1 Kings 8:66 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ရှစ်ရက်မြောက်သောနေ့၌မင်းကြီးသည်လူတို့ အား မိမိတို့ရပ်ရွာများသို့ပြန်စေတော်မူ၏။ ထိုသူအပေါင်းတို့သည်လည်းမင်းကြီးအား ထောမနာပြုကြပြီးလျှင် ထာဝရဘုရား ၏လူမျိုးတော်ဣသရေလအမျိုးသားတို့နှင့် ကိုယ်တော်၏အစေခံဒါဝိဒ်ခံယူရရှိသည့် ကျေးဇူးတော်ကြောင့်ရွှင်လန်းဝမ်းမြောက်စွာ မိမိတို့ရပ်ရွာများသို့ပြန်သွားကြ၏။
Burmese 1835 Version Judson
ရှစ်ရက်မြောက်သောနေ့၌ လူများတို့ကို လွှတ်လိုက်တော်မူ၏။ သူတို့သည် ရှင်ဘုရင်ကို ကောင်းကြီး ပေးလျက်၊ ထာဝရဘုရားသည် မိမိကျွန်ဒါဝိဒ်နှင့် မိမိလူ ဣသရေလအမျိုးသားတို့၌ ပြုတော်မူသမျှသော ကျေးဇူး တော်ကြောင့်၊ ဝမ်းမြောက်ရွှင်လန်းလျက် မိမိတို့နေရာသို့ ပြန်သွားကြ၏။
Burmese 1928
ရှစ် ရက် မြောက် သော နေ့ တွင် ပ ရိ သတ် ကို လွှတ် လိုက် ရာ သူ တို့ သည် ဘု ရင် မင်း ကို သြ ဘာ ဆက် လျက် ကျွန် တော် ရင်း ဒါ ဝိဒ် မင်း နှင့် ဣ သ ရေ လူ မျိုး တော် အား ထာ ဝ ရ ဘု ရား ပြု တော် မူ သ မျှ ကျေး ဇူး တော် ကြောင့် အား ရ ဝမ်း မြောက် စွာ နေ အိမ် များ သို့ ပြန် သွား ကြ ကုန် ၏။
Burmese 2021
ရှစ်ရက်မြောက်သောနေ့၌ လူများတို့ကို လွှတ်လိုက်တော်မူ၏။ သူတို့သည် ရှင်ဘုရင်ကို ကောင်းချီးပေးလျက်၊ ထာဝရဘုရားသည် မိမိကျွန်ဒါဝိဒ်နှင့် မိမိလူဣသရေလအမျိုးသားတို့၌ ပြုတော်မူသမျှသော ကျေးဇူးတော်ကြောင့်၊ ဝမ်းမြောက်ရွှင်လန်းလျက် မိမိတို့နေရာသို့ ပြန်သွားကြ၏။
Burmese JBZV
ရွစ္ရက္ေျမာက္ေသာေန႔၌ လူမ်ားတို႔ကို လႊတ္လိုက္ေတာ္မူ၏။ သူတို႔သည္ ရွင္ဘုရင္ကို ေကာင္းခ်ီးေပးလ်က္၊ ထာဝရဘုရားသည္ မိမိကၽြန္ဒါဝိဒ္ႏွင့္ မိမိလူဣသေရလအမ်ိဳးသားတို႔၌ ျပဳေတာ္မူသမၽွေသာ ေက်းဇူးေတာ္ေၾကာင့္၊ ဝမ္းေျမာက္ရႊင္လန္းလ်က္ မိမိတို႔ေနရာသို႔ ျပန္သြားၾက၏။
Burmese MCLZV
ရွစ္ရက္ေျမာက္ေသာေန႔၌မင္းႀကီးသည္လူတို႔ အား မိမိတို႔ရပ္ရြာမ်ားသို႔ျပန္ေစေတာ္မူ၏။ ထိုသူအေပါင္းတို႔သည္လည္းမင္းႀကီးအား ေထာမနာျပဳၾကၿပီးလၽွင္ ထာဝရဘုရား ၏လူမ်ိဳးေတာ္ဣသေရလအမ်ိဳးသားတို႔ႏွင့္ ကိုယ္ေတာ္၏အေစခံဒါဝိဒ္ခံယူရရွိသည့္ ေက်းဇူးေတာ္ေၾကာင့္ရႊင္လန္းဝမ္းေျမာက္စြာ မိမိတို႔ရပ္ရြာမ်ားသို႔ျပန္သြားၾက၏။
Burmese MSBU
ရှစ်ရက်မြောက်သောနေ့တွင် လူတို့ကို ပြန်လွှတ်လိုက်ရာ သူတို့သည်လည်း ရှင်ဘုရင်ကိုကောင်းချီးပေးပြီး ထာဝရဘုရားက မိမိအစေအပါးဒါဝိဒ်နှင့် မိမိလူမျိုးတော်အစ္စရေးတို့အဖို့ ပြုတော်မူသောကောင်းကျိုးချမ်းသာအလုံးစုံကြောင့် ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် မိမိတို့နေရပ်သို့ပြန်သွားကြ၏။
Burmese MSBZ
ရွစ္ရက္ေျမာက္ေသာေန႔တြင္ လူတို႔ကို ျပန္လႊတ္လိုက္ရာ သူတို႔သည္လည္း ရွင္ဘုရင္ကိုေကာင္းခ်ီးေပးၿပီး ထာဝရဘုရားက မိမိအေစအပါးဒါဝိဒ္ႏွင့္ မိမိလူမ်ိဳးေတာ္အစၥေရးတို႔အဖို႔ ျပဳေတာ္မူေသာေကာင္းက်ိဳးခ်မ္းသာအလုံးစုံေၾကာင့္ ဝမ္းေျမာက္ေပ်ာ္႐ႊင္စြာျဖင့္ မိမိတို႔ေနရပ္သို႔ျပန္သြားၾက၏။