1 Samuel 7:9 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ရှမွေလသည်သိုးငယ်တစ်ကောင်ကိုသတ်၍ တစ်ကောင်လုံးကိုမီးရှို့ရာယဇ်အဖြစ်ထာဝရ ဘုရားအားပူဇော်ကာ ဣသရေလအမျိုးသား တို့အား ကယ်မတော်မူရန်ဆုတောင်းပတ္ထနာ ပြုရာကိုယ်တော်သည်နားညောင်းတော်မူ၏။-
Burmese 1835 Version Judson
ရှမွေလသည်လည်း နို့စို့သိုးသငယ်ကိုယူ၍ ထာဝရဘုရားအား တကောင်လုံး မီးရှို့ရာယဇ်ပူဇော်လျက်၊ ဣသရေလအမျိုးအဘို့ ဆုတောင်း၍ ထာဝရဘုရား နားထောင်တော်မူ၏။
Burmese 1928
ရှ မွေ လ သည် နို့ စို့ သိုး သား ငယ် ကို ကောင် လုံး မီး ရှို့ ရာ သ က္ကာ အ ဖြစ် ထာ ဝ ရ ဘု ရား အား ပူ ဇော် လျက် ဣ သ ရေ လူ မျိုး အ ဖို့ ပ ဌ နာ ပြု လျှင် ထာ ဝ ရ ဘု ရား နား ညောင်း တော် မူ၏။
Burmese 2021
ရှမွေလသည်လည်း နို့စို့သိုးသငယ်ကိုယူ၍ ထာဝရဘုရားအားတစ်ကောင်လုံး မီးရှို့ရာယဇ်ပူဇော်လျက်၊ ဣသရေလအမျိုးအဖို့ ဆုတောင်း၍ ထာဝရဘုရားနားထောင်တော်မူ၏။
Burmese JBZV
ရွေမြလသည္လည္း နို႔စို႔သိုးသငယ္ကိုယူ၍ ထာဝရဘုရားအားတစ္ေကာင္လုံး မီးရွို႔ရာယဇ္ပူေဇာ္လ်က္၊ ဣသေရလအမ်ိဳးအဖို႔ ဆုေတာင္း၍ ထာဝရဘုရားနားေထာင္ေတာ္မူ၏။
Burmese MCLZV
ရွေမြလသည္သိုးငယ္တစ္ေကာင္ကိုသတ္၍ တစ္ေကာင္လုံးကိုမီးရွို႔ရာယဇ္အျဖစ္ထာဝရ ဘုရားအားပူေဇာ္ကာ ဣသေရလအမ်ိဳးသား တို႔အား ကယ္မေတာ္မူရန္ဆုေတာင္းပတၳနာ ျပဳရာကိုယ္ေတာ္သည္နားေညာင္းေတာ္မူ၏။-
Burmese MSBU
ထိုအခါ ရှမွေလက နို့မပြတ်သေးသောသိုးသငယ်တစ်ကောင်ကို ယူ၍ တစ်ကောင်လုံးရှို့ရသောမီးရှို့ရာယဇ်အဖြစ် ထာဝရဘုရားထံ ပူဇော်ပြီး အစ္စရေးလူမျိုးတို့အတွက် ထာဝရဘုရားထံ အော်ဟစ်ဆုတောင်းသောအခါ ထာဝရဘုရား နားညောင်းတော်မူ၏။
Burmese MSBZ
ထိုအခါ ရွေမြလက ႏို႔မျပတ္ေသးေသာသိုးသငယ္တစ္ေကာင္ကို ယူ၍ တစ္ေကာင္လုံးရႈိ႕ရေသာမီးရႈိ႕ရာယဇ္အျဖစ္ ထာဝရဘုရားထံ ပူေဇာ္ၿပီး အစၥေရးလူမ်ိဳးတို႔အတြက္ ထာဝရဘုရားထံ ေအာ္ဟစ္ဆုေတာင္းေသာအခါ ထာဝရဘုရား နားေညာင္းေတာ္မူ၏။