1 Peter 3:10 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
အောက်ပါကျမ်းစာတော်အရဖော်ပြသည် နှင့်အညီဖြစ်သည်။ ``မိမိဘဝကိုချစ်မြတ်နိုး၍စီးပွားချမ်း သာကို အလိုရှိသူသည်၊ မိမိ၏လျှာကိုမညစ်ညမ်းစေရန်ထိန်းသိမ်း ရမည်။ မိမိနှုတ်ကိုလည်းလိမ်လည်လှည့်ဖြားမှုနှင့် ကင်းစေရမည်။
Burmese 1835 Version Judson
အသက်ကိုမွေ့လျော်စေ၍၊ ကောင်းမွန်သော နေ့ရက်တို့ကို တွေ့မြင်ခြင်းငှါ အလိုရှိသောသူသည်၊ မိမိလျှာကိုမကောင်းသောအရာနှင့် ကင်းလွတ်စေ။ မိမိနှုတ်ခမ်းလည်းမုသားစကားကို မပြောစေနှင့်။
Burmese 1928
ထို အ တိုင်း အ သက် ကို နှစ် သက်၍ ကောင်း စား သော နေ့ ရက် များ ကို တွေ့ မြင် လို သူ သည် ကိုယ့် လျှာ ကို မ ကောင်း သော အ ရာ မှ လည်း ကောင်း၊ ကိုယ် နှုတ် ကို ပ ရိ ယာယ် ပြော ဆို ခြင်း မှ လည်း ကောင်း၊ စောင့် ရှောက် စေ။
Burmese 2021
အသက်ကို မွေ့လျော်စေ၍၊ ကောင်းမွန်သော နေ့ရက်တို့ကို တွေ့မြင်ခြင်းငှာ အလိုရှိသောသူသည်၊ မိမိလျှာကို မကောင်းသောအရာနှင့် ကင်းလွတ်စေ။ မိမိနှုတ်ခမ်းလည်း မုသားစကားကို မပြောစေနှင့်။-
Burmese JBZV
အသက္ကို ေမြ႕ေလ်ာ္ေစ၍၊ ေကာင္းမြန္ေသာ ေန႔ရက္တို႔ကို ေတြ႕ျမင္ျခင္းငွာ အလိုရွိေသာသူသည္၊ မိမိလၽွာကို မေကာင္းေသာအရာႏွင့္ ကင္းလြတ္ေစ။ မိမိႏွုတ္ခမ္းလည္း မုသားစကားကို မေျပာေစႏွင့္။-
Burmese MCLZV
ေအာက္ပါက်မ္းစာေတာ္အရေဖာ္ျပသည္ ႏွင့္အညီျဖစ္သည္။ ``မိမိဘဝကိုခ်စ္ျမတ္နိုး၍စီးပြားခ်မ္း သာကို အလိုရွိသူသည္၊ မိမိ၏လၽွာကိုမညစ္ညမ္းေစရန္ထိန္းသိမ္း ရမည္။ မိမိႏွုတ္ကိုလည္းလိမ္လည္လွည့္ျဖားမွုႏွင့္ ကင္းေစရမည္။
Burmese MSBU
အကြောင်းမူကား အသက်ရှင်ခြင်းကိုနှစ်သက်၍ ကောင်းသောနေ့ရက်တို့ကို တွေ့မြင်လိုသောသူသည် မိမိလျှာကိုချုပ်တည်း၍ မကောင်းသောစကားနှင့်ကင်းလွတ်စေ။ မိမိနှုတ်ကိုလည်းချုပ်တည်း၍ မုသားမပြောမိစေနှင့်။
Burmese MSBZ
အေၾကာင္းမူကား အသက္ရွင္ျခင္းကိုႏွစ္သက္၍ ေကာင္းေသာေန႔ရက္တို႔ကို ေတြ႕ျမင္လိုေသာသူသည္ မိမိလွ်ာကိုခ်ဳပ္တည္း၍ မေကာင္းေသာစကားႏွင့္ကင္းလြတ္ေစ။ မိမိႏႈတ္ကိုလည္းခ်ဳပ္တည္း၍ မုသားမေျပာမိေစႏွင့္။