1 Timothy 4:1 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
နောင်ကာလ၌လူအချို့တို့သည်မုသားပြော ဆိုသည့်ဝိညာဉ်များ၏စကားကိုနာခံလျက် နတ်မိစ္ဆာတို့၏သြဝါဒကိုလိုက်နာကာ မိမိ တို့၏ယုံကြည်ခြင်းကိုစွန့်လွှတ်ကြလိမ့်မည် ဟုဝိညာဉ်တော်က အတိအလင်းဖော်ပြ တော်မူ၏။-
Burmese 1835 Version Judson
ဝိညာဉ်တော်သည် အတည့်အလင်းဗျာဒိတ်ထားတော်မူသည်ကား၊ နောင်ကာလ၌ ဩတ္တပ္ပစိတ်တွင် သံပူနှင့်ခတ်ခြင်းကိုခံပြီးလျှင်၊ မုသာစကားကို ပြောတတ်သော သူတို့၏ လျှို့ဝှက်ခြင်းအားဖြင့်၊ လူအချို့တို့သည် ယုံကြည်ခြင်းကို စွန့်ပယ်၍၊
Burmese 1928
သို့ ရာ တွင် အိမ် ထောင် မ ပြု ရ ဟူ၍ လည်း ကောင်း၊ အ စာ မျိုး စုံ မ စား ရ ဟူ၍ လည်း ကောင်း မြစ် တား သူ၊ သြ တ္တ ပ္ပ စိတ် ခဲ ယဉ်း စွာ မိ စ္ဆာ ဒိ ဌိ သင် ကြား သူ တို့၏ သီ လ ကြောင် ခြင်း ကြောင့် အ ချို့ တို့ သည် လှည့် စား သော ဝိ ညာဉ် များ နှင့် နတ် ဆိုး တို့ သြ ဝါ ဒ ကို ဂ ရု ပြု သ ဖြင့် နောင် ကာ လ များ တွင် ယုံ ကြည် ခြင်း တ ရား မှ ဖောက် ပြန် ကြ မည့် အ ကြောင်း ဝိ ညာဉ် တော် က အ တည့် အ လင်း ဆင့် ဆို တော် မူ၏။ သ မ္မာ တ ရား ကို သိ ကျွမ်း၍ ယုံ ကြည် သူ တို့ သည် ကျေး ဇူး တော် ကို ချီး မွမ်း လျက် သုံး ဆောင် ကြ ရ စေ ရန် ၎င်း အ စာ မျိုး ကို ဘု ရား သ ခင် ဖန် ဆင်း တော် မူ၏။
Burmese 2021
ဝိညာဉ်တော်သည် အတည့်အလင်း ဗျာဒိတ်ထားတော်မူသည်ကား၊ နောင်ကာလ၌ ဩတ္တပ္ပစိတ်တွင် သံပူနှင့်ခတ်ခြင်းကိုခံပြီးလျှင်၊ မုသားစကားကို ပြောတတ်သော သူတို့၏ လျှို့ဝှက်ခြင်းအားဖြင့်၊ လူအချို့တို့သည် ယုံကြည်ခြင်းကို စွန့်ပယ်၍၊ လှည့်ဖြားတတ်သော စိတ်ဝိညာဉ်တို့၌လည်းကောင်း၊ နတ်ဘုရားတို့နှင့်စပ်ဆိုင်သော ဩဝါဒတို့၌လည်းကောင်း မှီဝဲဆည်းကပ်ကြလိမ့်မည်။-
Burmese JBZV
ဝိညာဥ္ေတာ္သည္ အတည့္အလင္း ဗ်ာဒိတ္ထားေတာ္မူသည္ကား၊ ေနာင္ကာလ၌ ဩတၱပၸစိတ္တြင္ သံပူႏွင့္ခတ္ျခင္းကိုခံၿပီးလၽွင္၊ မုသားစကားကို ေျပာတတ္ေသာ သူတို႔၏ လၽွို႔ဝွက္ျခင္းအားျဖင့္၊ လူအခ်ိဳ႕တို႔သည္ ယုံၾကည္ျခင္းကို စြန္႔ပယ္၍၊ လွည့္ျဖားတတ္ေသာ စိတ္ဝိညာဥ္တို႔၌လည္းေကာင္း၊ နတ္ဘုရားတို႔ႏွင့္စပ္ဆိုင္ေသာ ဩဝါဒတို႔၌လည္းေကာင္း မွီဝဲဆည္းကပ္ၾကလိမ့္မည္။-
Burmese MCLZV
ေနာင္ကာလ၌လူအခ်ိဳ႕တို႔သည္မုသားေျပာ ဆိုသည့္ဝိညာဥ္မ်ား၏စကားကိုနာခံလ်က္ နတ္မိစၧာတို႔၏ၾသဝါဒကိုလိုက္နာကာ မိမိ တို႔၏ယုံၾကည္ျခင္းကိုစြန႔္လႊတ္ၾကလိမ့္မည္ ဟုဝိညာဥ္ေတာ္က အတိအလင္းေဖာ္ျပ ေတာ္မူ၏။-
Burmese MSBU
သို့သော် နောင်လာမည့်အချိန်ကာလများ၌ လူအချို့တို့သည် လှည့်ဖြားသောဝိညာဉ်များနှင့် နတ်ဆိုးတို့၏သွန်သင်ချက်များကို အာရုံစိုက်လျက် ယုံကြည်ခြင်းကိုစွန့်ခွာကြလိမ့်မည်ဟု ဝိညာဉ်တော်သည် အတိအလင်းမိန့်တော်မူ၏။
Burmese MSBZ
သို႔ေသာ္ ေနာင္လာမည့္အခ်ိန္ကာလမ်ား၌ လူအခ်ိဳ႕တို႔သည္ လွည့္ျဖားေသာဝိညာဥ္မ်ားႏွင့္ နတ္ဆိုးတို႔၏သြန္သင္ခ်က္မ်ားကို အာ႐ုံစိုက္လ်က္ ယုံၾကည္ျခင္းကိုစြန႔္ခြာၾကလိမ့္မည္ဟု ဝိညာဥ္ေတာ္သည္ အတိအလင္းမိန႔္ေတာ္မူ၏။