1 Peter 3:5 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ရှေး​အ​ခါ​က​ဘု​ရား​တ​ရား​ကြည်​ညို​၍ ဘု​ရား​သ​ခင်​ကို​မျှော်​လင့်​ကိုး​စား​သော အ​မျိုး​သ​မီး​တို့​သည် မိ​မိ​တို့​ခင်​ပွန်း​များ ၏​စ​ကား​ကို​နား​ထောင်​ခြင်း​အား​ဖြင့်​လှ​ပ အောင်​တန်​ဆာ​ဆင်​ကြ​၏။-
Burmese 1835 Version Judson
ဘုရားသခင်ကို ကိုးစား၍သန့်ရှင်းသော မိန်းမတို့သည် ရှေးက ထိုသို့ကိုယ်ကိုတန်ဆာဆင်လျက်၊ စာရာသည် အာဗြဟံကို သခင်ဟုခေါ်ဝေါ်၍ သူ၏စကားကို နားထောင်သကဲ့သို့၊ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြ၏။ သင်တို့သည် ကောင်းမွန်စွာကျင့်၍၊ ကြောက်ရွံ့ တုန်လှုပ်ခြင်းအလျှင်းမရှိဘဲနေလျှင် စာရာ၏သမီးဖြစ်ကြ၏။
Burmese 1928
ထို အ တိုင်း အာ ဗြ ဟံ ကို အ ရှင် ဟု ခေါ် လျက် နွံ နာ သော စာ ရာ့ နည်း တူ ဘု ရား သ ခင် ကို အား ကိုး သည့် သန့် ရှင်း သော ရှေး သူ မ တို့ လည်း လင့် အ နော် အ တာ ကို ခံ လျက် ကိုယ် ကို ဆင် ယင် ခဲ့ ကြ၏။ သင် တို့ ကား မည် သည် ကို မျှ မ ကြောက် ရွံ့ မ ထိတ် လန့် ဘဲ အ ကောင်း ပြု ကျင့် လျှင် စာ ရာ၏ သ မီး မှန် ကြ လေ ပြီ။
Burmese 2021
ဘု​ရား​သ​ခင်​ကို ကိုး​စား၍ သန့်​ရှင်း​သော မိန်း​မ​တို့​သည် ရှေး​က ထို​သို့ ကိုယ်​ကို​တန်​ဆာ​ဆင်​လျက်၊ စာ​ရာ​သည် အာ​ဗြ​ဟံ​ကို သ​ခင်​ဟု​ခေါ်​ဝေါ်၍ သူ၏​စ​ကား​ကို နား​ထောင်​သ​ကဲ့​သို့၊ ကိုယ်​ခင်​ပွန်း၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ၏။ သင်​တို့​သည် ကောင်း​မွန်​စွာ​ကျင့်၍၊ ကြောက်​ရွံ့ တုန်​လှုပ်​ခြင်း အ​လျှင်း​မ​ရှိ​ဘဲ​နေ​လျှင် စာ​ရာ၏​သ​မီး​ဖြစ်​ကြ၏။
Burmese JBZV
ဘု​ရား​သ​ခင္​ကို ကိုး​စား၍ သန္႔​ရွင္း​ေသာ မိန္း​မ​တို႔​သည္ ေရွး​က ထို​သို႔ ကိုယ္​ကို​တန္​ဆာ​ဆင္​လ်က္၊ စာ​ရာ​သည္ အာ​ျဗ​ဟံ​ကို သ​ခင္​ဟု​ေခၚ​ေဝၚ၍ သူ၏​စ​ကား​ကို နား​ေထာင္​သ​ကဲ့​သို႔၊ ကိုယ္​ခင္​ပြန္း၏ အုပ္​စိုး​ျခင္း​ကို ဝန္​ခံ​ၾက၏။ သင္​တို႔​သည္ ေကာင္း​မြန္​စြာ​က်င့္၍၊ ေၾကာက္​ရြံ့ တုန္​လွုပ္​ျခင္း အ​လၽွင္း​မ​ရွိ​ဘဲ​ေန​လၽွင္ စာ​ရာ၏​သ​မီး​ျဖစ္​ၾက၏။
Burmese MCLZV
ေရွး​အ​ခါ​က​ဘု​ရား​တ​ရား​ၾကည္​ညိဳ​၍ ဘု​ရား​သ​ခင္​ကို​ေမၽွာ္​လင့္​ကိုး​စား​ေသာ အ​မ်ိဳး​သ​မီး​တို႔​သည္ မိ​မိ​တို႔​ခင္​ပြန္း​မ်ား ၏​စ​ကား​ကို​နား​ေထာင္​ျခင္း​အား​ျဖင့္​လွ​ပ ေအာင္​တန္​ဆာ​ဆင္​ၾက​၏။-
Burmese MSBU
ဘုရားသခင်​ကို​မျှော်လင့်​အားထား​သော သန့်ရှင်း​သည့် ရှေး​ကာလ​မှ​အမျိုးသမီး​တို့​သည်​လည်း ထိုနည်းတူ မိမိတို့ကိုယ်ကို တန်ဆာဆင်​ကြ​ကာ စာရာ​သည် အာဗြဟံ​ကို သခင်​ဟု​ခေါ်​လျက် နာခံ​သကဲ့သို့ မိမိ​တို့​၏​ခင်ပွန်းသည်​များ​ကို နာခံ​ခဲ့​ကြ​၏။
Burmese MSBZ
ဘုရားသခင္​ကို​ေမွ်ာ္လင့္​အားထား​ေသာ သန႔္ရွင္း​သည့္ ေရွး​ကာလ​မွ​အမ်ိဳးသမီး​တို႔​သည္​လည္း ထိုနည္းတူ မိမိတို႔ကိုယ္ကို တန္ဆာဆင္​ၾက​ကာ စာရာ​သည္ အာျဗဟံ​ကို သခင္​ဟု​ေခၚ​လ်က္ နာခံ​သကဲ့သို႔ မိမိ​တို႔​၏​ခင္ပြန္းသည္​မ်ား​ကို နာခံ​ခဲ့​ၾက​၏။