1 Peter 1:6 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
သင်​တို့​သည် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​အ​မျိုး​မျိုး တို့​ကြောင့် ယ​ခု​ခ​ဏ​မျှ​ဝမ်း​နည်း​ရ​ကြ သော်​လည်း အ​ထက်​ဖော်​ပြ​ပါ​အ​ကြောင်း ကြောင့်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့။-
Burmese 1835 Version Judson
အရည်ကျို၍စုံစမ်းခြင်းကိုခံနိုင်သော်လည်း၊ ပျက်စီးတတ်သော ရွှေကိုစစ်ကြောစုံစမ်းခြင်းထက်၊ သင်တို့ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည်သာ၍ မြတ်သည်နှင့်၊ ယေရှုခရစ်ပေါ်ထွန်းတော် မူသောအခါ အချီးအမွမ်း၊ ဂုဏ်သရေ၊ ဘုန်းအာနုဘော် အလိုငှါဖြစ်မည်အကြောင်း၊ အထူးထူးအပြားပြားသော စုံစမ်းနှောင့်ရှက်ခြင်းကို ခံရသောအကြောင်းရှိလျှင်၊
Burmese 1928
မီး ဖြင့် စံ ချ ပြီး သော ပျက် စီး တတ် သည့် ရွှေ ထက် မြတ်၍ စံ တော် မီ သင် တို့ ယုံ ကြည် ခြင်း သည် ယေ ရှု ခ ရစ် ပေါ် တော် မူ သည့် ကာ လ ချီး မွမ်း ဂုဏ် တင်၍ အ သ ရေ ပေး တော် မူ ဖွယ် ဖြစ် စေ ခြင်း ငှါ အ ထပ် ထပ် ဝမ်း နည်း ဖွယ် သော စုံ စမ်း ခြင်း ကို ယ ခု တစ် ခ ဏ မျှ ခံ သင့် သော် လည်း ထို ကာ လ ကို ထောက်၍ များ စွာ ရွှင် လန်း ကြ၏။
Burmese 2021
အ​ရည်​ကျို၍ စုံ​စမ်း​ခြင်း​ကို​ခံ​နိုင်​သော်​လည်း၊ ပျက်​စီး​တတ်​သော ရွှေ​ကို စစ်​ကြော​စုံ​စမ်း​ခြင်း​ထက်၊ သင်​တို့​ယုံ​ကြည်​ခြင်း​ကို စစ်​ကြော​စုံ​စမ်း​ခြင်း​အ​ရာ​သည် သာ၍ မြတ်​သည်​နှင့်၊ ယေ​ရှု​ခ​ရစ် ပေါ်​ထွန်း​တော် မူ​သော​အ​ခါ အ​ချီး​အ​မွမ်း၊ ဂုဏ်​အ​သ​ရေ၊ ဘုန်း​အာ​နု​ဘော် အ​လို​ငှာ​ဖြစ်​မည်​အ​ကြောင်း၊ အ​ထူး​ထူး​အ​ပြား​ပြား​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို ခံ​ရ​သော​အ​ကြောင်း​ရှိ​လျှင်၊ သင်​တို့​သည် ယ​ခု​ခ​ဏ​ခံ​ရ၍ ဝမ်း​နည်း​သော်​လည်း၊ အ​ထက်​ဆို​ခဲ့​ပြီး​သော ကျေး​ဇူး​တော်​ကို​ထောက်၍ ရွှင်​လန်း​သော​စိတ် ရှိ​ကြ၏။-
Burmese JBZV
အ​ရည္​က်ိဳ၍ စုံ​စမ္း​ျခင္း​ကို​ခံ​နိုင္​ေသာ္​လည္း၊ ပ်က္​စီး​တတ္​ေသာ ေရႊ​ကို စစ္​ေၾကာ​စုံ​စမ္း​ျခင္း​ထက္၊ သင္​တို႔​ယုံ​ၾကည္​ျခင္း​ကို စစ္​ေၾကာ​စုံ​စမ္း​ျခင္း​အ​ရာ​သည္ သာ၍ ျမတ္​သည္​ႏွင့္၊ ေယ​ရွု​ခ​ရစ္ ေပၚ​ထြန္း​ေတာ္ မူ​ေသာ​အ​ခါ အ​ခ်ီး​အ​မြမ္း၊ ဂုဏ္​အ​သ​ေရ၊ ဘုန္း​အာ​ႏု​ေဘာ္ အ​လို​ငွာ​ျဖစ္​မည္​အ​ေၾကာင္း၊ အ​ထူး​ထူး​အ​ျပား​ျပား​ေသာ စုံ​စမ္း​ေႏွာင့္​ယွက္​ျခင္း​ကို ခံ​ရ​ေသာ​အ​ေၾကာင္း​ရွိ​လၽွင္၊ သင္​တို႔​သည္ ယ​ခု​ခ​ဏ​ခံ​ရ၍ ဝမ္း​နည္း​ေသာ္​လည္း၊ အ​ထက္​ဆို​ခဲ့​ၿပီး​ေသာ ေက်း​ဇူး​ေတာ္​ကို​ေထာက္၍ ရႊင္​လန္း​ေသာ​စိတ္ ရွိ​ၾက၏။-
Burmese MCLZV
သင္​တို႔​သည္ စုံ​စမ္း​ေႏွာင့္​ယွက္​ျခင္း​အ​မ်ိဳး​မ်ိဳး တို႔​ေၾကာင့္ ယ​ခု​ခ​ဏ​မၽွ​ဝမ္း​နည္း​ရ​ၾက ေသာ္​လည္း အ​ထက္​ေဖာ္​ျပ​ပါ​အ​ေၾကာင္း ေၾကာင့္​ရႊင္​လန္း​ဝမ္း​ေျမာက္​ၾက​ေလာ့။-
Burmese MSBU
သင်​တို့​သည် ယခု​အချိန်​တွင် စုံစမ်း​နှောင့်ယှက်​ခြင်း​အမျိုးမျိုး​ကြောင့် ခေတ္တ​ခဏ​ဝမ်းနည်း​ရ​လျှင်​လည်း အထက်​၌​ဆို​ခဲ့​ပြီး​သော​အကြောင်း​ကြောင့် ရွှင်မြူး​ခြင်း​ရှိ​ကြ​၏။
Burmese MSBZ
သင္​တို႔​သည္ ယခု​အခ်ိန္​တြင္ စုံစမ္း​ေႏွာင့္ယွက္​ျခင္း​အမ်ိဳးမ်ိဳး​ေၾကာင့္ ေခတၱ​ခဏ​ဝမ္းနည္း​ရ​လွ်င္​လည္း အထက္​၌​ဆို​ခဲ့​ၿပီး​ေသာ​အေၾကာင္း​ေၾကာင့္ ႐ႊင္ျမဴး​ျခင္း​ရွိ​ၾက​၏။