1 Thessalonians 1:2 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ငါတို့သည်အဖဘုရားသခင်ထံတော်သို့ဆု တောင်းပတ္ထနာပြုသည့်အခါတိုင်း သင်တို့သည် မိမိတို့၏ယုံကြည်ခြင်းကိုလက်တွေ့အဘယ် သို့ကျင့်သုံးကြသည်ကိုလည်းကောင်း၊ သင်တို့ ၏ချစ်ခြင်းကြောင့်သင်တို့အဘယ်သို့ကြိုးစား လုပ်ဆောင်ကြသည်ကိုလည်းကောင်း၊ ငါတို့ သခင်ယေရှုခရစ်အားအဘယ်သို့မျှော်လင့် ၍တည်ကြည်ကြသည်ကိုလည်းကောင်း သတိရ ၍အစဉ်ပင်ကျေးဇူးတော်ကိုချီးမွမ်းကြ၏။-
Burmese 1835 Version Judson
ငါတို့အဘတည်းဟူသော ဘုရားသခင့်ရှေ့တော်၌၊ သင်တို့သည် ယုံကြည်သောစိတ်နှင့် အကျင့်ကို ကျင့်ခြင်း၊ ချစ်သောစိတ်နှင့် ကြိုးစားအားထုတ်ခြင်း၊
Burmese 1928
ဘု ရား သ ခင် ချစ် တော် မူ သော ညီ အစ် ကို တို့၊ ငါ တို့ သည် ပ ဌ နာ ပြု ရာ တွင် သင် တို့ ရှိ သ မျှ ကို အောက် မေ့ ကြ လျက် ငါ တို့ အ ဘ ဘု ရား သ ခင့် မျက် မှောက်၌ သင် တို့ ယုံ ကြည်၍ အ မှု ဆောင် ရွက် ခြင်း၊ မေ တ္တာ ရှိ၍ ကြိုး စား အား ထုတ် ခြင်း၊ အ ရှင် ယေ ရှု ခ ရစ် အား မျှော် လင့်၍ တည် ကြည် ခြင်း များ ကို မ ပြတ် သ တိ ရ ကြ သည့် ပြင် သင် တို့ ဘောင် တွင် သင် တို့ အ ကျိုး ငှါ ငါ တို့ သည် မည် သို့ သော သူ ဖြစ် ကြောင်း သင် တို့ သိ ကြ သည် နှင့် အ ညီ သင် တို့ ထံ စ ကား မျှ သာ မ ဟုတ်။ တန် ခိုး နှင့်လည်း ကောင်း၊ သန့် ရှင်း သော ဝိ ညာဉ် တော် နှင့်လည်း ကောင်း၊ များ စွာ စိတ် ချ ခြင်း နှင့်လည်း ကောင်း၊ ငါ တို့ ကြား ပြော ချက် ရောက် ကြောင်း၊ သင် တို့ သည် နှိပ် စက် ခြင်း များ စွာ ခံ ရ သော် လည်း သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ရွှင် လန်း လျက် တ ရား တော် ကို ခံ ယူ၍ ငါ တို့ ပုံ စံ သာ မ က၊ အ ရှင် ဘု ရား၏ ပုံ စံ တော် အ တိုင်း လိုက် ကြ ကြောင်း များ ကို ထောက် သ ဖြင့် သင် တို့ ကို ရွေး ကောက် တော် မူ ပြီ ဟု သိ ရ သည့် အ တွက် ဘု ရား သ ခင့် ကျေး ဇူး တော် ကို အ စဉ် ချီး မွမ်း ကြ၏။
Burmese 2021
ငါတို့အဘတည်းဟူသော ဘုရားသခင့်ရှေ့တော်၌၊ သင်တို့သည် ယုံကြည်သောစိတ်နှင့် အကျင့်ကိုကျင့်ခြင်း၊ ချစ်သောစိတ်နှင့် ကြိုးစားအားထုတ်ခြင်း၊ ငါတို့သခင်ယေရှုခရစ်ကို မျှော်လင့်သောစိတ်နှင့် တည်ကြည်ခြင်းတို့ကို ငါတို့သည် အစဉ်မပြတ် အောက်မေ့လျက်၊ ဘုရားသခင်ချစ်တော်မူသော ညီအစ်ကိုတို့၊ သင်တို့ခံရသော ရွေးကောက်တော်မူခြင်းကို သိလျက်၊ သင်တို့အပေါင်းကို အကြောင်းပြုသဖြင့်၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ကာလအစဉ်ချီးမွမ်း၍၊ သင်တို့အဖို့ အလိုငှာ ဆုတောင်းပတ္ထနာပြုလျက် နေကြ၏။
Burmese JBZV
Burmese MCLZV
Burmese MSBU
ငါတို့သည် သင်တို့အားလုံးအတွက် ဘုရားသခင်ကို အစဉ်အမြဲကျေးဇူးတင်လျက် ငါတို့၏ဆုတောင်းချက်များ၌ သင်တို့ကိုသတိရကာ
Burmese MSBZ