1 Thessalonians 3:2 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ခရစ်တော်အကြောင်းသတင်းကောင်းကို ကြေညာရာတွင် ငါတို့နှင့်အတူဘုရား သခင်၏အမှုကိုဆောင်ရွက်သူ၊ ငါတို့ညီ တိမောသေအားသင်တို့ထံသို့စေလွှတ် လိုက်ကြ၏။ သင်တို့တွင်အဘယ်သူမျှ မိမိတို့ခံရသည့်ညှဉ်းပန်းနှိပ်စက်မှုကြောင့် ယုံကြည်ခြင်းမယိမ်းမယိုင်ဘဲခိုင်မြဲစေ အံ့သောငှာ သင်တို့ကိုအားပေးတိုက်တွန်း နိုင်ရန်သူ့အားငါတို့ကိုစေလွှတ်လိုက်၏။ ညှဉ်းပန်းနှိပ်စက်မှုကိုငါတို့ခံရသည်မှာ ဘုရားသခင်၏အလိုတော်အရဖြစ် ကြောင်းသင်တို့ကိုယ်တိုင်သိကြ၏။-
Burmese 1835 Version Judson
ခရစ်တော်၏ ဧဝံဂေလိတရားကို ဟောပြော၍၊ ဘုရားသခင်၏ အမှုတော်ကို လုပ်ဘော်ဆောင်ဘက် ဖြစ်သော ငါ့ညီတိမောသေကို လွှတ်လိုက်၏။
Burmese 1928
ဤ သို့ ညှဉ်း ပန်း ခံ ရ သည့် အ တွက် မည် သူ မျှ စိတ် လှုပ် ရှား ခြင်း မ ရှိ စေ ရန် သင် တို့ ကို ယုံ ကြည် ခြင်း တ ရား၌ အား ပေး၍ တည် ကြည် စေ မည့် သူ၊ ခ ရစ် တော်၏ သ တင်း တော်မြတ် ဆိုင် ရာ ဘု ရား သ ခင့် အ မှု တော် ဆောင် ဖြစ် သော တိ မော သေ ကို စေ လွှတ် လိုက်၏။ သင် တို့ နှင့် အ တူ ရှိ စဉ် ငါ တို့ တင် ရင် ပြော ဆို သည့် ပြင် အ ဖြစ် အ ပျက် များ ကို ကိုယ် တိုင် သိ ကြ သည့် အ တိုင်း ငါ တို့ သည် ညှဉ်း ပန်း ခံ ရန် ထား သူ များ ဖြစ် ကြောင်း သင် တို့ သိ ကြ၏။
Burmese 2021
ခရစ်တော်၏ ဧဝံဂေလိတရားကို ဟောပြော၍၊ ဘုရားသခင်၏အမှုတော်ကို လုပ်ဖော်ဆောင်ဖက် ဖြစ်သော ငါ့ညီတိမောသေကို လွှတ်လိုက်၏။-
Burmese JBZV
ခရစ္ေတာ္၏ ဧဝံေဂလိတရားကို ေဟာေျပာ၍၊ ဘုရားသခင္၏အမွုေတာ္ကို လုပ္ေဖာ္ေဆာင္ဖက္ ျဖစ္ေသာ ငါ့ညီတိေမာေသကို လႊတ္လိုက္၏။-
Burmese MCLZV
ခရစ္ေတာ္အေၾကာင္းသတင္းေကာင္းကို ေၾကညာရာတြင္ ငါတို႔ႏွင့္အတူဘုရား သခင္၏အမွုကိုေဆာင္ရြက္သူ၊ ငါတို႔ညီ တိေမာေသအားသင္တို႔ထံသို႔ေစလႊတ္ လိုက္ၾက၏။ သင္တို႔တြင္အဘယ္သူမၽွ မိမိတို႔ခံရသည့္ညႇဥ္းပန္းႏွိပ္စက္မွုေၾကာင့္ ယုံၾကည္ျခင္းမယိမ္းမယိုင္ဘဲခိုင္ျမဲေစ အံ့ေသာငွာ သင္တို႔ကိုအားေပးတိုက္တြန္း နိုင္ရန္သူ႔အားငါတို႔ကိုေစလႊတ္လိုက္၏။ ညႇဥ္းပန္းႏွိပ္စက္မွုကိုငါတို႔ခံရသည္မွာ ဘုရားသခင္၏အလိုေတာ္အရျဖစ္ ေၾကာင္းသင္တို႔ကိုယ္တိုင္သိၾက၏။-
Burmese MSBU
ခရစ်တော်၏ကောင်းမြတ်သောသတင်း၌ ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်ဖြစ်သော ငါတို့၏ညီ တိမောသေကို စေလွှတ်လိုက်၏။ သူ့ကိုစေလွှတ်ခြင်းမှာ သင်တို့၏ယုံကြည်ခြင်းနှင့်ပတ်သက်၍ သင်တို့ကို တိုက်တွန်းနှိုးဆော်၍ ခိုင်ခံ့မြဲမြံစေရန်နှင့်
Burmese MSBZ
ခရစ္ေတာ္၏ေကာင္းျမတ္ေသာသတင္း၌ ဘုရားသခင္၏လုပ္ေဖာ္ေဆာင္ဖက္ ျဖစ္ေသာ ငါတို႔၏ညီ တိေမာေသကို ေစလႊတ္လိုက္၏။ သူ႔ကိုေစလႊတ္ျခင္းမွာ သင္တို႔၏ယုံၾကည္ျခင္းႏွင့္ပတ္သက္၍ သင္တို႔ကို တိုက္တြန္းႏႈိးေဆာ္၍ ခိုင္ခံ့ၿမဲၿမံေစရန္ႏွင့္