1 Samuel 2:8 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ကိုယ်​တော်​သည်​ဆင်း​ရဲ​သူ​တို့​ကို မြေ​မှုန့်​မှ​လည်း​ကောင်း၊ ချို့​တဲ့​နွမ်း​ပါး​သူ​တို့​ကို​အ​မှိုက်​ပုံ​မှ​လည်း ကောင်း ချီ​ပင့်​တော်​မူ​၏။ သူ​တို့​အား​မင်း​ညီ​မင်း​သား​များ​နှင့်​ပေါင်း​ဖော် ခွင့်​ကို ပေး​တော်​မူ​၍ ဂုဏ်​အ​သ​ရေ​ရှိ​သည့်​နေ​ရာ​များ​တွင် ထိုင်​စေ​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မြေ​ကြီး​၏​အ​ခြေ​ခံ အုတ်​မြစ်​များ​ကို​ပိုင်​တော်​မူ​၏။ ထို​အုတ်​မြစ်​တို့​အ​ပေါ်​တွင်​ကမ္ဘာ​ကို တည်​ဆောက်​တော်​မူ​ပြီ။
Burmese 1835 Version Judson
ဆင်းရဲသောသူကို မြေမှုန့်ထဲက၎င်း၊ ငတ်မွတ်သောသူကို နောက်ချေးပုံထဲက၎င်း ချီးမြှောက်၍၊ မင်းသားတို့နှင့် ထိုင်ရသောအခွင့်၊ ဘုန်းကြီးသောပလ္လင်ကို အမွေခံရသောအခွင့်ကို ပေးတော်မူ၏။ အကြောင်းမူကား၊ မြေကြီးတိုင်တို့ကို ထာဝရဘုရားပိုင်၍ ထိုတိုင်တို့အပေါ်မှာ လောကဓာတ်ကို တည်တော်မူပြီ။
Burmese 1928
မြေ ပ ထ ဝီ ထောက် တိုင် များ ကို ထာ ဝ ရ ဘု ရား ပိုင်၍ လော က ဓာတ် ကို တင် ထား တော် မူ ပြီး သည့် နှင့် အ ညီ ဆင်း ရဲ သူ တို့ ကို မြေ မုန့် ထဲ က ချီး မြှင့် လျက် နွမ်း ပါး သူ တို့ ကို အ မှိုက် ပုံ ထဲ က တင် မြှောက် ပြီး လျှင် မှူး မတ် တို့ နှင့် အ တူ နေ ရာ ချ သ ဖြင့် ဘုန်း ကြီး သော ပ လ္လင် တော် ကို ဆက် ခံ စေ တော် မူ၏။
Burmese 2021
ဆင်း​ရဲ​သော​သူ​ကို မြေ​မှုန့်​ထဲ​က​လည်း​ကောင်း၊ ငတ်​မွတ်​သော​သူ​ကို နောက်​ချေး​ပုံ​ထဲ​က​လည်း​ကောင်း ချီး​မြှောက်၍၊ မင်း​သား​တို့​နှင့် ထိုင်​ရ​သော​အ​ခွင့်၊ ဘုန်း​ကြီး​သော​ပ​လ္လင်​ကို အ​မွေ​ခံ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ မြေ​ကြီး​တိုင်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ပိုင်၍ ထို​တိုင်​တို့​အ​ပေါ်​မှာ လော​က​ဓာတ်​ကို တည်​တော်​မူ​ပြီ။
Burmese JBZV
Burmese MCLZV
Burmese MSBU
ဆင်းရဲသား​ကို မြေမှုန့်​ထဲမှ ဆွဲထူ​၍ နွမ်းပါး​သူ​ကို ပြာပုံ​ထဲမှ​ချီမ​တော်မူ​ပြီး မင်းသား​တို့​နှင့်အတူ​ထိုင်​စေ​တော်မူ​၏​။ ဘုန်းကြီး​သော​ပလ္လင်​ကို အမွေဆက်ခံ​စေ​တော်မူ​၏​။ အကြောင်းမူကား ထာဝရဘုရား​သည် ကမ္ဘာမြေကြီး​၏​အုတ်မြစ်​ကို ပိုင်​တော်မူ​၍ ကမ္ဘာလောက​ကို ထို​အုတ်မြစ်​ပေါ်တွင် ချထား​တော်မူ​၏​။
Burmese MSBZ