1 Samuel 28:8 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ထို့​ကြောင့်​ရှော​လု​သည်​ရုပ်​ဖျက်​ပြီး​လျှင် အ​ဝတ်​အ​စား​များ​ကို​လည်း ပြောင်း​လဲ​ဝတ်​ဆင် ကာ​ညဥ့်​အ​ချိန်​ကျ​သော​အ​ခါ​ငယ်​သား​နှစ် ယောက်​နှင့်​အ​တူ​နတ်​ဝင်​သည်​မ​ထံ​သို့​သွား လေ​၏။ သူ​သည်​ထို​အ​မျိုး​သ​မီး​အား``ငါ​၏ ကံ​ကြမ္မာ​ကို​နတ်​တို့​အား​ငါ​၏​ကိုယ်​စား​စုံ စမ်း​မေး​မြန်း​ပေး​ပါ။ ငါ​နာ​မည်​ထုတ်​ဖော်​သူ ၏​ဝိ​ညာဉ်​ကို​ခေါ်​ပေး​ပါ'' ဟု​ဆို​၏။
Burmese 1835 Version Judson
ရှောလုသည် အဝတ်လဲ၍ ထူးခြားသော အယောင်ကို ဆောင်လျက်၊ ညဉ့်အခါ လူနှစ်ယောက်နှင့်တကွ ထိုမိန်းမဆီသို့သွား၍ ရောက်ပြီးလျှင်၊ သင်ပေါင်းသော နတ်ကို အမှီပြု၍ သင့်အားငါပြောမည့်သူကို ဘော်ပါလော့ဟု တောင်းပန်လေ၏။
Burmese 1928
ရှော လု မင်း သည် ဝတ် လဲ တော် မ ဆင် ဘဲ ဆင်း ရဲ သား ဟန် ဆောင် လျက် နောက် ပါ ငယ် သား နှစ် ယောက် နှင့် ညဉ့် အ ခါ ထို မိန်း မ ထံ သွား ရောက် ပြီး လျှင် သင် အ မှီ ပြု သော ဇော် ဂ နီ တန် ခိုး အား ဖြင့် ကျွန် တော် အ လို ရှိ သူ့ ကို ခေါ် ပေး ပါ ဟု ဆို သော်
Burmese 2021
ရှော​လု​သည် အ​ဝတ်​လဲ၍ ထူး​ခြား​သော အ​ယောင်​ကို​ဆောင်​လျက်၊ ည​အ​ခါ လူ​နှစ်​ယောက်​နှင့်​တ​ကွ ထို​မိန်း​မ​ဆီ​သို့​သွား၍ ရောက်​ပြီး​လျှင်၊ သင်​ပေါင်း​သော​နတ်​ကို​အ​မှီ​ပြု၍ သင့်​အား​ငါ​ပြော​မည့်​သူ​ကို ဖော်​ပါ​လော့​ဟု တောင်း​ပန်​လေ၏။
Burmese JBZV
Burmese MCLZV
Burmese MSBU
ရှောလု​မင်းကြီး​သည် ရုပ်ဖျက်​၍ တခြား​အဝတ်​ကို​ဝတ်​ပြီးလျှင် သူ့​နောက်လိုက်​နှစ်​ဦး​နှင့်အတူ သွား​ရာ ညအချိန်​တွင် ထို​မိန်းမ​ရှိ​ရာ​သို့ ရောက်လာ​၏​။ ရှောလု​မင်းကြီး​က သူ့​အား “​နတ်​ကို အမှီပြု​၍ ငါ​ပြော​သော​သူ​ကို ခေါ်ပေး​ပါ​လော့​”​ဟု ဆို​၏​။
Burmese MSBZ