1 Timothy 5:17 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သင်းအုပ်ဆရာအလုပ်ကိုကောင်းစွာလုပ်ဆောင် သူတို့သည် လစာငွေနှစ်ဆခံစားထိုက်သူများ ဖြစ်သည်ဟုမှတ်ယူအပ်၏။ အထူးသဖြင့် တရားဟောခြင်း၊ ဆုံးမသွန်သင်ခြင်းတို့ကို ကြိုးစား၍လုပ်ဆောင်သူများသည်ယင်းသို့ ခံစားထိုက်ပေသည်။-
Burmese 1835 Version Judson
ကောင်းမွန်စွာ အုပ်သောသင်းအုပ်တို့သည် အလှူနှစ်ဆကို ခံထိုက်သောသူဖြစ်သည်ဟူ၍၎င်း၊ တရားဟောခြင်း၊ ဆုံးမဩဝါဒပေးခြင်းအမှုကို ကြိုးစားအားထုတ်သောသူတို့သည်။ အလှူနှစ်ဆကို အထူးသဖြင့် ခံထိုက်သောသူဖြစ်သည်ဟူ၍၎င်း မှတ်ရမည်။
Burmese 1928
စ ပါး နင်း နယ် သော နွား ကို ပါး ချုပ် မ တပ် ရ ဟူ၍ လည်း ကောင်း၊ လုပ် သား သည် အ ခ ရ ထိုက် သည် ဟူ၍ လည်း ကောင်း ကျမ်း ဆို ရှိ သည့် အ တိုင်း ကောင်း မွန် စွာ ဦး ဆောင် သော ဥ က္က ဋ္ဌ၊ အ ထူး သ ဖြင့် ဆို သော် ဟော ပြော မှု၊ သင် ကြား မှု၌ ကြိုး စား အား ထုတ် သော ဥ က္က ဋ္ဌ တို့ ကို နှစ် ဆ ထောက် မ ထိုက် သည် ဟု မှတ် ယူ စေ။
Burmese 2021
ကောင်းမွန်စွာအုပ်သော သင်းအုပ်တို့သည် အလှူနှစ်ဆကို ခံထိုက်သောသူဖြစ်သည် ဟူ၍လည်းကောင်း၊ တရားဟောခြင်း၊ ဆုံးမဩဝါဒပေးခြင်းအမှုကို ကြိုးစားအားထုတ်သောသူတို့သည်၊ အလှူနှစ်ဆကို အထူးသဖြင့် ခံထိုက်သောသူဖြစ်သည် ဟူ၍လည်းကောင်း မှတ်ရမည်။-
Burmese JBZV
ေကာင္းမြန္စြာအုပ္ေသာ သင္းအုပ္တို႔သည္ အလွူႏွစ္ဆကို ခံထိုက္ေသာသူျဖစ္သည္ ဟူ၍လည္းေကာင္း၊ တရားေဟာျခင္း၊ ဆုံးမဩဝါဒေပးျခင္းအမွုကို ႀကိဳးစားအားထုတ္ေသာသူတို႔သည္၊ အလွူႏွစ္ဆကို အထူးသျဖင့္ ခံထိုက္ေသာသူျဖစ္သည္ ဟူ၍လည္းေကာင္း မွတ္ရမည္။-
Burmese MCLZV
သင္းအုပ္ဆရာအလုပ္ကိုေကာင္းစြာလုပ္ေဆာင္ သူတို႔သည္ လစာေငြႏွစ္ဆခံစားထိုက္သူမ်ား ျဖစ္သည္ဟုမွတ္ယူအပ္၏။ အထူးသျဖင့္ တရားေဟာျခင္း၊ ဆုံးမသြန္သင္ျခင္းတို႔ကို ႀကိဳးစား၍လုပ္ေဆာင္သူမ်ားသည္ယင္းသို႔ ခံစားထိုက္ေပသည္။-
Burmese MSBU
ကောင်းစွာစီမံအုပ်ချုပ်နေသောအသင်းတော်အကြီးအကဲများ အထူးသဖြင့် နှုတ်ကပတ်တော်ဝေငှခြင်းနှင့် သွန်သင်ခြင်းတို့အတွက် အားထုတ်လုပ်ဆောင်နေသောအကြီးအကဲများသည် နှစ်ဆသောဂုဏ်ပြုခြင်းကို ခံထိုက်သည်ဟု မှတ်ယူလော့။
Burmese MSBZ
ေကာင္းစြာစီမံအုပ္ခ်ဳပ္ေနေသာအသင္းေတာ္အႀကီးအကဲမ်ား အထူးသျဖင့္ ႏႈတ္ကပတ္ေတာ္ေဝငွျခင္းႏွင့္ သြန္သင္ျခင္းတို႔အတြက္ အားထုတ္လုပ္ေဆာင္ေနေသာအႀကီးအကဲမ်ားသည္ ႏွစ္ဆေသာဂုဏ္ျပဳျခင္းကို ခံထိုက္သည္ဟု မွတ္ယူေလာ့။