2 Chronicles 21:19 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ထို​ရော​ဂါ​သည်​နှစ်​နှစ်​နီး​ပါး​မျှ​တစ်​နေ့ တစ်​ခြား​ပို​မို​ဆိုး​ရွား​လာ​ပြီး​လျှင် နောက်​ဆုံး ၌​မင်း​ကြီး​သည်​ပြင်း​ပြ​သော​ဝေ​ဒ​နာ​နှင့် ကွယ်​လွန်​လေ​၏။ ပြည်​သူ​တို့​သည်​သူ​၏​ဘိုး ဘေး​တို့​အ​တွက်​မီး​ပုံ​ပွဲ​များ​ပြု​သ​ကဲ့​သို့ သူ့​အ​တွက်​မ​ပြု​ကြ။
Burmese 1835 Version Judson
ရှင်ဘုရင်သည် တာရှည်စွာနာ၍၊ နှစ်နှစ်စေ့ သောအခါ၊ အနာပြင်းထန်သောကြောင့်၊ အူထွက်၍ အသက်ချုပ်လေ၏။ ပြည်သားတို့ သည်ဘိုးတော် ဘေးတော်တို့အဘို့ မီးရှို့ခြင်းကိုပြုသကဲ့သို့၊ ထိုမင်း အဘို့မပြု။
Burmese 1928
စွဲ ရောက် သော ဘေး ရော ဂါ ကြောင့် အူ ထွက်၍ ဘု ရင် မင်း ကွယ် လွန် သော်၊ ပြည် သူ ပြည် သား တို့ သည်၊ ပြည် မ ကြိုက် သော ထို မင်း အ လောင်း ကို၊ ဘေး တော် ဘိုး တော် တို့ အ ဖို့၊ မီး ပွဲ သ ဘင် ကျင်း ပ သ ကဲ့ သို့ မ ကျင်း ပ ဘဲ၊ ဒါ ဝိဒ် မြို့ တော် ၌ စျာ ပ န ပြု သော် လည်း၊ သင်္ချိုင်း တော် တွင် မ ပြု ကြ ချေ။ အိမ် နိမ့် သုံး ဆယ့် နှစ် နှစ် ရှိ မှ၊ နန်း တက် သော ယ ဟော ရံ မင်း သည်၊ ယေ ရု ရှ လင် မြို့၌၊ ရှစ် နှစ် သာ နန်း စံ ရ သ တည်း။
Burmese 2021
ရှင်​ဘု​ရင်​သည် တာ​ရှည်​စွာ​နာ၍၊ နှစ်​နှစ်​စေ့​သော​အ​ခါ၊ အ​နာ​ပြင်း​ထန်​သော​ကြောင့်၊ အူ​ထွက်၍ အ​သက်​ချုပ်​လေ၏။ ပြည်​သား​တို့​သည် ဘိုး​တော်​ဘေး​တော်​တို့​အ​ဖို့ မီး​ရှို့​ခြင်း​ကို​ပြု​သ​ကဲ့​သို့၊ ထို​မင်း​အ​ဖို့​မ​ပြု။
Burmese JBZV
Burmese MCLZV
Burmese MSBU
နေ့စဉ်ရက်ဆက်​ဝေဒနာ​ခံစား​ရ​ပြီး နှစ်​နှစ်​ကြာ​သောအခါ ထို​အနာရောဂါ​ကြောင့် အူ​များ​ထွက်ကျ​လာ​၍ ပြင်းစွာ​သော​ဝေဒနာ​ကို​ခံစား​ရင်း အနိစ္စရောက်​သွား​၏​။ ဘိုးဘေး​တို့​အား မီးပွဲသဘင်​ကို ခမ်းနား​စွာ​ကျင်းပ​ပေး​သကဲ့သို့ သူ့​ပြည်သား​တို့​သည် သူ့​ကို မ​ပြု​ပေး​ကြ​ချေ​။
Burmese MSBZ