1 Samuel 28:15 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ရှမွေလသည်ရှောလုအား``သင်သည်အဘယ် ကြောင့်ငါ့ကိုနှောင့်ယှက်ပါသနည်း။ အဘယ် ကြောင့်ငါ့ကိုပြန်၍ခေါ်ယူပါသနည်း'' ဟုမေး၏။ ရှောလုက``အကျွန်ုပ်သည်ဒုက္ခအကြီးအကျယ် ရောက်လျက်နေပါ၏။ ဖိလိတ္တိအမျိုးသားတို့ သည်အကျွန်ုပ်နှင့်စစ်ဖြစ်လျက်ရှိပါသည်။ ထာဝရဘုရားကလည်းအကျွန်ုပ်ကိုစွန့် တော်မူပါပြီ။ ကိုယ်တော်သည်ပရောဖက် များအားဖြင့်သော်လည်းကောင်း၊ အိပ်မက် များအားဖြင့်သော်လည်းကောင်းအကျွန်ုပ် အားဖြေကြားတော်မမူပါ။ သို့ဖြစ်၍ အကျွန်ုပ်သည်အရှင့်ကိုခေါ်ယူရခြင်း ဖြစ်ပါသည်။ အကျွန်ုပ်အဘယ်သို့ပြုရ မည်ကိုမိန့်ကြားတော်မူပါ'' ဟုဆို၏။
Burmese 1835 Version Judson
ရှမွေလကလည်း၊ သင်သည် ငါ့ကို နှောက်ရှက်လျက် အဘယ်ကြောင့် ဘော်သနည်းဟု ရှောလုကို မေးသော်၊ ရှောလုက၊ အကျွန်ုပ်သည် အလွန်ဆင်းရဲခြင်းသို့ရောက်ပါပြီ။ ဖိလိတ္တိလူတို့သည် စစ်တိုက် ကြပါ၏။ ဘုရားသခင်သည် အကျွန်ုပ်ကို စွန့်တော်မူပြီ။ ပရောဖက်အားဖြင့် ထူးတော်မမူ။ အိပ်မက်အားဖြင့် ထူးတော်မမူ။ အကျွန်ုပ် သည် အဘယ်သို့ပြုရမည်ကို၊ ကိုယ်တော်ပြစေခြင်းငှါ ကိုယ်တော်ကို အကျွန်ုပ်ခေါ်ပါပြီဟု ပြောဆို၏။
Burmese 1928
မည် သည့် အ တွက် ငါ့ ကို ခေါ်၍ နှောင့် ရှက် သ နည်း ဟု ရှ မွေ လ မေး သော်၊ ရှော လု မင်း က၊ အ လွန် ကျဉ်း မြောင်း ခြင်း သို့ အ ကျွန်ုပ် ရောက် ပါ ပြီ။ ဖိ လိ တ္တိ လူ မျိုး တို့ စစ် တိုက် မည့် ရှိ ရာ ဘု ရား သ ခင် သည် အ ကျွန်ုပ် မှ ခွါ ပြီး ဖြစ်၍ ပ ရော ဖက် အား ဖြင့်လည်း ကောင်း၊ အိပ် မက် အား ဖြင့်လည်း ကောင်း၊ ထူး တော် မ မူ သော ကြောင့် မည် သို့ ပြု အပ် သည် ကို ဖော် ပြ စေ ခြင်း ငှါ
Burmese 2021
ရှမွေလကလည်း၊ သင်သည် ငါ့ကိုနှောင့်ယှက်လျက် အဘယ်ကြောင့်ဖော်သနည်းဟု ရှောလုကို မေးသော်၊ ရှောလုက၊ အကျွန်ုပ်သည် အလွန်ဆင်းရဲခြင်းသို့ ရောက်ပါပြီ။ ဖိလိတ္တိလူတို့သည် စစ်တိုက်ကြပါ၏။ ဘုရားသခင်သည် အကျွန်ုပ်ကို စွန့်တော်မူပြီ။ ပရောဖက်အားဖြင့် ထူးတော်မမူ။ အိပ်မက်အားဖြင့် ထူးတော်မမူ။ အကျွန်ုပ်သည် အဘယ်သို့ပြုရမည်ကို၊ ကိုယ်တော်ပြစေခြင်းငှာ ကိုယ်တော်ကို အကျွန်ုပ်ခေါ်ပါပြီဟု ပြောဆို၏။
