2 Chronicles 13:11 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သူတို့သည်နံနက်တိုင်း၊ ညနေတိုင်း၊ နံ့သာပေါင်း နှင့်တစ်ကောင်လုံးမီးရှို့ရာယဇ်များကိုထာဝရ ဘုရားအားပူဇော်ကြသည်။ ဘာသာရေးထုံးနည်း အရသန့်စင်သည့်စားပွဲပေါ်တွင်ရှေ့တော်မုန့်ကို ပူဇော်ကြ၏။ ညနေတိုင်းရွှေမီးတင်ခုံများပေါ် ရှိမီးခွက်များကိုထွန်းညှိကြ၏။ ငါတို့သည် ထာဝရဘုရား၏အမိန့်တော်ကိုလိုက်နာ ကြ၏။ သင်တို့မူကားကိုယ်တော်ကိုစွန့်ပယ် ကြလေပြီ။-
Burmese 1835 Version Judson
ထာဝရဘုရားရှေ့တော်၌၊ မီးရှို့ရာယဇ်နှင့် နံ့သာပေါင်းကို နံနက်တိုင်း၊ ညဦးတိုင်းမီးရှို့ကြ၏။ သန့်ရှင်းသော စားပွဲပေါ်မှာ ရှေ့တော်မုန့်ကို၎င်း၊ ညဦး တိုင်းထွန်းစရာဘို့ရွှေမီးခုံနှင့် မီးခွက်တို့ကို၎င်း ပြင်ဆင်ကြ ၏။ ငါတို့သည် ငါတို့၏ဘုရားသခင် ထာဝရဘုရား၏ အမှုတော်ကို စောင့်ကြ၏။ သင်တို့မူကား၊ ထာဝရဘုရား ကို စွန့်ကြပြီ။
Burmese 1928
ထာ ဝ ရ ဘု ရား ထံ၊ မီး ရှို့ ရာ သ က္ကာ နှင့် နံ သာ ပေါင်း အ သင်း အ ထုံ ကို၊ နံ နက် တိုင်း၊ ညဉ့် ဦး တိုင်း၊ ပူ ဇော် ခြင်း၊ ရွှေ စင် စား ပွဲ ပေါ် တွင် ရှေ့ တော် တင် မုန့် ကို ခင်း ကျင်း ခြင်း၊ ညဉ့် ဦး တိုင်း၊ ထွန်း ရ သော ရွှေ မီး ခုံ ဆိုင် ရာ မီး ခွက် များ ကို ပြင် ဆင် ခြင်း များ ဖြင့်၊ သင် တို့ စွန့် ခွာ သော ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ အ မိန့် တော် ကို ကျိုး နွံ လျက် နေ ကြ ပါ ၏။
Burmese 2021
ထာဝရဘုရားရှေ့တော်၌၊ မီးရှို့ရာယဇ်နှင့် နံ့သာပေါင်းကို နံနက်တိုင်း၊ ညဉ့်ဦးတိုင်းမီးရှို့ကြ၏။ သန့်ရှင်းသော စားပွဲပေါ်မှာ ရှေ့တော်မုန့်ကိုလည်းကောင်း၊ ညဉ့်ဦးတိုင်းထွန်းစရာဖို့ ရွှေမီးခုံနှင့် မီးခွက်တို့ကိုလည်းကောင်း ပြင်ဆင်ကြ၏။ ငါတို့သည် ငါတို့၏ ဘုရားသခင် ထာဝရဘုရား၏အမှုတော်ကို စောင့်ကြ၏။ သင်တို့မူကား၊ ထာဝရဘုရားကို စွန့်ကြပြီ။
Burmese JBZV
ထာဝရဘုရားေရွ႕ေတာ္၌၊ မီးရွို႔ရာယဇ္ႏွင့္ နံ့သာေပါင္းကို နံနက္တိုင္း၊ ညဥ့္ဦးတိုင္းမီးရွို႔ၾက၏။ သန္႔ရွင္းေသာ စားပြဲေပၚမွာ ေရွ႕ေတာ္မုန္႔ကိုလည္းေကာင္း၊ ညဥ့္ဦးတိုင္းထြန္းစရာဖို႔ ေရႊမီးခုံႏွင့္ မီးခြက္တို႔ကိုလည္းေကာင္း ျပင္ဆင္ၾက၏။ ငါတို႔သည္ ငါတို႔၏ ဘုရားသခင္ ထာဝရဘုရား၏အမွုေတာ္ကို ေစာင့္ၾက၏။ သင္တို႔မူကား၊ ထာဝရဘုရားကို စြန္႔ၾကၿပီ။
Burmese MCLZV
သူတို႔သည္နံနက္တိုင္း၊ ညေနတိုင္း၊ နံ့သာေပါင္း ႏွင့္တစ္ေကာင္လုံးမီးရွို႔ရာယဇ္မ်ားကိုထာဝရ ဘုရားအားပူေဇာ္ၾကသည္။ ဘာသာေရးထုံးနည္း အရသန႔္စင္သည့္စားပြဲေပၚတြင္ေရွ႕ေတာ္မုန႔္ကို ပူေဇာ္ၾက၏။ ညေနတိုင္းေရႊမီးတင္ခုံမ်ားေပၚ ရွိမီးခြက္မ်ားကိုထြန္းညႇိၾက၏။ ငါတို႔သည္ ထာဝရဘုရား၏အမိန႔္ေတာ္ကိုလိုက္နာ ၾက၏။ သင္တို႔မူကားကိုယ္ေတာ္ကိုစြန႔္ပယ္ ၾကေလၿပီ။-
Burmese MSBU
နံနက်တိုင်း၊ ညနေတိုင်း ထာဝရဘုရားထံမီးရှို့ရာယဇ်နှင့် အမွှေးနံ့သာတို့ကို ပူဇော်ကြ၏။ သန့်ရှင်းသောစားပွဲပေါ်တွင် ရှေ့တော်မုန့်ကို တင်ထားပြီး ညနေတိုင်း ရွှေဆီမီးခုံမှ မီးခွက်တို့၌ မီးကိုထွန်းထား၏။ ငါတို့သည် ငါတို့ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်အတိုင်း လိုက်နာကြသော်လည်း သင်တို့မူကား ဘုရားသခင်ကို စွန့်ပယ်ကြပြီ။
Burmese MSBZ
နံနက္တိုင္း၊ ညေနတိုင္း ထာဝရဘုရားထံမီးရႈိ႕ရာယဇ္ႏွင့္ အေမႊးနံ႔သာတို႔ကို ပူေဇာ္ၾက၏။ သန႔္ရွင္းေသာစားပြဲေပၚတြင္ ေရွ႕ေတာ္မုန႔္ကို တင္ထားၿပီး ညေနတိုင္း ေ႐ႊဆီမီးခုံမွ မီးခြက္တို႔၌ မီးကိုထြန္းထား၏။ ငါတို႔သည္ ငါတို႔ဘုရားသခင္ထာဝရဘုရား၏အမိန႔္ေတာ္အတိုင္း လိုက္နာၾကေသာ္လည္း သင္တို႔မူကား ဘုရားသခင္ကို စြန႔္ပယ္ၾကၿပီ။