1 Timothy 3:16 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ငါတို့၏ဘာသာတရားတော်နက်နဲပုံကို အဘယ်သူမျှငြင်းဆို၍မရပေ။ ထိုနက်နဲ ပုံကားအောက်ပါအတိုင်းဖြစ်သည်။ ကိုယ်တော်သည်ကိုယ်ခန္ဓာ၌ပေါ်ထွန်းတော်မူ ပြီ။ ဟုတ်မှန်တော်မူကြောင်းကိုဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူပြီ။ ကောင်းကင်တမန်များသည်ကိုယ်တော်ကို ရှုမြင်ရကြပြီ။ ကိုယ်တော်၏အကြောင်းတော်ကို လူမျိုးတကာတို့အားကြေညာပြီ။ ကမ္ဘာပေါ်ရှိလူတို့သည်ယုံကြည်ကြပြီ။ ကောင်းကင်ဘုံသို့ဆောင်ယူခြင်းကိုခံတော် မူပြီ။
Burmese 1835 Version Judson
မှန်သောကိုးကွယ်ခြင်း၏ နက်နဲသောအရာသည် ကြီးစွာသောအရာဖြစ်သည်ဟု ငြင်းခုံရန်မရှိ။ ဘုရားသခင်သည် ကိုယ်ခန္ဓာ၌ ပေါ်ထွန်းတော်မူပြီ။ ဟုတ်မှန်တော်မူခြင်းအကြောင်းသည် ဝိညာဉ်တော်အား ဖြင့် ထင်ရှားပြီ။ ကောင်းကင်တမန်တို့သည် ကိုယ်တော်ကို ရှုမြင်ရကြပြီ။ တပါးအမျိုးသားတို့သည် သိတင်းတော်ကို ကြားရကြပြီ။ လောကီသားတို့သည် ယုံကြည်ရကြပြီ။ ဘုန်းအသရေနှင့်တကွ အထက်သို့ ဆောင်ယူခြင်းကို ခံတော်မူပြီ။
Burmese 1928
ဘု ရား တ ရား ကြည် ညို ခြင်း ဖြစ် စေ သော နက် နဲ ရာ ကား၊ ကြီး မြတ် ကြောင်း ဝန် ခံ ထိုက် သည့် ပြင် ရုပ် ခ န္ဓာ၌ ဖော် ပြ ခြင်း၊ နံ ခ န္ဓာ၌ ဖြောင့် မတ် ကြောင်း ထင် ရှား ခြင်း၊ စေ တ မန် တော် တို့ ရှေ့ ထင် ပေါ် ခြင်း၊ လူ အ မျိုး မျိုး တို့ တွင် ကြေ ငြာ ခြင်း၊ ဤ လော က၌ ယုံ ကြည် ကြ ခြင်း၊ ဘုန်း တော် နှင့် တ ကွ ချီ ဆောင် ခြင်း များ ကို ခံ တော် မူ သော အ ရှင် တည်း။
Burmese 2021
မှန်သောကိုးကွယ်ခြင်း၏ နက်နဲသောအရာသည် ကြီးစွာသောအရာဖြစ်သည်ဟု ငြင်းခုံရန်မရှိ။ ဘုရားသခင်သည် ကိုယ်ခန္ဓာ၌ ပေါ်ထွန်းတော်မူပြီ။ ဟုတ်မှန်တော်မူခြင်းအကြောင်းသည် ဝိညာဉ်တော်အားဖြင့် ထင်ရှားပြီ။ ကောင်းကင်တမန်တို့သည် ကိုယ်တော်ကို ရှုမြင်ရကြပြီ။ တစ်ပါးအမျိုးသားတို့သည် သတင်းတော်ကို ကြားရကြပြီ။ လောကီသားတို့သည် ယုံကြည်ရကြပြီ။ ဘုန်းအသရေနှင့်တကွ အထက်သို့ ဆောင်ယူခြင်းကို ခံတော်မူပြီ။