Burmese JBZV
ရွေမြလကလည္း၊ သင္သည္ ငါ့ကိုေႏွာင့္ယွက္လ်က္ အဘယ္ေၾကာင့္ေဖာ္သနည္းဟု ေရွာလုကို ေမးေသာ္၊ ေရွာလုက၊ အကၽြန္ုပ္သည္ အလြန္ဆင္းရဲျခင္းသို႔ ေရာက္ပါၿပီ။ ဖိလိတၱိလူတို႔သည္ စစ္တိုက္ၾကပါ၏။ ဘုရားသခင္သည္ အကၽြန္ုပ္ကို စြန္႔ေတာ္မူၿပီ။ ပေရာဖက္အားျဖင့္ ထူးေတာ္မမူ။ အိပ္မက္အားျဖင့္ ထူးေတာ္မမူ။ အကၽြန္ုပ္သည္ အဘယ္သို႔ျပဳရမည္ကို၊ ကိုယ္ေတာ္ျပေစျခင္းငွာ ကိုယ္ေတာ္ကို အကၽြန္ုပ္ေခၚပါၿပီဟု ေျပာဆို၏။
Burmese MCLZV
ရွေမြလသည္ေရွာလုအား``သင္သည္အဘယ္ ေၾကာင့္ငါ့ကိုေႏွာင့္ယွက္ပါသနည္း။ အဘယ္ ေၾကာင့္ငါ့ကိုျပန္၍ေခၚယူပါသနည္း'' ဟုေမး၏။ ေရွာလုက``အကၽြန္ုပ္သည္ဒုကၡအႀကီးအက်ယ္ ေရာက္လ်က္ေနပါ၏။ ဖိလိတၱိအမ်ိဳးသားတို႔ သည္အကၽြန္ုပ္ႏွင့္စစ္ျဖစ္လ်က္ရွိပါသည္။ ထာဝရဘုရားကလည္းအကၽြန္ုပ္ကိုစြန႔္ ေတာ္မူပါၿပီ။ ကိုယ္ေတာ္သည္ပေရာဖက္ မ်ားအားျဖင့္ေသာ္လည္းေကာင္း၊ အိပ္မက္ မ်ားအားျဖင့္ေသာ္လည္းေကာင္းအကၽြန္ုပ္ အားေျဖၾကားေတာ္မမူပါ။ သို႔ျဖစ္၍ အကၽြန္ုပ္သည္အရွင့္ကိုေခၚယူရျခင္း ျဖစ္ပါသည္။ အကၽြန္ုပ္အဘယ္သို႔ျပဳရ မည္ကိုမိန႔္ၾကားေတာ္မူပါ'' ဟုဆို၏။
Burmese MSBU
ရှမွေလကလည်း ရှောလုမင်းကြီးအား “အဘယ်ကြောင့် ငါ့ကိုခေါ်ပြီးနှောင့်ယှက်နေသနည်း”ဟု မေးလျှင် ရှောလုမင်းကြီးက “အကျွန်ုပ် အလွန်ဒုက္ခရောက်နေပါ၏။ ဖိလိတ္တိလူမျိုးတို့သည် အကျွန်ုပ်ကို လာတိုက်ပါ၏။ ဘုရားသခင်လည်း အကျွန်ုပ်ကို စွန့်ပစ်ပါပြီ။ ပရောဖက်အားဖြင့်ဖြစ်စေ၊ အိပ်မက်အားဖြင့်ဖြစ်စေ အကျွန်ုပ်ကို မထူးတော့ပါ။ အကျွန်ုပ် မည်သို့ပြုရမည်ကို ပြောပြပေးရန်အတွက် အရှင့်ကို ခေါ်ရခြင်းဖြစ်ပါ၏”ဟု ဆို၏။
Burmese MSBZ
ရွေမြလကလည္း ေရွာလုမင္းႀကီးအား “အဘယ္ေၾကာင့္ ငါ့ကိုေခၚၿပီးေႏွာင့္ယွက္ေနသနည္း”ဟု ေမးလွ်င္ ေရွာလုမင္းႀကီးက “အကြၽႏ္ုပ္ အလြန္ဒုကၡေရာက္ေနပါ၏။ ဖိလိတၱိလူမ်ိဳးတို႔သည္ အကြၽႏ္ုပ္ကို လာတိုက္ပါ၏။ ထာဝရဘုရားလည္း အကြၽႏ္ုပ္ကို စြန႔္ပစ္ပါၿပီ။ ပေရာဖက္အားျဖင့္ျဖစ္ေစ၊ အိပ္မက္အားျဖင့္ျဖစ္ေစ အကြၽႏ္ုပ္ကို မထူးေတာ့ပါ။ အကြၽႏ္ုပ္ မည္သို႔ျပဳရမည္ကို ေျပာျပေပးရန္အတြက္ အရွင့္ကို ေခၚရျခင္းျဖစ္ပါ၏”ဟု ဆို၏။