1 Samuel 11:15 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
သို့​ဖြစ်​၍​သူ​တို့​အား​လုံး​ပင်​ဂိ​လ​ဂါ​လ မြို့​သို့​သွား​ပြီး​လျှင် သန့်​ရှင်း​ရာ​ဌာ​န​တော် တွင်​ရှော​လု​အား​ဘု​ရင်​အ​ဖြစ်​ကြွေး​ကြော် တင်​မြှောက်​ကြ​လေ​သည်။ သူ​တို့​သည်​မိတ် သ​ဟာ​ယ​ယဇ်​ကို​ပူ​ဇော်​ကြ​၏။ ရှော​လု​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တစ်​ရပ်​လုံး​သည် လည်း​ပျော်​ပွဲ​ရွှင်​ပွဲ​ကို​ဆင်​နွှဲ​ကြ​၏။
Burmese 1835 Version Judson
လူအပေါင်းတို့သည် ဂိလဂါလမြို့သို့ သွား၍၊ ထိုမြို့၌ ထာဝရဘုရားရှေ့တော်မှာ ရှောလုကို ရှင်ဘုရင် အရာ၌ ချီးမြှောက်ကြ၏။ ထိုမြို့၌လည်း၊ ထာဝရဘုရားရှေ့တော်မှာ မိဿဟာယယဇ်ကို ပူဇော်သဖြင့်၊ ရှောလုနှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် အလွန်ပျော်မွေ့ခြင်းကို ပြုကြ၏။
Burmese 1928
တစ် မျိုး လုံး ဂိ လ ဂါ လ မြို့ သို့ သွား ရောက် ပြီး လျှင် ထို မြို့၌ ထာ ဝ ရ ဘု ရား ရှေ့ တော် တွင် ရှော လု ကို ဘု ရင် အ ဖြစ် တင် မြှောက် ကြ လေ၏။ ထို မြို့ တွင် ပင် ထာ ဝ ရ ဘု ရား ရှေ့ တော်၌ မိတ် သ ဟာ ယ ပူ ဇော် သ က္ကာ များ ကို ဆက် ကပ် လျက် ရှော လု မင်း နှင့် တ ကွ ဣ သ ရေ လ လူ မျိုး အ ပေါင်း တို့ သည် အား ရ ဝမ်း မြောက် ကြ ကုန် ၏။
Burmese 2021
လူ​အ​ပေါင်း​တို့​သည် ဂိ​လ​ဂါ​လ​မြို့​သို့​သွား၍၊ ထို​မြို့၌ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ ရှော​လု​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ၏။ ထို​မြို့၌​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ မိတ်​သ​ဟာ​ယ​ယဇ်​ကို ပူ​ဇော်​သ​ဖြင့်၊ ရှော​လု​နှင့် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် အ​လွန်​ပျော်​မွေ့​ခြင်း​ကို ပြု​ကြ၏။
Burmese JBZV
လူ​အ​ေပါင္း​တို႔​သည္ ဂိ​လ​ဂါ​လ​ၿမိဳ႕​သို႔​သြား၍၊ ထို​ၿမိဳ႕၌ ထာ​ဝ​ရ​ဘု​ရား​ေရွ႕​ေတာ္​မွာ ေရွာ​လု​ကို ရွင္​ဘု​ရင္​အ​ရာ၌ ခ်ီး​ေျမႇာက္​ၾက၏။ ထို​ၿမိဳ႕၌​လည္း၊ ထာ​ဝ​ရ​ဘု​ရား​ေရွ႕​ေတာ္​မွာ မိတ္​သ​ဟာ​ယ​ယဇ္​ကို ပူ​ေဇာ္​သ​ျဖင့္၊ ေရွာ​လု​ႏွင့္ ဣ​သ​ေရ​လ အ​မ်ိဳး​သား​အ​ေပါင္း​တို႔​သည္ အ​လြန္​ေပ်ာ္​ေမြ႕​ျခင္း​ကို ျပဳ​ၾက၏။
Burmese MCLZV
သို႔​ျဖစ္​၍​သူ​တို႔​အား​လုံး​ပင္​ဂိ​လ​ဂါ​လ ၿမိဳ႕​သို႔​သြား​ၿပီး​လၽွင္ သန႔္​ရွင္း​ရာ​ဌာ​န​ေတာ္ တြင္​ေရွာ​လု​အား​ဘု​ရင္​အ​ျဖစ္​ေႂကြး​ေၾကာ္ တင္​ေျမႇာက္​ၾက​ေလ​သည္။ သူ​တို႔​သည္​မိတ္ သ​ဟာ​ယ​ယဇ္​ကို​ပူ​ေဇာ္​ၾက​၏။ ေရွာ​လု​ႏွင့္ ဣ​သ​ေရ​လ​အ​မ်ိဳး​သား​တစ္​ရပ္​လုံး​သည္ လည္း​ေပ်ာ္​ပြဲ​ရႊင္​ပြဲ​ကို​ဆင္​ႏႊဲ​ၾက​၏။
Burmese MSBU
လူ​အပေါင်း​တို့​သည် ဂိလဂါလ​မြို့​သို့​လိုက်သွား​ကြ​၏​။ သူ​တို့​သည် ဂိလဂါလ​မြို့​တွင် ထာဝရဘုရား​ရှေ့​တော်​၌ ရှောလု​ကို မင်းမြှောက်​ကြ​ပြီး ထာဝရဘုရား​ထံ မိတ်သဟာယယဇ်​ကို ပူဇော်​ကြ​၏​။ ရှောလု​နှင့် အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် အလွန်​ဝမ်းမြောက်​ပျော်ရွှင်​ကြ​၏​။
Burmese MSBZ
လူ​အေပါင္း​တို႔​သည္ ဂိလဂါလ​ၿမိဳ႕​သို႔​လိုက္သြား​ၾက​၏​။ သူ​တို႔​သည္ ဂိလဂါလ​ၿမိဳ႕​တြင္ ထာဝရဘုရား​ေရွ႕​ေတာ္​၌ ေရွာလု​ကို မင္းေျမႇာက္​ၾက​ၿပီး ထာဝရဘုရား​ထံ မိတ္သဟာယယဇ္​ကို ပူေဇာ္​ၾက​၏​။ ေရွာလု​ႏွင့္ အစၥေရး​အမ်ိဳးသား​အေပါင္း​တို႔​သည္ အလြန္​ဝမ္းေျမာက္​ေပ်ာ္႐ႊင္​ၾက​၏​။