1 Thessalonians 3:5 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထို့ကြောင့်ငါသည်တိမောသေကိုစေလွှတ်လိုက် ၏။ ငါသည်မစောင့်ဆိုင်းနိုင်တော့သဖြင့် သင်တို့ ၏ယုံကြည်ခြင်းခိုင်မြဲသည်မခိုင်မြဲသည်ကို သိလို၍ သူ့ကိုစေလွှတ်လိုက်၏။ သင်တို့သည် မာရ်နတ်၏စုံစမ်းသွေးဆောင်ရာသို့လိုက်ပါ သဖြင့် ငါတို့လုပ်ဆောင်ခဲ့သမျှသည် အချည်းနှီးဖြစ်မည်ကိုငါစိုးရိမ်မိ၏။
Burmese 1835 Version Judson
စုံစမ်းသွေးဆောင်တတ်သောသူသည် သင်တို့ကို စုံစမ်းသွေးဆောင်သဖြင့်၊ ငါတို့ပင်ပန်းစွာ လုပ်ဆောင်ခြင်းအမှုသည် အချည်းနှီးဖြစ်မည်ဟု စိုးရိမ်၍ မအောင့်နိုင်သောအခါ သင်တို့၏ ယုံကြည်ခြင်းကို သိလိုသောငှါ ငါစေလွှတ်၏။
Burmese 1928
ထို့ ကြောင့် ငါ လည်း ဆက် လက် အောင့် အည်း လျက် မ နေ နိုင် သ ဖြင့် နတ် ဆိုး သည် သင် တို့ ကို စုံ စမ်း၍ ငါ တို့ ဆောင် ရွက် မှု အ ကျိုး မဲ့ ဖြစ် မည် စိုး သော ကြောင့် သင် တို့ ယုံ ကြည် ခြင်း ကို သိ သာ ရန် စေ လွှတ် လိုက်၏။
Burmese 2021
စုံစမ်းသွေးဆောင်တတ်သောသူသည် သင်တို့ကို စုံစမ်းသွေးဆောင်သဖြင့်၊ ငါတို့ပင်ပန်းစွာ လုပ်ဆောင်ခြင်းအမှုသည် အချည်းနှီးဖြစ်မည်ဟု စိုးရိမ်၍ မအောင့်နိုင်သောအခါ သင်တို့၏ ယုံကြည်ခြင်းကို သိလိုသောငှာ ငါစေလွှတ်၏။
Burmese JBZV
စုံစမ္းေသြးေဆာင္တတ္ေသာသူသည္ သင္တို႔ကို စုံစမ္းေသြးေဆာင္သျဖင့္၊ ငါတို႔ပင္ပန္းစြာ လုပ္ေဆာင္ျခင္းအမွုသည္ အခ်ည္းႏွီးျဖစ္မည္ဟု စိုးရိမ္၍ မေအာင့္နိုင္ေသာအခါ သင္တို႔၏ ယုံၾကည္ျခင္းကို သိလိုေသာငွာ ငါေစလႊတ္၏။
Burmese MCLZV
ထို႔ေၾကာင့္ငါသည္တိေမာေသကိုေစလႊတ္လိုက္ ၏။ ငါသည္မေစာင့္ဆိုင္းနိုင္ေတာ့သျဖင့္ သင္တို႔ ၏ယုံၾကည္ျခင္းခိုင္ျမဲသည္မခိုင္ျမဲသည္ကို သိလို၍ သူ႔ကိုေစလႊတ္လိုက္၏။ သင္တို႔သည္ မာရ္နတ္၏စုံစမ္းေသြးေဆာင္ရာသို႔လိုက္ပါ သျဖင့္ ငါတို႔လုပ္ေဆာင္ခဲ့သမၽွသည္ အခ်ည္းႏွီးျဖစ္မည္ကိုငါစိုးရိမ္မိ၏။
Burmese MSBU
ထို့ကြောင့် ဖြားယောင်းသွေးဆောင်သောသူသည် တစ်နည်းနည်းဖြင့် သင်တို့ကိုဖြားယောင်းသွေးဆောင်ပြီး ငါတို့၏ကြိုးပမ်းအားထုတ်မှုသည် အချည်းနှီးဖြစ်မည်ကိုစိုးရိမ်၍ ငါသည် နောက်ထပ် အောင့်ခံ၍မရနိုင်တော့သဖြင့် သင်တို့၏ယုံကြည်ခြင်းကိုသိရှိနိုင်ရန်အတွက် သူ့ကိုစေလွှတ်ခဲ့၏။
Burmese MSBZ
ထို႔ေၾကာင့္ ျဖားေယာင္းေသြးေဆာင္ေသာသူသည္ တစ္နည္းနည္းျဖင့္ သင္တို႔ကိုျဖားေယာင္းေသြးေဆာင္ၿပီး ငါတို႔၏ႀကိဳးပမ္းအားထုတ္မႈသည္ အခ်ည္းႏွီးျဖစ္မည္ကိုစိုးရိမ္၍ ငါသည္ ေနာက္ထပ္ ေအာင့္ခံ၍မရႏိုင္ေတာ့သျဖင့္ သင္တို႔၏ယုံၾကည္ျခင္းကိုသိရွိႏိုင္ရန္အတြက္ သူ႔ကိုေစလႊတ္ခဲ့၏။