1 Samuel 30:26 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ဒါ​ဝိဒ်​သည်​ဇိ​က​လတ်​မြို့​သို့​ပြန်​လည်​ရောက်​ရှိ လာ​သော​အ​ခါ တိုက်​ရာ​ပါ​ပစ္စည်း​အ​ချို့​တို့​ကို မိ​မိ​၏​မိတ်​ဆွေ​များ​ဖြစ်​သော​ယု​ဒ​ခေါင်း​ဆောင် များ​ထံ​သို့​အ​မှာ​စာ​ရေး​၍​ပေး​ပို့​လိုက်​လေ သည်။ အ​မှာ​စာ​တွင်``ထာ​ဝ​ရ​ဘု​ရား​၏​ရန်​သူ များ​ထံ​မှ​အ​ကျွန်ုပ်​ရ​ရှိ​ခဲ့​သည့်​တိုက်​ရာ​ပါ ပစ္စည်း​အ​ချို့​ကို​သင်​တို့​အ​တွက်​လက်​ဆောင် ပေး​ပို့​လိုက်​ပါ​သည်'' ဟု​ဖော်​ပြ​ပါ​ရှိ​၏။-
Burmese 1835 Version Judson
ဒါဝိဒ်သည် ဇိကလတ်မြို့သို့ ရောက်သောအခါ၊ လက်ရဥစ္စာ အချို့ကို မိမိအဆွေခင်ပွန်း၊ ယုဒအမျိုး အသက်ကြီးသူတို့ထံသို့ ပေးလိုက်၍၊ ထာဝရဘုရား၏ ရန်သူလက်မှရခဲ့သော ဥစ္စာထဲက သင်တို့ အဘို့ လက်ဆောင်ကို ကြည့်လော့ဟုမှာလိုက်၏။
Burmese 1928
ဒါ ဝိဒ် သည် ဇိ က လတ် မြို့ သို့ ပြန် ရောက် လျှင် အ ပေါင်း ပါ တို့ နှင့် သွား လာ တည်း ခို ခဲ့ ရာ အ ရပ် ဌာ န တည်း ဟူ သော ဗေ သ လ၊ နေ ဂပ် ခ ရိုင် ရှိ ရာ မုတ်၊ ရတ္တိ၊ အာ ရော်၊ ရှိ ဖ မုတ်၊ ဧ ရှ တ မော၊ ရာ ခ လ၊ ဟော မာ၊ ခေါ ရာ ရှန်၊ အာ သက်၊ ဟေ ဗြုန် မြို့ များ နှင့် ယေ ရ မေ လ၊ ကေ နိ အ မျိုး သား တို့ နေ ရာ မြို့ ရွာ များ ၌ နေ ထိုင် သူ အ ဆွေ ခင် ပွန်း ယု ဒ လူ ကြီး တို့ ထံ လက် ရာ ဥစ္စာ အ နက် ခွဲ ဝေ ပို့ လိုက်၍ ထာ ဝ ရ ဘု ရား၏ ရန် သူ တို့ မှ သုံ့ ရ သော လက် ဆောင် ကို ခံ ယူ ပါ လော့ ဟု ဆို လိုက် သ တည်း။
Burmese 2021
ဒါ​ဝိဒ်​သည် ဇိ​က​လတ်​မြို့​သို့ ရောက်​သော​အ​ခါ၊ လက်​ရ​ဥ​စ္စာ​အ​ချို့​ကို မိ​မိ​အ​ဆွေ​ခင်​ပွန်း၊ ယု​ဒ​အ​မျိုး အ​သက်​ကြီး​သူ​တို့​ထံ​သို့ ပေး​လိုက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ရန်​သူ​လက်​မှ​ရ​ခဲ့​သော ဥ​စ္စာ​ထဲ​က သင်​တို့​အ​ဖို့​လက်​ဆောင်​ကို ကြည့်​လော့​ဟု​မှာ​လိုက်၏။
Burmese JBZV
ဒါ​ဝိဒ္​သည္ ဇိ​က​လတ္​ၿမိဳ႕​သို႔ ေရာက္​ေသာ​အ​ခါ၊ လက္​ရ​ဥ​စၥာ​အ​ခ်ိဳ႕​ကို မိ​မိ​အ​ေဆြ​ခင္​ပြန္း၊ ယု​ဒ​အ​မ်ိဳး အ​သက္​ႀကီး​သူ​တို႔​ထံ​သို႔ ေပး​လိုက္၍၊ ထာ​ဝ​ရ​ဘု​ရား၏ ရန္​သူ​လက္​မွ​ရ​ခဲ့​ေသာ ဥ​စၥာ​ထဲ​က သင္​တို႔​အ​ဖို႔​လက္​ေဆာင္​ကို ၾကည့္​ေလာ့​ဟု​မွာ​လိုက္၏။
Burmese MCLZV
ဒါ​ဝိဒ္​သည္​ဇိ​က​လတ္​ၿမိဳ႕​သို႔​ျပန္​လည္​ေရာက္​ရွိ လာ​ေသာ​အ​ခါ တိုက္​ရာ​ပါ​ပစၥည္း​အ​ခ်ိဳ႕​တို႔​ကို မိ​မိ​၏​မိတ္​ေဆြ​မ်ား​ျဖစ္​ေသာ​ယု​ဒ​ေခါင္း​ေဆာင္ မ်ား​ထံ​သို႔​အ​မွာ​စာ​ေရး​၍​ေပး​ပို႔​လိုက္​ေလ သည္။ အ​မွာ​စာ​တြင္``ထာ​ဝ​ရ​ဘု​ရား​၏​ရန္​သူ မ်ား​ထံ​မွ​အ​ကၽြန္ုပ္​ရ​ရွိ​ခဲ့​သည့္​တိုက္​ရာ​ပါ ပစၥည္း​အ​ခ်ိဳ႕​ကို​သင္​တို႔​အ​တြက္​လက္​ေဆာင္ ေပး​ပို႔​လိုက္​ပါ​သည္'' ဟု​ေဖာ္​ျပ​ပါ​ရွိ​၏။-
Burmese MSBU
ဒါဝိဒ်​သည် ဇိကလတ်​မြို့​သို့ ရောက်​လျှင် သူ​၏​မိတ်ဆွေ ယုဒ​သက်ကြီးဝါကြီး​တို့​အား “​ကြည့်ရှု​လော့​။ ထာဝရဘုရား​၏​ရန်သူ​တို့​ထံမှ တိုက်ရာပါပစ္စည်း​များ​ကို သင်​တို့​အဖို့ လက်ဆောင်​ပေး​လိုက်​ပါ​၏​”​ဟု ဆို​၍ တိုက်ရာပါပစ္စည်း​များ​ကို ပေး​လိုက်​လေ​၏​။
Burmese MSBZ
ဒါဝိဒ္​သည္ ဇိကလတ္​ၿမိဳ႕​သို႔ ေရာက္​လွ်င္ သူ​၏​မိတ္ေဆြ ယုဒ​သက္ႀကီးဝါႀကီး​တို႔​အား “​ၾကည့္ရႈ​ေလာ့​။ ထာဝရဘုရား​၏​ရန္သူ​တို႔​ထံမွ တိုက္ရာပါပစၥည္း​မ်ား​ကို သင္​တို႔​အဖို႔ လက္ေဆာင္​ေပး​လိုက္​ပါ​၏​”​ဟု ဆို​၍ တိုက္ရာပါပစၥည္း​မ်ား​ကို ေပး​လိုက္​ေလ​၏​။