1 Kings 8:53 — Compare Translations
7 translations compared side by side
Burmese (BCL) (Common Language Bible)
ကိုယ်တော်သည်အကျွန်ုပ်တို့၏ဘိုးဘေးများ အားအီဂျစ်ပြည်မှထုတ်ဆောင်လာတော်မူစဉ် အခါက ကိုယ်တော်၏အစေခံမောရှေအားဖြင့် မိန့်မှာတော်မူသည့်အတိုင်း ဤသူတို့အားကိုယ် တော်ပိုင်တော်မူသောလူမျိုးတော်ဖြစ်စေရန် လူ မျိုးတကာတို့အထဲကရွေးချယ်တော်မူခဲ့ ပါ၏'' ဟုဆုတောင်းပတ္ထနာပြုတော်မူ၏။
Burmese 1835 Version Judson
အကြောင်းမူကား၊ အကျွန်ုပ်တို့ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသောအခါ၊ ကိုယ်တော်၏ ကျွန်မောရှေအားဖြင့် မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးကို ကိုယ်တော်အမွေခံရာဖြစ်စေ ခြင်းငှါ၊ မြေကြီးသားအမျိုးမျိုးထဲက ရွေးနှုတ်ခွဲထားတော်မူ ပြီအရှင် ထာဝရဘုရားဟု ပဌနာပြုလေ၏။
Burmese 2021
အကြောင်းမူကား၊ အကျွန်ုပ်တို့ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူသောအခါ၊ ကိုယ်တော်၏ကျွန်မောရှေအားဖြင့် မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးကို ကိုယ်တော်အမွေခံရာဖြစ်စေခြင်းငှာ၊ မြေကြီးသားအမျိုးမျိုးထဲက ရွေးနုတ်ခွဲထားတော်မူပြီ အရှင်ထာဝရဘုရားဟု ပတ္ထနာပြုလေ၏။
Burmese JBZV
Burmese MCLZV
Burmese MSBU
အို ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်တို့၏ဘိုးဘေးတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်လာခဲ့စဉ်က ကိုယ်တော့်အစေအပါးမောရှေအား မိန့်မှာတော်မူခဲ့သည့်အတိုင်း သူတို့ကို ကိုယ်တော်၏အမွေခံလူမျိုးတော်အဖြစ် မြေကြီးပေါ်ရှိလူမျိုးအပေါင်းတို့ထဲမှ ရွေးကောက်တော်မူခဲ့ပါပြီ”ဟု မြွက်ဆို၏။
Burmese MSBZ