2 Chronicles 14:11 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အင်​အား​ကြီး မား​သော​တပ်​ကို​ကူ​မ​တော်​မူ​နိုင်​သည့်​နည်း တူ အင်​အား​နည်း​သော​တပ်​ကို​လည်း​ကူ​မ​တော် မူ​နိုင်​ပါ​၏။ အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​ကို အား​ကိုး​လျက်​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ဤ ကြီး​မား​လှ​သော​တပ်​မ​တော်​ကို​တိုက်​ခိုက် ရန်​ထွက်​ခဲ့​ကြ​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​အား​အ​ဘယ် သူ​မျှ​မ​နှိမ်​နင်း​နိုင်​ပါ'' ဟု​ပတ္ထနာ​ပြု​တော် မူ​၏။
Burmese 1835 Version Judson
အာသသည် မိမိဘုရားသခင် ထာဝရဘုရား အား ဟစ်ခေါ်၍၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် လူများတို့တွင် အားနည်းသောသူကို ကယ်တက်ခြင်းငှါ တတ်နိုင်တော်မူသည်ဖြစ်၍၊ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရား၊ ကယ်တင်တော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုခိုလှုံ၍ နာမတော်ကိုအမှီပြုလျက်၊ ဤအလုံး အရင်းကြီးကို တိုက်ခြင်းငှါ သွားပါ၏။ ဘိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူ ၏။ လူသည် ကိုယ်တော်ကိုနိုင်စေသော အခွင့်ရှိစေတော် မမူပါနှင့်ဟု ဆုတောင်းသည်ဖြစ်၍၊
Burmese 1928
ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ ဟစ် လျက်၊ အို ထာ ဝ ရ ဘု ရား၊ အ လုံး အ ရင်း ကြီး နှင့် အား နည်း သူ တို့ ကြား တွင်၊ ကိုယ် တော် မှ တစ် ပါး ထောက် မ သူ မ ရှိ ပါ။ အ ကျွန်ုပ် တို့ ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၊ ကိုယ် တော် ကို ကိုး စား လျက်၊ နာ မ တော် ဖြင့် ဤ အ လုံး အ ရင်း ကြီး အား၊ တိုက် ခိုက် ရန် ချီ လာ သော အ ကျွန်ုပ် တို့ ကို ထောက် မ တော် မူ ပါ။ အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် အကျွန်ုပ် တို့ ဘု ရား သ ခင် ပေ တည်း။ လူ မျှ သာ ဖြစ် သော ရန် သူ တော် အား အောင် နိုင် ခွင့် ပြု တော် မ မူ ပါ လင့် ဟု တောင်း လျှောက် သည့် အ တိုင်း၊
Burmese 2021
အာ​သ​သည် မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​ဟစ်​ခေါ်၍၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် လူ​များ​တို့​တွင် အား​နည်း​သော​သူ​ကို ကယ်​တင်​ခြင်း​ငှာ တတ်​နိုင်​တော်​မူ​သည်​ဖြစ်၍၊ အို​အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကယ်​တင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို​ခို​လှုံ၍ နာ​မ​တော်​ကို​အ​မှီ​ပြု​လျက်၊ ဤ​အ​လုံး​အ​ရင်း​ကြီး​ကို တိုက်​ခြင်း​ငှာ သွား​ပါ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ လူ​သည် ကိုယ်​တော်​ကို​နိုင်​သော​အ​ခွင့် ရှိ​စေ​တော်​မ​မူ​ပါ​နှင့်​ဟု ဆု​တောင်း​သည်​ဖြစ်၍၊
Burmese JBZV
Burmese MCLZV
Burmese MSBU
ထို့နောက် အာသ​မင်းကြီး​သည် ဘုရားသခင်​ထာဝရဘုရား​ထံ အော်ဟစ်​လျက် “​အို ထာဝရဘုရား​၊ အားကြီး​သူ​ကို​တွန်းလှန်​နိုင်​ရန် အားနည်းသူ​ကို ကူညီ​နိုင်​သော​အရှင်​သည် ကိုယ်တော်​မှလွဲ၍ မ​ရှိ​ပါ​။ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ အကျွန်ုပ်​တို့​ကို ကယ်မ​တော်မူ​ပါ​။ ကိုယ်တော်​ကို အကျွန်ုပ်​တို့ ကိုးစား​ပါ​၏​။ အကျွန်ုပ်​တို့​သည် ဤ​လူအလုံးအရင်း​ကြီး​ကို​တိုက်ခိုက်​ရန် ကိုယ်တော်​၏​နာမ​တော်​ကို​စွဲကိုင်​လျက် လာ​ပါ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​တို့​၏​ဘုရားသခင် ဖြစ်​တော်မူ​ပါ​၏​။ ဤ​လူ​တို့​သည် ကိုယ်တော်​ကို အနိုင်​မ​ရ​ပါစေ​နှင့်​”​ဟု ဆုတောင်း​လေ​၏​။
Burmese MSBZ