်​မူ​ပြီ။
Burmese JBZV
အို ဣ​သ​ေရ​လ​အ​မ်ိဳး၏ ဘု​ရား​သ​ခင္​ထာ​ဝ​ရ​ဘု​ရား၊ အ​ထက္​ေကာင္း​ကင္​ဘုံ​ႏွင့္ ေအာက္​အ​ရပ္​ေျမ​ႀကီး​ေပၚ​မွာ ကိုယ္​ေတာ္​ႏွင့္​တူ​ေသာ​ဘု​ရား တစ္​ဆူ​မၽွ​မ​ရွိ​ပါ။ ေရွ႕​ေတာ္၌ စိတ္​ႏွ​လုံး​အ​ႂကြင္း​မဲ့​က်င့္​ေသာ ကိုယ္​ေတာ္၏​ကၽြန္​တို႔​အ​ဖို႔ ပ​ဋိ​ညာဥ္​တ​ရား​ႏွင့္ က​႐ု​ဏာ​တ​ရား​ကို ေစာင့္​ေရွာက္​ေတာ္​မူ​ၿပီ။
Burmese MCLZV
``အို ဣ​သ​ေရ​လ​အ​မ်ိဳး​သား​တို႔​၏​ဘု​ရား​သ​ခင္ ထာ​ဝ​ရ​ဘု​ရား၊ မိုး​ေကာင္း​ကင္​၌​ေသာ္​လည္း​ေကာင္း၊ ကမၻာ​ေျမ​ႀကီး​ေပၚ​၌​ေသာ္​လည္း​ေကာင္း​ကိုယ္​ေတာ္ ႏွင့္​တူ​ေသာ​ဘု​ရား​မ​ရွိ​ပါ။ ကိုယ္​ေတာ္​၏​လူ​မ်ိဳး ေတာ္​သည္ ကိုယ္​ေတာ့္​စ​ကား​ေတာ္​ကို​စိတ္​ႏွ​လုံး အ​ႂကြင္း​မဲ့​လိုက္​နာ​က်င့္​သုံး​ၾက​ေသာ​အ​ခါ ကိုယ္​ေတာ္​သည္​သူ​တို႔​ႏွင့္​ထား​ရွိ​သည့္​ပ​ဋိ​ညာဥ္ ေတာ္​ကို​ေစာင့္​ထိန္း​ေတာ္​မူ​လ်က္ သူ​တို႔​အား ေမတၱာ​က​႐ု​ဏာ​ေတာ္​ကို​ျပ​ေတာ္​မူ​ပါ​၏။-
Burmese MSBU
“​အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​၊ အထက်​ကောင်းကင်​၊ အောက်​မြေကြီး​ပေါ်တွင် ကိုယ်တော်​နှင့်​တူ​သော​ဘုရား​မ​ရှိ​ပါ​။ ရှေ့​တော်​၌ စိတ်နှလုံး​အကြွင်းမဲ့​လိုက်လျှောက်​သော ကိုယ်တော်​၏​အစေအပါး​တို့​အား ကရုဏာ​တော်​ကို ပြ​တော်မူ​ပြီ​။ ပဋိညာဉ်​ကို တည်​စေ​တော်မူ​ပြီ​။
Burmese MSBZ
“​အစၥေရး​လူမ်ိဳး​၏​ဘုရားသခင္​ထာဝရဘုရား​၊ အထက္​ေကာင္းကင္​၊ ေအာက္​ေျမႀကီး​ေပၚတြင္ ကိုယ္ေတာ္​ႏွင့္​တူ​ေသာ​ဘုရား​မ​ရွိ​ပါ​။ ေရွ႕​ေတာ္​၌ စိတ္ႏွလုံး​အႂကြင္းမဲ့​လိုက္ေလွ်ာက္​ေသာ ကိုယ္ေတာ္​၏​အေစအပါး​တို႔​အား က႐ုဏာ​ေတာ္​ကို ျပ​ေတာ္မူ​ၿပီ​။ ပဋိညာဥ္​ကို တည္​ေစ​ေတာ္မူ​ၿပီ​။