1 Timothy 1:18 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ငါ့သားတိမောသေ၊ အခါတစ်ပါးကသင့်ကို ရည်စူး၍ပရောဖက်တို့ဟောကြားကြသည့် အတိုင်း ငါသည်ဤအလုပ်တာဝန်ကိုသင့်အား ပေးအပ်၏။ ကောင်းစွာတိုက်ခိုက်ရန်ထိုပရောဖက် တို့ဟောကြားခဲ့သည့်စကားများကိုလက်နက် သဖွယ်အသုံးပြုလော့။-
Burmese 1835 Version Judson
ငါ့သားတိမောသေ၊ သင့်ကိုရည်မှတ်၍ ဟောပြောခဲ့ပြီးသော အနာဂတ္တိစကားကို သင်သည်အမှီပြု၍၊ ယုံကြည်ခြင်းကို၎င်း၊ ကိုယ်ကိုကိုယ်သိသော စိတ်ကြည်လင်ခြင်းကို၎င်း စွဲလမ်း၍ ကောင်းသောစစ်ကို တိုက်စေ ခြင်းငှါ၊ ထားခဲ့ပြီးသော ထိုအနာဂတ္တိစကားနှင့်အညီ၊ အထက် ငါဆိုခဲ့ပြီးသော ပညတ်ထားခြင်းအခွင့်ကိုသင်၌ ငါအပ်ပေး၏။
Burmese 1928
ငါ့ သား တိ မော သေ၊ သင် သည် ယုံ ကြည် သော သ ဘော နှင့် ကြည် လင် သော သြ တ္တ ပ္ပ စိတ် စွဲ မြဲ လျက် စစ် မြတ် မှု ထမ်း ရ စေ ခြင်း ငှါ သင့် ကို ရည်၍ ဟော နှင့် ခဲ့ ကြ သည့် အ တိုင်း မိန့် မှာ ရင်း အ ချက် ကို ငါ ဆင့် ဆို၏။ ထို စိတ် သ ဘော မျိုး ကို အ ချို့ တို့ ပစ် ပယ် သ ဖြင့် ယုံ ကြည် ခြင်း သင်္ဘော ပျက် ကြ လေ ပြီ။
Burmese 2021
ငါ့သားတိမောသေ၊ သင့်ကိုရည်မှတ်၍ ဟောပြောခဲ့ပြီးသော အနာဂတ္တိစကားကို သင်သည်အမှီပြု၍၊ ယုံကြည်ခြင်းကိုလည်းကောင်း၊ ကိုယ်ကိုကိုယ်သိသော စိတ်ကြည်လင်ခြင်းကိုလည်းကောင်း စွဲလမ်း၍ ကောင်းသောစစ်ကို တိုက်စေခြင်းငှာ၊ ထားခဲ့ပြီးသော ထိုအနာဂတ္တိစကားနှင့်အညီ၊ အထက် ငါဆိုခဲ့ပြီးသော ပညတ်ထားခြင်းအခွင့်ကို သင်၌ ငါအပ်ပေး၏။-
Burmese JBZV
ငါ့သားတိေမာေသ၊ သင့္ကိုရည္မွတ္၍ ေဟာေျပာခဲ့ၿပီးေသာ အနာဂတၱိစကားကို သင္သည္အမွီျပဳ၍၊ ယုံၾကည္ျခင္းကိုလည္းေကာင္း၊ ကိုယ္ကိုကိုယ္သိေသာ စိတ္ၾကည္လင္ျခင္းကိုလည္းေကာင္း စြဲလမ္း၍ ေကာင္းေသာစစ္ကို တိုက္ေစျခင္းငွာ၊ ထားခဲ့ၿပီးေသာ ထိုအနာဂတၱိစကားႏွင့္အညီ၊ အထက္ ငါဆိုခဲ့ၿပီးေသာ ပညတ္ထားျခင္းအခြင့္ကို သင္၌ ငါအပ္ေပး၏။-
Burmese MCLZV
ငါ့သားတိေမာေသ၊ အခါတစ္ပါးကသင့္ကို ရည္စူး၍ပေရာဖက္တို႔ေဟာၾကားၾကသည့္ အတိုင္း ငါသည္ဤအလုပ္တာဝန္ကိုသင့္အား ေပးအပ္၏။ ေကာင္းစြာတိုက္ခိုက္ရန္ထိုပေရာဖက္ တို႔ေဟာၾကားခဲ့သည့္စကားမ်ားကိုလက္နက္ သဖြယ္အသုံးျပဳေလာ့။-
Burmese MSBU
ငါ့သားတိမောသေ၊ သင်နှင့်ပတ်သက်၍ ယခင်ပရောဖက်ပြုဟောပြောထားသည့်အရာများနှင့်အညီ ဤညွှန်ကြားချက်ကို သင့်အား ငါပေး၏။ ဤသည်ကား သင်သည် ယုံကြည်ခြင်းနှင့်ကြည်လင်သောအသိစိတ်တို့ကိုစွဲကိုင်လျက် ထိုပရောဖက်ပြုဟောပြောထားသည့်အရာများအားဖြင့် ကောင်းသောတိုက်ပွဲကို တိုက်ခိုက်နိုင်မည့်အကြောင်းတည်း။
Burmese MSBZ
ငါ့သားတိေမာေသ၊ သင္ႏွင့္ပတ္သက္၍ ယခင္ပေရာဖက္ျပဳေဟာေျပာထားသည့္အရာမ်ားႏွင့္အညီ ဤၫႊန္ၾကားခ်က္ကို သင့္အား ငါေပး၏။ ဤသည္ကား သင္သည္ ယုံၾကည္ျခင္းႏွင့္ၾကည္လင္ေသာအသိစိတ္တို႔ကိုစြဲကိုင္လ်က္ ထိုပေရာဖက္ျပဳေဟာေျပာထားသည့္အရာမ်ားအားျဖင့္ ေကာင္းေသာတိုက္ပြဲကို တိုက္ခိုက္ႏိုင္မည့္အေၾကာင္းတည္း။