1 Samuel 6:19 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ဗက်ရှေမက်မြို့သားခုနစ်ဆယ်တို့သည် ပဋိ ညာဉ်သေတ္တာတော်ထဲသို့ကြည့်မိသဖြင့် ထာဝရဘုရားသည် သူတို့အားသေဒဏ် ခတ်တော်မူ၏။ မြို့သားတို့သည်မိမိတို့ အထဲမှလူမြောက်မြားစွာကို ထာဝရ ဘုရားသေဒဏ်ခတ်တော်မူသောကြောင့် ငိုကြွေးမြည်တမ်းကြ၏။
Burmese 1835 Version Judson
ဗက်ရှေမက်မြို့သားတို့သည် ထာဝရဘုရား၏ သေတ္တာတော်ထဲသို့ ကြည့်ရှုမိသောကြောင့်၊ လူခုနစ်ဆယ်နှင့်လူငါးသောင်းတို့သည် ဒဏ်ခတ်တော်မူခြင်းကို ခံရကြ၏။ ထိုသို့ ထာဝရဘုရားသည် ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် ဒဏ်ပေးတော်မူသောကြောင့်၊ လူများတို့သည် ငိုကြွေးမြည်တမ်း ကြ၏။
Burmese 1928
ဗက် ရှေ မက် မြို့ သား တို့ သည် ထာ ဝ ရ ဘု ရား၏ သေ တ္တာ တော် ကို ဖူး မြင် ကြ သည့် ကာ လ၊ ယေ ခေါ နိ အ မျိုး သား တို့ မ ရွှင် လန်း ကြ သည့် အ တွက် ထို လူ ငါး သောင်း နှင့် ခု နစ် ဆယ် ကို ဒဏ် ခတ် တော် မူ၏။ အ ပြင်း အ ထန် ထာ ဝ ရ ဘု ရား လုပ် ကြံ တော် မူ သော ကြောင့် မြည် တမ်း ကြ ၏။
Burmese 2021
ဗက်ရှေမက်မြို့သားတို့သည် ထာဝရဘုရား၏ သေတ္တာတော်ထဲသို့ ကြည့်ရှုမိသောကြောင့်၊ လူခုနစ်ဆယ်နှင့် လူငါးသောင်းတို့သည် ဒဏ်ခတ်တော်မူခြင်းကို ခံရကြ၏။ ထိုသို့ ထာဝရဘုရားသည် ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် ဒဏ်ပေးတော်မူသောကြောင့်၊ လူများတို့သည် ငိုကြွေးမြည်တမ်းကြ၏။
Burmese JBZV
ဗက္ေရွမက္ၿမိဳ႕သားတို႔သည္ ထာဝရဘုရား၏ ေသတၱာေတာ္ထဲသို႔ ၾကည့္ရွုမိေသာေၾကာင့္၊ လူခုနစ္ဆယ္ႏွင့္ လူငါးေသာင္းတို႔သည္ ဒဏ္ခတ္ေတာ္မူျခင္းကို ခံရၾက၏။ ထိုသို႔ ထာဝရဘုရားသည္ ႀကီးစြာေသာ လုပ္ႀကံျခင္းအားျဖင့္ ဒဏ္ေပးေတာ္မူေသာေၾကာင့္၊ လူမ်ားတို႔သည္ ငိုေႂကြးျမည္တမ္းၾက၏။
Burmese MCLZV
ဗက္ေရွမက္ၿမိဳ႕သားခုနစ္ဆယ္တို႔သည္ ပဋိ ညာဥ္ေသတၱာေတာ္ထဲသို႔ၾကည့္မိသျဖင့္ ထာဝရဘုရားသည္ သူတို႔အားေသဒဏ္ ခတ္ေတာ္မူ၏။ ၿမိဳ႕သားတို႔သည္မိမိတို႔ အထဲမွလူေျမာက္ျမားစြာကို ထာဝရ ဘုရားေသဒဏ္ခတ္ေတာ္မူေသာေၾကာင့္ ငိုေႂကြးျမည္တမ္းၾက၏။
Burmese MSBU
ဗက်ရှေမက်မြို့သားတို့သည် ထာဝရဘုရား၏သေတ္တာတော်ထဲသို့ ကြည့်မိသောကြောင့် ကိုယ်တော်သည် မြို့သားအချို့တို့ကို ဒဏ်ခတ်တော်မူ၏။ လူငါးသောင်းခုနစ်ဆယ် ဒဏ်ခတ်ခံရလေ၏။ ထာဝရဘုရားသည် လူတို့ကို အမြောက်အမြားဒဏ်ခတ်တော်မူသောကြောင့် လူတို့ ငိုကြွေးမြည်တမ်းကြရလေ၏။
Burmese MSBZ
ဗက္ေရွမက္ၿမိဳ႕သားတို႔သည္ ထာဝရဘုရား၏ေသတၱာေတာ္ထဲသို႔ ၾကည့္မိေသာေၾကာင့္ ကိုယ္ေတာ္သည္ ၿမိဳ႕သားအခ်ိဳ႕တို႔ကို ဒဏ္ခတ္ေတာ္မူ၏။ လူငါးေသာင္းခုနစ္ဆယ္ ဒဏ္ခတ္ခံရေလ၏။ ထာဝရဘုရားသည္ လူတို႔ကို အေျမာက္အျမားဒဏ္ခတ္ေတာ္မူေသာေၾကာင့္ လူတို႔ ငိုေႂကြးျမည္တမ္းၾကရေလ၏။