1 Samuel 17:37 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထာ​ဝ​ရ​ဘု​ရား​သည်​အ​ကျွန်ုပ်​အား​ခြင်္သေ့ ဘေး၊ ဝက်​ဝံ​ဘေး​မှ​ကယ်​တော်​မူ​ခဲ့​ပါ​ပြီ။ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား ဤ​ဖိ​လိတ္တိ အ​မျိုး​သား​၏​လက်​မှ​လည်း​ကယ်​တော် မူ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။ ရှော​လု​က``ကောင်း​ပြီ၊ သွား​လော့။ ထာ​ဝ​ရ ဘု​ရား​သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ စေ​သော'' ဟု​ဆို​ကာ၊-
Burmese 1835 Version Judson
ခြင်္သေ့လက်၊ ဝံလက်မှ ကျွန်တော်ကို ကယ်နှုတ်တော်မူသော ထာဝရဘုရားသည်၊ ထိုဖိလိတ္တိလူလက်မှ ကယ်နှုတ်တော်မူလိမ့်မည်ဟု ရှောလုအား လျှောက်လေသော်၊ ရှောလုကသွားလော့။ ထာဝရဘုရား သည် သင်နှင့်အတူ ရှိတော်မူပါစေသောဟု ဒါဝိဒ်အား ဆိုလေ၏။
Burmese 1928
ခြင်္သေ့ ဘေး၊ ဝံ ဘေး မှ ကျွန် တော် မျိုး ကို လွတ် စေ တော် မူ သော ထာ ဝ ရ ဘု ရား သည် ဤ ဖိ လိ တ္တိ သူ ရဲ၏ လက် တွင်း မှ လည်း လွတ် မြောက် စေ တော် မူ လိမ့် မည် ဟု တင် လျှောက် သော်၊ ရှော လု မင်း က၊ ထွက် လော့။ ထာ ဝ ရ ဘု ရား သည် သင် နှင့် အ တူ ရှိ ပါ စေ သော ဟု ဒါ ဝိဒ် အား မိန့် ဆို လေ ၏။
Burmese 2021
ခြင်္သေ့​လက်၊ ဝံ​လက်​မှ ကျွန်​တော်​ကို ကယ်​နုတ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည်၊ ထို​ဖိ​လိ​တ္တိ​လူ​လက်​မှ ကယ်​နုတ်​တော်​မူ​လိမ့်​မည်​ဟု ရှော​လု​အား​လျှောက်​လေ​သော်၊ ရှော​လု​က သွား​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော​ဟု ဒါ​ဝိဒ်​အား​ဆို​လေ၏။
Burmese JBZV
Burmese MCLZV
Burmese MSBU
ထို့ပြင် ဒါဝိဒ်​က “​ခြင်္သေ့​လက်​၊ ဝက်ဝံ​လက်​မှ အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​သော​ထာဝရဘုရား​သည် ထို​ဖိလိတ္တိ​ပြည်သား​၏​လက်​မှ​လည်း ကယ်တင်​တော်မူ​လိမ့်မည်​”​ဟု ဆို​လျှင် ရှောလု​မင်းကြီး​က ဒါဝိဒ်​အား “​သို့ဖြစ်လျှင် သွား​ပါ​လော့​။ ထာဝရဘုရား​သည် သင်​နှင့်အတူ ရှိ​တော်မူ​ပါစေသော​”​ဟု ဆို​ပြီး
Burmese MSBZ