Burmese JBZV
မွန္ေသာကိုးကြယ္ျခင္း၏ နက္နဲေသာအရာသည္ ႀကီးစြာေသာအရာျဖစ္သည္ဟု ျငင္းခုံရန္မရွိ။ ဘုရားသခင္သည္ ကိုယ္ခႏၶာ၌ ေပၚထြန္းေတာ္မူၿပီ။ ဟုတ္မွန္ေတာ္မူျခင္းအေၾကာင္းသည္ ဝိညာဥ္ေတာ္အားျဖင့္ ထင္ရွားၿပီ။ ေကာင္းကင္တမန္တို႔သည္ ကိုယ္ေတာ္ကို ရွုျမင္ရၾကၿပီ။ တစ္ပါးအမ်ိဳးသားတို႔သည္ သတင္းေတာ္ကို ၾကားရၾကၿပီ။ ေလာကီသားတို႔သည္ ယုံၾကည္ရၾကၿပီ။ ဘုန္းအသေရႏွင့္တကြ အထက္သို႔ ေဆာင္ယူျခင္းကို ခံေတာ္မူၿပီ။
Burmese MCLZV
ငါတို႔၏ဘာသာတရားေတာ္နက္နဲပုံကို အဘယ္သူမၽွျငင္းဆို၍မရေပ။ ထိုနက္နဲ ပုံကားေအာက္ပါအတိုင္းျဖစ္သည္။ ကိုယ္ေတာ္သည္ကိုယ္ခႏၶာ၌ေပၚထြန္းေတာ္မူ ၿပီ။ ဟုတ္မွန္ေတာ္မူေၾကာင္းကိုဝိညာဥ္ေတာ္အားျဖင့္ ေဖာ္ျပေတာ္မူၿပီ။ ေကာင္းကင္တမန္မ်ားသည္ကိုယ္ေတာ္ကို ရွုျမင္ရၾကၿပီ။ ကိုယ္ေတာ္၏အေၾကာင္းေတာ္ကို လူမ်ိဳးတကာတို႔အားေၾကညာၿပီ။ ကမၻာေပၚရွိလူတို႔သည္ယုံၾကည္ၾကၿပီ။ ေကာင္းကင္ဘုံသို႔ေဆာင္ယူျခင္းကိုခံေတာ္ မူၿပီ။
Burmese MSBU
ဘုရားဝတ်၌မွေ့လျော်ခြင်း၏လျှို့ဝှက်နက်နဲသောအရာသည် အမှန်ပင်ကြီးမြတ်လှပေ၏။ ကိုယ်တော်သည် သွေးသားအားဖြင့်ထင်ရှားပြီး ဝိညာဉ်တော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် ကောင်းကင်တမန်တို့၏ရှုမြင်ခြင်း၊ သတင်းတော်ကိုလူမျိုးခြားတို့ကြား၌ ဟောပြောခြင်း၊ ဤလောကတွင် လက်ခံယုံကြည်ခြင်းတို့ကိုခံရလျက် ဘုန်းအသရေနှင့်တကွ အထက်သို့ဆောင်ယူခြင်းကိုခံတော်မူ၏။
Burmese MSBZ
ဘုရားဝတ္၌ေမြ႕ေလ်ာ္ျခင္း၏လွ်ိဳ႕ဝွက္နက္နဲေသာအရာသည္ အမွန္ပင္ႀကီးျမတ္လွေပ၏။ ကိုယ္ေတာ္ သည္ ေသြးသားအားျဖင့္ထင္ရွားၿပီး ဝိညာဥ္ေတာ္အားျဖင့္ ေျဖာင့္မတ္သည္ဟုအသိအမွတ္ျပဳျခင္းခံရလ်က္ ေကာင္းကင္တမန္တို႔၏ရႈျမင္ျခင္း၊ သတင္းေတာ္ကိုလူမ်ိဳးျခားတို႔ၾကား၌ ေဟာေျပာျခင္း၊ ဤေလာကတြင္ လက္ခံယုံၾကည္ျခင္းတို႔ကိုခံရလ်က္ ဘုန္းအသေရႏွင့္တကြ အထက္သို႔ေဆာင္ယူျခင္းကိုခံေတာ္မူ၏။