1 Samuel 4:18 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ဧ​လိ​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အ​ကြောင်း​ကို ကြား​သော​အ​ခါ တံ​ခါး​အ​နီး​ရှိ​ထိုင်​ခုံ​ပေါ်​မှ နောက်​ပြန်​လဲ​ကျ​သွား​တော့​၏။ သူ​သည်​လွန်​စွာ အို​မင်း​၍​ဝ​လွန်း​သော​ကြောင့် ယင်း​သို့​လဲ​ကျ​ရာ ၌​လည်​ကုတ်​ကျိုး​၍​သေ​လေ​၏။ သူ​သည်​အ​နှစ် လေး​ဆယ်​တိုင်​တိုင်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ဦး​စီး​ခေါင်း​ဆောင်​လုပ်​ခဲ့​သူ​ဖြစ် သ​တည်း။
Burmese 1835 Version Judson
ဘုရားသခင်၏ သေတ္တာတော် သိတင်းကိုကြားသောအခါ၊ ဧလိသည် တံခါးနားမှာ ထိုင်သောခုံပေါ်က နောက်သို့လန်ကျသဖြင့်၊ လည်ပင်းကျိုး၍သေလေ၏။ အသက်ကြီး၍ ကိုယ်လေးသောသူ ဖြစ်၏။ ထိုသူသည် ဣသရေလအမျိုးကို အနှစ်လေးဆယ် အုပ်စိုးသတည်း။
Burmese 1928
ဘု ရား သ ခင့် သေ တ္တာ တော် အ ကြောင်း ကြား သိ လျှင် ဧ လိ သည် တံ ခါး အ နီး ဖ တိုင် ပေါ် က နောက် ပြန် လဲ သ ဖြင့် လေး လံ သော သူ အို ဖြစ် သည့် အ တိုင်း လည် ဆစ် ကျိုး၍ သေ လေ၏။ ထို သူ သည် ဣ သ ရေ လ လူ မျိုး ကို နှစ် ပေါင်း လေး ဆယ် အုပ် စိုး စီ ရင် သည် ဖြစ် ၏။
Burmese 2021
ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော် သ​တင်း​ကို​ကြား​သော​အ​ခါ၊ ဧ​လိ​သည် တံ​ခါး​နား​မှာ​ထိုင်​သော ခုံ​ပေါ်​က နောက်​သို့​လန်​ကျ​သ​ဖြင့်၊ လည်​ပင်း​ကျိုး၍ သေ​လေ၏။ အ​သက်​ကြီး၍ ကိုယ်​လေး​သော​သူ ဖြစ်၏။ ထို​သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အ​နှစ်​လေး​ဆယ် အုပ်​စိုး​သ​တည်း။
Burmese JBZV
ဘု​ရား​သ​ခင္၏ ေသ​တၱာ​ေတာ္ သ​တင္း​ကို​ၾကား​ေသာ​အ​ခါ၊ ဧ​လိ​သည္ တံ​ခါး​နား​မွာ​ထိုင္​ေသာ ခုံ​ေပၚ​က ေနာက္​သို႔​လန္​က်​သ​ျဖင့္၊ လည္​ပင္း​က်ိဳး၍ ေသ​ေလ၏။ အ​သက္​ႀကီး၍ ကိုယ္​ေလး​ေသာ​သူ ျဖစ္၏။ ထို​သူ​သည္ ဣ​သ​ေရ​လ​အ​မ်ိဳး​ကို အ​ႏွစ္​ေလး​ဆယ္ အုပ္​စိုး​သ​တည္း။
Burmese MCLZV
ဧ​လိ​သည္​ပ​ဋိ​ညာဥ္​ေသတၱာ​ေတာ္​အ​ေၾကာင္း​ကို ၾကား​ေသာ​အ​ခါ တံ​ခါး​အ​နီး​ရွိ​ထိုင္​ခုံ​ေပၚ​မွ ေနာက္​ျပန္​လဲ​က်​သြား​ေတာ့​၏။ သူ​သည္​လြန္​စြာ အို​မင္း​၍​ဝ​လြန္း​ေသာ​ေၾကာင့္ ယင္း​သို႔​လဲ​က်​ရာ ၌​လည္​ကုတ္​က်ိဳး​၍​ေသ​ေလ​၏။ သူ​သည္​အ​ႏွစ္ ေလး​ဆယ္​တိုင္​တိုင္​ဣ​သ​ေရ​လ​အ​မ်ိဳး​သား တို႔​အား ဦး​စီး​ေခါင္း​ေဆာင္​လုပ္​ခဲ့​သူ​ျဖစ္ သ​တည္း။
Burmese MSBU
ထိုသို့ ဘုရားသခင်​၏​သေတ္တာ​တော်​အကြောင်း​ကို ကြားလိုက်​ရ​သောအခါ ဧလိ​သည် မြို့​တံခါး​နား သူ​ထိုင်​နေ​သော​ထိုင်ခုံ​ပေါ်​မှ အနောက်​သို့​လန်ကျ​ရာ အသက်​လည်း​ကြီး လူ​လည်း​ဝ​သဖြင့် ဇက်​ကျိုး​ကာ သေ​လေ​၏​။ သူ​သည် အစ္စရေး​လူမျိုး​တို့​ကို အနှစ်​လေးဆယ် စီရင်အုပ်ချုပ်​ခဲ့​၏​။
Burmese MSBZ
ထိုသို႔ ဘုရားသခင္​၏​ေသတၱာ​ေတာ္​အေၾကာင္း​ကို ၾကားလိုက္​ရ​ေသာအခါ ဧလိ​သည္ ၿမိဳ႕​တံခါး​နား သူ​ထိုင္​ေန​ေသာ​ထိုင္ခုံ​ေပၚ​မွ အေနာက္​သို႔​လန္က်​ရာ အသက္​လည္း​ႀကီး လူ​လည္း​ဝ​သျဖင့္ ဇက္​က်ိဳး​ကာ ေသ​ေလ​၏​။ သူ​သည္ အစၥေရး​လူမ်ိဳး​တို႔​ကို အႏွစ္​ေလးဆယ္ စီရင္အုပ္ခ်ဳပ္​ခဲ့​၏​။