1 Samuel 30:23 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သို့သော်ဒါဝိဒ်က``ညီအစ်ကိုတို့၊ ထာဝရဘုရား ငါတို့အားပေးသနားတော်မူသောပစ္စည်းဥစ္စာများ ကိုသင်တို့ဤသို့မပြုရ။ ကိုယ်တော်သည်ငါတို့ အားဘေးမဲ့လုံခြုံစွာထားတော်မူ၍ ငါတို့မြို့ ကိုချင်းနင်းဝင်ရောက်တိုက်ခိုက်ခဲ့သူတို့အား နှိမ်နင်းနိုင်ခွင့်ပေးတော်မူ၏။-
Burmese 1835 Version Judson
ဒါဝိဒ်ကလည်း၊ ငါ့ညီအစ်ကိုတို့ ငါတို့ကို စောင့်မ၍ ငါတို့ကို တိုက်လာသော အလုံးအရင်းကို ငါတို့လက်သို့ အပ်တော်မူသော ထာဝရဘုရားပေးသနားတော်မူသော ဥစ္စာကို ထိုသို့ မပြုရ။
Burmese 1928
ဒါ ဝိဒ် က၊ အို ညီ အစ် ကို တို့ ငါ တို့ ကို စောင့် ရှောက်၍ ရန် ဘက် တပ် ကို ငါ တို့ လက် တွင် သို့ အပ် နှင်း တော် မူ သော ထာ ဝ ရ ဘု ရား ထံ မှ ရ ရှိ သည့် အ ရာ များ နှင့် စပ် လျဉ်း၍ ထို သို့ သ ဘော မ ထား သင့်။
Burmese 2021
ဒါဝိဒ်ကလည်း၊ ငါ့ညီအစ်ကိုတို့ ငါတို့ကို စောင့်မ၍ ငါတို့ကိုတိုက်လာသော အလုံးအရင်းကို ငါတို့လက်သို့ အပ်တော်မူသော ထာဝရဘုရားပေးသနားတော်မူသော ဥစ္စာကို ထိုသို့မပြုရ။
Burmese JBZV
ဒါဝိဒ္ကလည္း၊ ငါ့ညီအစ္ကိုတို႔ ငါတို႔ကို ေစာင့္မ၍ ငါတို႔ကိုတိုက္လာေသာ အလုံးအရင္းကို ငါတို႔လက္သို႔ အပ္ေတာ္မူေသာ ထာဝရဘုရားေပးသနားေတာ္မူေသာ ဥစၥာကို ထိုသို႔မျပဳရ။
Burmese MCLZV
သို႔ေသာ္ဒါဝိဒ္က``ညီအစ္ကိုတို႔၊ ထာဝရဘုရား ငါတို႔အားေပးသနားေတာ္မူေသာပစၥည္းဥစၥာမ်ား ကိုသင္တို႔ဤသို႔မျပဳရ။ ကိုယ္ေတာ္သည္ငါတို႔ အားေဘးမဲ့လုံျခဳံစြာထားေတာ္မူ၍ ငါတို႔ၿမိဳ႕ ကိုခ်င္းနင္းဝင္ေရာက္တိုက္ခိုက္ခဲ့သူတို႔အား ႏွိမ္နင္းနိုင္ခြင့္ေပးေတာ္မူ၏။-
Burmese MSBU
သို့သော် ဒါဝိဒ်က သူတို့အား “ငါ့ညီအစ်ကိုတို့၊ ငါတို့အား ထာဝရဘုရားပေးသနားတော်မူသောအရာတို့ကို ဤသို့မပြုရ။ ထာဝရဘုရားသည် ငါတို့ကိုစောင့်ရှောက်တော်မူ၍ ငါတို့အား လာရောက်တိုက်ခိုက်သောဓားပြတို့ကိုလည်း ငါတို့လက်သို့ အပ်တော်မူပြီ။
Burmese MSBZ
သို႔ေသာ္ ဒါဝိဒ္က သူတို႔အား “ငါ့ညီအစ္ကိုတို႔၊ ငါတို႔အား ထာဝရဘုရားေပးသနားေတာ္မူေသာအရာတို႔ကို ဤသို႔မျပဳရ။ ထာဝရဘုရားသည္ ငါတို႔ကိုေစာင့္ေရွာက္ေတာ္မူ၍ ငါတို႔အား လာေရာက္တိုက္ခိုက္ေသာဓားျပတို႔ကိုလည္း ငါတို႔လက္သို႔ အပ္ေတာ္မူၿပီ။