1 Samuel 17:25 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
``သူ့အားကြည့်ကြလော့။ သူကြိမ်းဝါးသည် ကိုလည်းနားထောင်ကြလော့။ ရှောလုမင်း သည်ထိုသူ့ကိုသတ်ဖြတ်နိုင်သူအားဆု တော်လာဘ်တော်ကိုပေးတော်မူမည်ဟုကတိ ပြုထား၏။ မင်းကြီးသည်ထိုသူအား သမီး တော်နှင့်လည်းထိမ်းမြားစုံဖက်တော်မူပါ လိမ့်မည်။ ထို့ပြင်သူ့ဖခင်၏အိမ်ထောင်စုကို အခွန်တော်များလွတ်ငြိမ်းခွင့်ပြုတော်မူ လိမ့်မည်'' ဟုအချင်းချင်းပြောဆိုနေ ကြ၏။
Burmese 1835 Version Judson
အချို့တို့ကလည်း၊ ထိုလူထွက်လာသည်ကို မြင်သလော။ ဣသရေလအမျိုးကို ကြိမ်းပလျက်ထွက်လာ ပါသည်တကား။ သူ့ကို သတ်သောသူအား ရှင်ဘုရင်သည် ကြီးသော စည်းစိမ်နှင့် ချီးမြှောက်၍ သမီးတော်ကိုလည်း ပေးစားတော်မူမည်။ ထိုသူ၏ အဆွေအမျိုးကိုလည်း ဣသရေလနိုင်ငံတွင် မင်းမှု လွှတ်တော်မူမည်ဟု ပြောဆိုကြ၏။
Burmese 1928
ယ ခု ထွက် လာ သော ထို သူ ရဲ ကို မြင် ကြ သ လော။ ဣ သ ရေ လ တပ် ကို မ ထီ လေး စား ပြု ရန် ထွက် လာ ပြီ တ ကား။ သူ့ ကို သတ် နိုင် သူ့ အား ဘု ရင် မင်း က ကြီး စွာ သော စည်း စိမ် ကို ပေး သ နား မည့် ပြင် သ မီး တော် နှင့် ထိမ်း မြား လျက် ဣ သ ရေ လ နိုင် ငံ အ တွင်း ဆွေ မျိုး သား ချင်း တို့ ကို လည်း မင်း မှု မင်း တိုင်း လွှတ် တော် မူ လိမ့် မည် ဟု အ ချင်း ချင်း ပြော ဆို ကြ သော်၊
Burmese 2021
အချို့တို့ကလည်း၊ ထိုလူထွက်လာသည်ကို မြင်သလော။ ဣသရေလအမျိုးကိုကြိမ်းပလျက် ထွက်လာပါသည်တကား။ သူ့ကို သတ်သောသူအား ရှင်ဘုရင်သည် ကြီးသောစည်းစိမ်နှင့် ချီးမြှောက်၍ သမီးတော်ကိုလည်း ပေးစားတော်မူမည်။ ထိုသူ၏အဆွေအမျိုးကိုလည်း ဣသရေလနိုင်ငံတွင် မင်းမှု လွှတ်တော်မူမည်ဟု ပြောဆိုကြ၏။
Burmese JBZV
အခ်ိဳ႕တို႔ကလည္း၊ ထိုလူထြက္လာသည္ကို ျမင္သေလာ။ ဣသေရလအမ်ိဳးကိုႀကိမ္းပလ်က္ ထြက္လာပါသည္တကား။ သူ႔ကို သတ္ေသာသူအား ရွင္ဘုရင္သည္ ႀကီးေသာစည္းစိမ္ႏွင့္ ခ်ီးေျမႇာက္၍ သမီးေတာ္ကိုလည္း ေပးစားေတာ္မူမည္။ ထိုသူ၏အေဆြအမ်ိဳးကိုလည္း ဣသေရလနိုင္ငံတြင္ မင္းမွု လႊတ္ေတာ္မူမည္ဟု ေျပာဆိုၾက၏။
Burmese MCLZV
``သူ႔အားၾကည့္ၾကေလာ့။ သူႀကိမ္းဝါးသည္ ကိုလည္းနားေထာင္ၾကေလာ့။ ေရွာလုမင္း သည္ထိုသူ႔ကိုသတ္ျဖတ္နိုင္သူအားဆု ေတာ္လာဘ္ေတာ္ကိုေပးေတာ္မူမည္ဟုကတိ ျပဳထား၏။ မင္းႀကီးသည္ထိုသူအား သမီး ေတာ္ႏွင့္လည္းထိမ္းျမားစုံဖက္ေတာ္မူပါ လိမ့္မည္။ ထို႔ျပင္သူ႔ဖခင္၏အိမ္ေထာင္စုကို အခြန္ေတာ္မ်ားလြတ္ၿငိမ္းခြင့္ျပဳေတာ္မူ လိမ့္မည္'' ဟုအခ်င္းခ်င္းေျပာဆိုေန ၾက၏။
Burmese MSBU
အစ္စရေးအမျိုးသားတို့က “ယခု ထွက်လာသောသူကို သင်တို့မြင်သလော။ စင်စစ် အစ္စရေးလူမျိုးတို့ကို စော်ကားရန်ထွက်လာခြင်းဖြစ်၏။ သူ့ကိုသတ်နိုင်သောသူအား ရှင်ဘုရင်သည် ဓနဥစ္စာအများအပြားချီးမြှင့်၍ သမီးတော်နှင့်ထိမ်းမြားပေးမည်။ သူ့အိမ်သူအိမ်သားတို့ကိုလည်း အစ္စရေးနိုင်ငံတွင် အခွန်လွတ်ငြိမ်းခွင့်ပြုမည်”ဟု ပြောဆိုနေကြ၏။
Burmese MSBZ
အစၥေရးအမ်ိဳးသားတို႔က “ယခု ထြက္လာေသာသူကို သင္တို႔ျမင္သေလာ။ စင္စစ္ အစၥေရးလူမ်ိဳးတို႔ကို ေစာ္ကားရန္ထြက္လာျခင္းျဖစ္၏။ သူ႔ကိုသတ္ႏိုင္ေသာသူအား ရွင္ဘုရင္သည္ ဓနဥစၥာအမ်ားအျပားခ်ီးျမႇင့္၍ သမီးေတာ္ႏွင့္ထိမ္းျမားေပးမည္။ သူ႔အိမ္သူအိမ္သားတို႔ကိုလည္း အစၥေရးႏိုင္ငံတြင္ အခြန္လြတ္ၿငိမ္းခြင့္ျပဳမည္”ဟု ေျပာဆိုေနၾက၏။