2 Chronicles 20:6 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
``အို အကျွန်ုပ်တို့ဘိုးဘေးများ၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည်ကောင်းကင်ဘုံ တွင်စံတော်မူ၍ ကမ္ဘာပေါ်ရှိလူမျိုးတကာတို့ ကိုအုပ်စိုးတော်မူပါ၏။ ကိုယ်တော်သည်တန်ခိုး အာနုဘော်ပြည့်စုံတော်မူသဖြင့်အဘယ် သူမျှကိုယ်တော်အားအတိုက်အခံမပြု နိုင်ပါ။-
Burmese 1835 Version Judson
ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင် ဖြစ်တော်မူသည် မဟုတ်လော့။ တပါးအမျိုးသားနေရာ တိုင်းနိုင်ငံရှိသမျှတို့ကို အစိုးရတော်မူသည် မဟုတ်လော။ အဘယ်သူမျှ မဆီးတားနိုင်အောင် ခွန်အားတန်ခိုး ကြီးတော်မူသည်မဟုတ်လော။
Burmese 1928
အို ဘိုး ဘေး တို့ ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည်၊ မိုး ကောင်း ကင် ကို စိုး ပိုင် လျက်၊ လူ မျိုး တို့ တိုင်း နိုင် ငံ ဟူ သ မျှ ကို အုပ် စိုး တော် မူ သော ဘု ရား ဖြစ် တော် မူ သည် မ ဟုတ် ပါ လော။ မည် သူ မျှ မ တန့် စား နိုင် သော လက် ရုံး တန် ခိုး ရှိ တော် မူ ပါ ၏။
Burmese 2021
ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ကောင်းကင်ဘုံ၏အရှင် ဘုရားသခင် ဖြစ်တော်မူသည် မဟုတ်လော။ တစ်ပါးအမျိုးသားနေရာ တိုင်းနိုင်ငံရှိသမျှတို့ကို အစိုးရတော်မူသည် မဟုတ်လော။ အဘယ်သူမျှ မဆီးတားနိုင်အောင် ခွန်အားတန်ခိုး ကြီးတော်မူသည် မဟုတ်လော။
Burmese JBZV
ဘိုးေဘးတို႔၏ ဘုရားသခင္ ထာဝရဘုရား၊ ကိုယ္ေတာ္သည္ ေကာင္းကင္ဘုံ၏အရွင္ ဘုရားသခင္ ျဖစ္ေတာ္မူသည္ မဟုတ္ေလာ။ တစ္ပါးအမ်ိဳးသားေနရာ တိုင္းနိုင္ငံရွိသမၽွတို႔ကို အစိုးရေတာ္မူသည္ မဟုတ္ေလာ။ အဘယ္သူမၽွ မဆီးတားနိုင္ေအာင္ ခြန္အားတန္ခိုး ႀကီးေတာ္မူသည္ မဟုတ္ေလာ။
Burmese MCLZV
``အို အကၽြန္ုပ္တို႔ဘိုးေဘးမ်ား၏ဘုရားသခင္ ထာဝရဘုရား၊ ကိုယ္ေတာ္သည္ေကာင္းကင္ဘုံ တြင္စံေတာ္မူ၍ ကမၻာေပၚရွိလူမ်ိဳးတကာတို႔ ကိုအုပ္စိုးေတာ္မူပါ၏။ ကိုယ္ေတာ္သည္တန္ခိုး အာႏုေဘာ္ျပည့္စုံေတာ္မူသျဖင့္အဘယ္ သူမၽွကိုယ္ေတာ္အားအတိုက္အခံမျပဳ နိုင္ပါ။-
Burmese MSBU
“ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် ကောင်းကင်ဘုံတွင်စံမြန်း၍ လူမျိုးတကာတို့နေထိုင်ရာတိုင်းနိုင်ငံအလုံးစုံကို အုပ်စိုးပိုင်သတော်မူသည်မဟုတ်လော။ ကိုယ်တော်၏လက်တော်၌ အစွမ်းသတ္တိတန်ခိုး ရှိတော်မူသည်ဖြစ်၍ ကိုယ်တော်နှင့်ဆန့်ကျင်လျှင် မည်သူမျှမခံမရပ်နိုင်ပါ။
Burmese MSBZ
“ဘိုးေဘးတို႔၏ဘုရားသခင္ထာဝရဘုရား၊ ကိုယ္ေတာ္သည္ ေကာင္းကင္ဘုံတြင္စံျမန္း၍ လူမ်ိဳးတကာတို႔ေနထိုင္ရာတိုင္းႏိုင္ငံအလုံးစုံကို အုပ္စိုးပိုင္သေတာ္မူသည္မဟုတ္ေလာ။ ကိုယ္ေတာ္၏လက္ေတာ္၌ အစြမ္းသတၱိတန္ခိုး ရွိေတာ္မူသည္ျဖစ္၍ ကိုယ္ေတာ္ႏွင့္ဆန႔္က်င္လွ်င္ မည္သူမွ်မခံမရပ္ႏိုင္ပါ။